𝐺𝑦𝑢𝐽𝑖𝑛10

566 95 0
                                    

Unicode...

"ယူဂျင်းဒီနေ့အတန်းတက်မှာလား"

မှတ်စုစာအုပ်ထည့်နေရင်းသူ့ကို အဝေးကနေလှမ်းပြောနေသည့်မင်ဂု။

"အင်းတက်မှာလေ ဘာဖြစ်လို့လဲ"

"ငါတို့ဒီနေ့အတန်းလစ်ကြမလို့ မင်းပါလိုက်ခဲ့ပါ့လား"

"မလိုက်တော့ဘူး ဒီနေ့အတန်းကပျက်လို့မဖြစ်ဘူး"

"မင်းကခေါ်လိုက်ရင် အမြဲတမ်းအဲ့လိုကြီးပဲ ဒါနဲ့ပိတ်ရက်ကြမင်းအိမ်ပြန်မှာလား ငါ့တို့အဖွဲ့ကတော့မပြန်ဖြစ်ဘူး"

ယူဂျင်းစဉ်းစားမိသည် ပိတ်ရက်ကြအိမ်မပြန်လို့မဖြစ် ကိုကိုကသူ့ကိုလာခေါ်မှာအသေချာပင် နောက်ပြီး သူ့လဲအပြင်သွားရတာသိပ်မကြိုက်တာကြောင့်။

"ငါ~~~~~"

"တစ်ခါတစ်လေ ငါတို့နဲ့လိုက်ခဲ့ဖူးတယ်ရှိအောင်လိုက်ခဲ့စမ်းပါကွာ ပြီးတော့ဒီလိုချိန်ပဲဒီလိုလုပ်ခွင့်ရှိတာနော်"

သူ့စကားကိုဖြတ်ပြောလာသည့် မင်ဂုကြောင့် လွယ်အိတ်ကိုယူ၍ မင်ဂုဆီသို့သာလျှောက်လာလိုက်ပြီး ပုခုံးကိုအသာပုတ်ကာ။

"နောက်တစ်ခါမှပေါ့ကွာ"

"ဟျောင့်!နောက်တစ်ခါဆို တကယ်လိုက်ပါစေနော်မဟုတ်ရင် မင်းမလွယ်ဘူးဟျောင့်!"

မင်ဂုကိုပြောပြီးတာနဲ့ အခန်းထဲကထွက်လာသည့်သူ့ကို မင်ဂုအ‌ေဝးကနေလှမ်းအော်ပြောသည်ကိုသူ့ကြားပါသည်၊‌ေကျာင်းဆောင်ကတစ်ခန်းကိုယောင်္ကျားလေးနှစ်ယောက်နေရသည်မို့ သူမင်ဂုနဲ့ကျတာမဆိုးဘူးလို့ပြောရမည် ဒီကောင်ကပေါတောတောနေတတ်ပေမယ့် အပေါင်းအသင်းကတော့သူ့လိုမဟုတ်တစ်အားများသလို လေလုံးကလဲကြီးပြီး စကားကလဲအရမ်းများသေး၏ ဒါပေမယ့် စိတ်ရင်းကတော့ကောင်းရှာသည်။

"ကလေးလေး"

"ဟင် ကိုကိုဘယ်ကနေဘယ်လိုဖြစ်လို့"

ကျောင်းအဆောင်အတွင်း ဝင်ချင်တဲ့လူတိုင်းဝင်လို့မရသည်ကြောင့် ကိုကို့ကိုကျောင်းဝန်းထဲမှာမြင်ရသည်မို့ သူမှာအံ့ဩရ‌ေသးသည်။

"ကိုယ့်ကမနက်အ‌စောကြီးထဲက ကလေး‌ေလးကိုစောင့်နေတာ ထွက်မလာသေးလို့ အဲ့ဒါဒီမှာကျတဲ့ကိုယ့်အသိဆရာတစ်‌ေယာက်က ကိုယ့်ကိုအပြင်မှာတွေ့တာနဲ့ခေါ်လာတာ"

အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}Where stories live. Discover now