Unicode....
"မင်းကိုကိုကိုယ်ပါ တစ်ခါတည်းလိုက်ခဲ့ဖို့ခေါ်လိုက်လေ"
"အဲ့လိုဖြစ်လား"
"ငါကမင်းမဖြစ်မှာပဲဆိုးရိမ်နေတာ ငါတို့ကအကုန်ပတ်ဆော့မှာ မင်းပဲယောင်တောင်တောင်ဖြစ်နေမှာဆိုးတာ"
"အွန်း~ငါမေးကြည့်လိုက်အုန်းမယ်"
ဒီနေ့အတန်းချိန်မရှိတာမို့ မင်ဂုတစ်ယောက်အပြင်သွားဖို့ရာ လုံးပန်းနေသည်ကို သူမသိချင်ယောင်ဆောင်လို့မရတော့သည့်အဆုံး လိုက်ခဲ့ရန်သဘောတူလိုက်ရတော့သည်။
Ring...Ring...Ring...
"Hello ကလေးလေး"
"ကိုကိုအားလားဟင်"
"အွန်းအားပါတယ် ဘာဖြစ်လို့လဲ"
"ဟိုလေ~~~ဟို"
တစ်ဖက်ကဖုန်းကိုင်ထားပေမယ့် ကျန်သည့်လက်တစ်ဖက်ကဂုတ်ပိုးကိုပင်ပွတ်သပ်ကာ ယူဂျင်းတွေဝေနေမိသည် ကိုကို့ကိုဘယ်လိုပြောရမှာပါလိမ့်။
"ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော"
"ကိုကိုအားရင်လေ သားတို့နဲ့အပြင်လိုက်ခဲ့ပါ့လားဟင်"
"အပြင်ကိုလား ကလေးေလးကဘယ်သူနဲ့သွားမှာလဲ"
"အခန်းအတူတူကျတဲ့သူငယ်ချင်းနဲ့ပါ သူ့သူငယ်ချင်းတွေလဲပါတယ်လေ အဲ့ဒါကြောင့်"
"ကလေးေလးသွားချင်လို့လား"
"သားငြင်းပါသေးတယ် ခဏခဏခေါ်တိုင်းငြင်းနေရတော့ အားနာလို့"
"အင်း အခုကိုယ့်လာခဲ့မယ်"
ကိုကိုဖုန်းချပြီးတာနဲ့ ယူဂျင်းမင်ဂုဆီကိုပြန်သွားလိုက်ကာ။
"ကိုကိုကသူလာခဲ့မယ်တဲ့"
"မင်းမပြောလဲငါကသိပြီးသား လိုက်ခဲ့မယ်ဆိုတာ"
မင်ဂုစကားကြောင့် ယူဂျင်းခဏတာငြိမ်သွားပြီးမှ။
"ဘာလို့လဲ"
"ဒူလိုက်တာ မင်းချစ်ချစ်ကြီးကမင်းကိုအပြင်သွားတာ ဘယ်လို့စိတ်ချမှာလဲ"
အသံကျယ်ကျယ်နဲ့ နီးနီးနားနားလေးကိုအော်ပြောနေသည့် မင်ဂုကြောင့် ယူဂျင်းမင်ဂုပါးစပ်ကို လက်ဖြင့်လှမ်းအုပ်လိုက်၍။
YOU ARE READING
အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}
Fanfiction၉၉၈၃၄ ၉၉ 𝙺𝚒𝚖 𝙶𝚢𝚞𝚅𝚒𝚗 ♡ 𝙷𝚊𝚗 𝚈𝚞𝙹𝚒𝚗 𝑺𝒕𝒂𝒓𝒕 𝑫𝒂𝒕𝒆~22.5.23 𝑬𝒏𝒅 𝑫𝒂𝒕𝒆~