𝐺𝑦𝑢𝐽𝑖𝑛22

386 56 0
                                    

Unicode.....

ကလေးလေးနဲ့ဆိုင်ထဲအတူတူဝင်လာကာ ဆိုဂျူမှာသည်မို့ ဆိုင်ရှင်အန်တီကြီးက ကလေး‌‌ေလးကိုသေချာကြည့်၍ အသက်မပြည့်သေးရင် ရောင်းလို့မရဘူးဆိုသည်ကြောင့် သူ့မှာကလေးကိုကြည့်လိုက်တော့လဲ နူတ်ခမ်းအနည်းငယ်ဆူလာ‌ေနပြီမို့ သူ့မှာဆိုင်ရှင်ကိုအသက်ပြည့်‌ေကြာင်းမနည်းပြောရသေးသည် အခုတော့။

"အေ့!"

"ကလေးလေးတော်ပြီ မသောက်နဲ့တော့"

"ဟင့်~အင်း~သောက်~မှာ"

စကားတစ်လုံးနဲ့တစ်လုံးသံကြိုးရိုက်နေပြီဖြစ်ပေမယ့် သောက်အုန်းမှာဆိုသည့်ကလေး‌ေလးက စကားနဲ့အတူ ပုလင်းထဲကထပ်ထည့်နေသည်မို့ ယူဗင်းအမြန်ပင်ပုလင်းအားဆွဲယူထားလိုက်ရတော့သည်။

"ပြန်~~ပေး"

"ကလေးလေးတော်ပြီ ပြန်မယ်"

"ဟင့်~အင်း~ပြန်ပူး"

အရှေ့ကအမူးသမားလေးကြောင့် ယူဗင်းကလေး‌ေလးကိုဆိုင်ထဲကအမြန်ပင် ဆွဲခေါ်လာရတော့သည်။

"ပြန်ပူးဆို~လွှတ်~လွှတ်"

လက်ဖြင့်ပုခုံးကိုထိန်း၍ကိုင်ထားသည်ကို သူ့ပုခံုးကိုကိုင်ထားသည့်ယူဗင်းလက်ကို တစ်ဖတ်ဖတ်ရိုက်ကာပြောလာခြင်းဖြစ်သည်။

"ကလေးလေး ကိုယ့်ပြောတာနားထောင်အုန်း ခုနကကအန်တီယွန်းဟွာကဖုန်းဆက်တယ်"

"အဲ့ဒါဘယ်သူလဲ"

ဆိုဂျူးသောက်ပြီး အမေ‌ဖြစ်သူကိုပါမေ့သွားသည့် ကလေးလေးကိုကြည့်ကာ ယူဗင်းနားမလည်နိုင်‌ေတာ့။ နောက်တစ်ခါသောက်မယ်လို့ပြောရင် ယူဗင်းကလေးလေးကိုအလိုလိုက်လို့မ‌ဖြစ်တော့။

"ကလေးလေးရဲ့Omma"

ထိုအခါမှ။

"အာာာ Omma Ommaဆီပြန်မယ်"

"ဟုတ်ပြီကိုယ်နဲ့အိမ်ပြန်ကြမယ်နော်"

ကလေးလေးကို ကားနားရောက်သည့်ထိ ယူဗင်းတွဲလာခဲ့လိုက်သည် ပြသနာကကားပေါ်တက်ခိုင်းရာမှဇာတ်လမ်းစတော့သည်။

"တက်လေကလေး‌ေလးရဲ့"

ကားပေါ်တင်တော့လဲ မတက်ဘူးဆိုကာ ခြေကန်ရုန်းနေ‌သည့်ကလေးလေးကြောင့် ယူဗင်းခေါင်းစားရတော့သည်။

အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}Where stories live. Discover now