𝐺𝑦𝑢𝐽𝑖𝑛2

869 135 0
                                    

Unicode...

ညနေစောင်းထဲကသင်လိုက်ရသည့် စာတွေကြောင့် သူ့ရဲ့ခေါင်းတွေပင်ပူထူလာရသည် သို့သော်ငြားတွက်စာတွေနားမလည်မချင်းမအိပ်ရဘူးဆိုကာပြောလာပြန်သည့်ကိုကိုကြောင့် ည11ကျော်သည့်ထိပင် စားပွဲခုံထပ်၌စာတွက်နေရသည်၊ ခုလဲစာအုပ်ပိတ်လိုက်တာနဲ့မျက်လုံးတွေကလုံးဝဟန်မဆောင်နိုင်အောင်မှိတ်ကျနေပြီမို့ ကိုယ့်လက်ပင်မသန့်စင်နိုင်တော့ပဲ ကုတင်ပေါ်ဒိုင်ပင်ထိုးချကာအိပ်လိုက်တော့သည်။

တစ်ရေးနိုးသည်နှင့် သူ့ခန္ဓာကိုယ်ကိုချုပ်တည်းကာဖက်ထားသည့် ကိုကို့ကြောင့်နိုးလာရသည်ဆိုပို၍မှန်ပါလိမ့်မည်။

သူ့ရဲ့ခါးပေါ်က ကိုကို့လက်ကိုဖယ်ချလိုက်တော့ ကိုကိုလက်ကထပ်မံသူ့ခါးထပ်သို့သာလည်ကျလာသည်နှင့်ပို၍တင်းကြပ်စွာဖက်လာသည်ကြောင့် သူ့အသက်ပင်ပြင်းပြင်းမရှူရဲပါ ဘာလို့ဆို သူ့အသက်ရှူလိုက်တိုင်းကိုကိုမျက်နှာကိုဒါရိုက်ထိရိုက်နေလိုပင်။

"ဟိုဘက်တိုး ကိုကိုမဖက်ပါနဲ့ဆို"

ကိုကို့ရင်ဘတ်ကိုတွန်းကာပင် ဆိုလိုက်တော့မှ မှိတ်နေသည့်ကိုကိုမျက်လုံးမျက်လုံးတွေ ပွင့်လာသည်ကြောင့်။

"လွှတ်ပေးအုန်း"

သူမျက်လုံးဖွင့်လိုက်တာနဲ့ ခေါင်းကိုအ‌နောက်သို့ယိုင်ထားပြီးခပ်တိုးတိုးရေရွတ်လာသည့်ကလေးငယ်၏ စကားသံကြောင့်။

"အိပ်တော့"

လွှတ်ပေးခြင်းမရှိပဲ ပို၍နီးကပ်အောင်ဆွဲဖက်လာပြီး ခပ်ပျက်ပျက်ဆိုလာသည့် ကိုကိုကြောင့်။

"ကိုကိုပူတယ်လွှတ်ပေးအုန်း"

ပူအိုက်သည့်နွေရာသီမှာ သူ့ကိုဖက်ထားသည့်ကိုကိုကြောင့်ပို၍ပူပါသည်၊ အိမ်မှာဆိုအဖက်ခံဖို့မပြောနဲ့ ကုတင်ပေါ်က စောင်နဲ့ခေါင်းအုန်းတောင်လူတစ်ပတ်လည်ပြီးကန်ချနေတာ။

"ပူလို့လား အအေးမြှင့်ပေးမယ်"

ထိုသို့ပြော၍ ကုတင်ဘေးက စားပွဲခုံပေါ်ရှိ Remote ကိုယူကာ အအေးပို၍မြှင့်လိုက်သည်။

အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}Where stories live. Discover now