𝐺𝑦𝑢𝐽𝑖𝑛 𝐼𝑛𝑡𝑟𝑜

2.5K 155 1
                                    

Unicode....

"သားGyuVin...အငယ်ကောင်"

အခန်းတံခါးဝ၌ တံခါးကိုခေါက်ကာ အော်နိူးနေသည့်မာမီကြောင့် အိပ့်နေသည့်သူခေါင်းပင်ထောင်လာရသည်။

"သားနိုးပြီမာမီ"

"နိုးရင်လဲထတော့လေ အောက်ထပ်မှာကလေးရောက်နေပြီ"

ကလေးရောက်နေပြီဆိုသည့်စကားကြောင့် ကုတင်ပေါ်မှချက်ခြင်းပင်ထကာ ရေချိုးခန်းထဲပြေးရတော့သည်၊ရေချိုးခန်းထဲတွင်လဲ ကလေးငယ်၏ မျက်နှာလေးကိုမှန်ထဲတွင်မြင်ယောင်လာသည်မို့ သွားတိုက်မူပြုလုပ်နေရင်း သူပြုံးမိပါသေးသည်၊ ကလေးငယ်ကသူ့အတွက်ဟောဒီလိုလဲပြုစားနိုင်ပါသေးသည်။

*********

Han Yujinနိုးနိုးခြင်းမှာပဲစားပွဲခုံပေါ်တွင် တင်ထားသည့် ကိုကိုနှင့်သူ၏ပုံလေးကိုယူကြည့်ကာ နှစ်ချိုက်စွာပြုံးမိပါ၏၊ နံရံတွင်ကပ်ထားသည့် ငယ်ငယ်ကကိုကိုနှင့်အတူတူတွဲရိုက်ထားသည့် ဓာတ်ပုံတွေကို မနက်အိပ်ယာနိုးတိုင်း ကြည့်၍ပြုံးရသည်မှာ သူ့၏အကျင့်တစ်ခုလိုပင်ဖြစ်နေသည်၊
ခုလဲနိုးသည်နှင့် ကိုယ်လက်သန့်စင်ပြီး ကိုကိုနှင့်ကျောင်းသွားရန် အောက်ထပ်သို့ဆင်းလာခဲ့သည်၊ ကိုကိုနှင့်ကျောင်းအတူတူသွားရဖို့ကိုလဲ က‌လေးပီပီသူအမျိုးမျိုးဉာဏ်သုံးခဲ့ရသည်ကြောင့်
ခုဆိုကျောင်းကို ကိုကိုနဲ့အတူတူသွား ကိုကိုနဲ့အတူတူပြန်ခွင့်ရပြီဖြစ်သည်၊ ခုလဲအောက်ထပ်ဆင်းလာသည်နှင့်Ommaကမနက်စာစားသွားဆိုသည်တောင် မစားဖြစ်ခဲ့ပဲ ဘေးအိမ်ကကိုကိုရဲ့အိမ်ကိုပင်ရောက်လာခဲ့သည်။

"ကလေးလေးရောက်တာကြာပြီလား"

သူ့ခေါင်းကိုပုတ်ကာဆိုလာသည့်ကိုကို၏စကားသံကြောင့် သူမော့ကြည့်လိုက်ပြီးသည်နှင့်။

"ကိုကိုကလဲကလေးလေးမဟုတ်ပါဘူးဆို"

"ဟုတ်ပါပြီဗျာ အစောကြီးနိုးနေတာ ဘာလို့အပေါ်ထပ်တက်ပြီးကိုကို့ကိုလာမနိူးတာလဲ"

သူ့အမေးကိုကလေးငယ်က အရှေ့ကစားပွဲပေါ်တွင်တင်ထားသည့် မုန့်တွေကိုမေးငေါ့ပြသည်ကြောင့်GyuVinသဘောပေါက်သွားရသည်၊ 'မုန့်စားနေလို့လာမနိူးတာဆိုသည့်သဘော'။

အဆုံးမရှိသောချစ်ခြင်း {𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑}Where stories live. Discover now