𝐺𝑦𝑢𝐽𝑖𝑛13

416 82 0
                                    

Unicode....

<ကလေးလေးဘယ်ချိန်အားလဲ ကိုယ်နဲ့အပြင်သွားရအောင်>

ယူဂျင်းစာကြည့်နေတုန်း ကလွပ်ခနဲ့ဝင်လာသည့်ဖုန်းသံကြောင့် ယူကြည့်လိုက်မိတော့ကိုကိုဖြစ်‌ေနသည်မို့ ချက်ခြင်းပင် ဖုန်းကိုကိုင်ကာ စာပြန်ရတော့သည်။

<မနက်ဖြန် အစမ်းစာမေးပွဲရှိလို့ သားမအားဘူးကိုကို>

<ကိုယ့်ကလေးလေးက စာကြိုးစားနေတာဆို‌ေတာ့ ကိုယ်နောင်မှစာပြန်ပို့လိုက်တော့မယ်>

<ကိုကိုမအားဘူးလား>

<ကိုယ့်ကအားတယ် ခဏနေသူငယ်ချင်းတွေနဲ့အပြင်သွားမလို့ အဲ့ဒါကလေးလေးအားရင်တစ်ခါတည်းဝင်ခေါ်မလို့ လှမ်းမေးကြည့်တာ>

ကိုကို့သူငယ်ချင်းတွေဆိုတော့ ဟိုမိန်းကလေးပါ ပါလာမလားမသိတာကြောင့် ယူဂျင်းရဲတင်းစွာ။

<မသွားလို့မရဘူးလား>

<ကလေးလေးက မသွားစေချင်ဘူးလား>

ထပ်မံ‌ေရာက်လာသည့်စာကြောင့် ယူဂျင်းခဏတာတွေ‌ေဝနေမိသည် အခုချိန်ကကိုကိုနဲ့သူကဘာမှဆိုင်‌ေသးတာမဟုတ်တာကြောင့် ကိုကို့ကိုသူကမသွားစေချင်ဘူးဆိုရင်တောင် ကိုကိုကသွားမယ်ဆိုရင်ရော။

စိတ်ကူးနဲ့အတွေးကလက်တွေ့မကြကာ လက်ကအွန်းဟု၍စာအားရိုက်ထားသည့် စာကပို့ပြီးနေပြီဖြစ်တာမို့ သူပြန်ဖျက်လဲမမှီတော့။

<အွန်း>

<ကိုယ့်ကလေးလေးသဘောဗျာ မသွားတော့ဘူး ကိုယ်မအားတော့ဘူးလို့ပြောလိုက်မယ်>

ယူဂျင်း ကိုကိုထပ်ပို့လာသည့် စာကိုထပ်ကာထပ်ကာဖတ်၍ နှစ်ချိုက်စွာပြုံးမိသည်။

<ကိုကိုက လိမ္မာတယ် သားစာကြည့်နေလို့ ညမှပြောမယ်နော် ဘိုင့်ဘိုင်>

<ဘိုင့်ဘိုင်ပါဗျာ>

ယူဂျင်းပြုံး၍ပင် ဖုန်းကိုချထား၍ စာကိုသာဆက်လုပ်နေလိုက်သည်။

"ယူဂျင်း"

"ဟင်"

"စာလုပ်ပြီး ဘာတွေပြုံးနေတာလဲ ဒီလောက်ခက်တာ‌ကို မင်းမို့လို့ပြုံးနေနိုင်တယ် ဒီမှာငါတိုင်ပတ်နေတာကို ဘာလဲစာလုပ်နေရင်းမင်းဘာတွေတွေးနေတာလဲ"

အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}Where stories live. Discover now