𝐺𝑦𝑢𝐽𝑖𝑛18

376 69 0
                                    

Unicode....

"အဟင့် အဟင့် ဟင့်"

"သားငယ်လေးရယ် မာမီတို့ဆေးခန်းသွားကြမယ်လေ"

"ဟင့်အင်းမသွားချင်ဘူးအဟင့်"

"မသွားပဲ ဒီတိုင်းငိုနေတော့မှာလား ဒီကလေးနဲ့လေတကယ်ပါပဲ "

ယူဗင်းမနက်ကတည်းက ကလေးလေးအိမ်ဘက်ကိုမလာတာမို့ ဖုန်းဆက်ကြည့်တော့လဲစက်ပိတ်ထားသည်ကြောင့် တစ်ဖက်အိမ်သို့သာကူးလာလိုက်ရတော့သည်၊ အိမ်ထဲရောက်တာနဲ့ အန်တီနဲ့ကလေးလေးမတွေ့တာမို့ သူအပေါ်ထပ်ကိုတက်လာလိုက်တော့ ကလေး‌ေလးအခန်းထဲက ကလေးလေး၏ဂျီကျသံနဲ့အန်တီရဲ့ချော့မြူသည့်အသံတွေကိုကြားရတော့သည်။

"အန်တီကလေးလေးဘာဖြစ်လို့လဲ"

"ဟောသားယူ‌ဗင်း ဒီမှာလေမင်းညီမနက်ထဲက
သွားကိုက်တယ်ဆိုပြီး ကုတင်ပေါ်မှာဖင်ထောင်ပြီး အော်ငိုနေဝာာ ဆေးခန်းသွားရအောင်ဆိုတော့လဲ အကြောက်အကန်ငြင်းပြီးဂျီကျနေတာ ကလေးလေးကျနေတာပဲ"

"သားကလေးလေးမဟုတ်ပါဘူးဆို"

"အဲ့ဒါဆိုဘာလို့ငိုတာ‌လဲပြော"

"သွားကကိုက်တာကိုး ငိုမှာပေါ့ Ommaမှအကိုက်မခံရတာ ကိုက်ခံကြည့်ပါ့လား သားထက်တောင်ပိုဆိုးအုန်းမယ်"

"တွေ့လားတွေ့လား မအေကိုတစ်ခွန်းမခံပြောနေတာ"

ပြောလဲပြော ကလေးလေးပေါင်အားလှမ်းရိုက်လိုက်သည့် အန်တီကြောင့် ထိုကလေးကပို၍ငိုလာတော့သည်။

"အီးးဟီးး"

အန်တီရိုက်လိုက်သည့် ပေါင်အားပွတ်ကာငိုနေသည့်ကလေးလေး၏မျက်ခုံးနှင့်မျက်လုံးနှာခေါင်းတို့ဟာ ချက်ခြင်းပင်နီမြန်းလာသည်။

"ကဲယူဂျင်း မင်းကိုမအေပြောနေတယ်ဆေးခန်းသွားမယ်ထ"

"မသွားပါဘူးဆိုOmmaကလဲ"

ဂျစ်တိုက်နေသည့်ကလေးလေးကြောင့် ယူဗင်းကြားကနေပဲဝင်ပြောရတော့သည်။

"အန်တီအလုပ်သွားရမှာမလား စိတ်ဖြောင့်ဖြောင့်နဲ့သွားပါ သားဆေးခန်းလိုက်ပို့လိုက်ပါ့မယ်"

"အင်းသားရယ်အလုပ်ကလဲမသွားလို့မရဘူး ဒီနေ့အထည်အသစ်တွေရောက်မှာမို့ မင်းဟာလေးက ပြောမရဆိုမရလေး ဆေးခန်းလိုက်ပို့လို့တောင်ရပါ့မလားမသိဘူး"

အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}Where stories live. Discover now