ဆေးရုံစင်္ကြန်လျှောက်လမ်းတွင်စကားပြောနေကြတဲ့လူသုံးယောက်.."အဲ့တော့ပြောချင်တာက?.."
"ဟုတ်တယ်..အဲ့တာရှင်းပြဖို့ခက်တယ်..သူ့အမေအက်စိဒန့်ဖြစ်ခဲ့တဲ့အကြောင်းတွေမှတ်မိသလိုဆေးရုံတစ်ချို့မှာအလုပ်လုပ်ခဲ့တာတွေကိုမှတ်မိတယ်..ဒါပေမဲ့သူစကားထစ်တာတွေဘာတွေကိုမမှတ်မိတော့ဘူး.."
ပြောချင်တာကအခုသူ့ကိုပါမေ့သွားပြီပေါ့လေ..
"Kim Seokjinမင်းကတကယ့်ကိုတော်တဲ့ဆရာဝန်ပါ..မင်းရဲ့ထိန်းကျောင်းမှုအောက်ကလူနာတစ်ယောက်..အခုအခြေအနေပြန်ကောင်းလာပြီ"
သူကဆရာဝန်ကောင်းတဲ့လေ..အံ့ဩစရာပဲ
"ကျွန်တော်သူ့ကိုဘာမှမကူညီခဲ့ပါဘူး..သူ့ပါသူပြန်ကောင်းသွားရုံပါ..ခွင့်ပြုပါဦး"
Jinရဲ့ခံစားချက်တွေကိုရိပ်မိနေသူကတော့ဦးလေးဖြစ်သူဆေးရုံအုပ်သာ။
လျင်မြန်တဲ့ခြေလှမ်းတေွနဲ့သူဆေးရုံအပြင်ဘက်ကိုပြေးထွက်လာခဲ့တယ်..သူ့ရဲ့ဂျူဒီကုတ်မှာသွေးတွေစွန်းနေတုန်းပဲကားသွားကားလာမရှိတော့တဲ့ကားလမ်းမထက်ထိုင်ချလိုက်ရင်းသူ့ရဲ့ဆံပင်တွေကိုပြင်းပြင်းထန်ထန်ပွတ်သပ်နေမိတယ်။
အခုသူချစ်သူကသူ့ကိုမေ့သွားပြီတဲ့..။လူတွေကတကယ်ပဲဘာဖြစ်ချင်နေကြတာလဲ..သူငြင်းဆန်ခဲ့တုန်းကတော့သူ့စီကိုဒီကောင်လေးကိုအတင်းရောက်အောင်ပို့ခဲ့ကြပြီး..အခုတော့သူကခံရသူပေါ့..သူကခံရသူပေါ့လေ။ဇာတ်လမ်းကမစခင်ပဲအဆုံးသတ်သွားပြီ..။
လွန်ခဲ့သောရက်အနည်းငယ်
ဒေါက်..ဒေါက်
"ဝင်ခဲ့ပါ.."
"ဟို..ဟို..ကျွန်..ကျွန်တော်ပြော..ပြော..ပြောစရာ..ရှ..ရှိလို့ပါ"
"လာထိုင်.."
Jinသူ့ရဲ့အလုပ်စားပွဲရှေ့ကထိုင်ခုံမှာထိုင်ဖို့ပြောပေမဲ့..
"ကျွန်..ကျွန်တော်..ဒီအတိုင်းပြောမှာ...မှာ..ပါ"
"လာထိုင်တော့ဘာဖြစ်လို့လဲ.."
"မ..မ..မထိုင်ပါဘူး"
"ထားပါတော့..ငါလာမယ်.."
သူလာမယ်ဆိုတော့လည်းထိုကောင်လေးကလက်မခံ..
![](https://img.wattpad.com/cover/338790895-288-k783244.jpg)