Part -22

1.3K 92 30
                                    

# Unicode #

"ယောင်းလေး!...."

"ဘုတ်!.."

ဂျောင်ဂု ဆေးဝယ်ပြီး ပြန်လာတော့ ထယ်ယောင်း ကို ယောင်းလေးက ဒယ်ဒီလို့ ခေါ်ကာ ငိုနေသဖြင့် သူလန့်သွား သည်။ ယောင်းလေးနာမည်ကို ခေါ်လိုက်မိသလို လက်ထဲက ဆေးထုပ်လည်း ပြုတ်ကျသွားသည်။

"ယောင်းလေး...ပါးပါး ဆီလာ...."

ထယ်ဈယောင်း လက်ထဲမှ ယောင်း‌လေးကို ပြောတော့ ယောင်းလေးက မလာသည့် အပြင် ပိုတိုးလို့ ဖတ်ထား၏။

"သားကို...ပြန်ပေးပါ...."

ယောင်းလေးကို ခေါ်၍မရတော့ ထယ်ယောင်းကို ပြောလိုက်သည်။

"ယုန်လုံး...ယောင်းလေးက ကိုယ်နဲ့ မင်းရဲ့သားနော်...."

ထယ်ယောင်း က ကလေးကို သူ့ဘက်ဆွဲ၍ ပြောတော့ ...ဂျောင်ဂုက ပြန်ဆွဲပြီး .....

"မ..မဟုတ်ဘူး...ကျွန်တော့်ရဲ့သား....ယောင်းလေး...ပါးပါးဆီလာလို့ ပြောနေတယ်လေ..."

ဂျောင်ဂု လေသံမာမာနှင့် ပြောလိုက်တော့ သူ့ကို လှည့် ကြည့် လာသည့် သားက မျက်ရည်လေးတွေဝဲနေသည်။

"ပါးပါး...ယောင်းလေး ဒယ်ဒီ က ဦးဦးV မလား..ယောင်းလေး ဒယ်ဒီ နဲ့ နေချင်တယ်....ဒယ်ဒီပြန်လာဖီလေ..."

ယောင်းလေး ထယ်‌ယောင်း ပေါ်က ဆင်း ၍ ဂျောင်ဂုလက်ကို ကိုင်ကာ ပူဆာနေသည်။

"မရဘူး!...မရဘူးနော်....ပါးပါးနဲ့ အတူတူ ဘဲ ရွာလေးမှာ နေကြမယ်နော်..."

ဂျောင်ဂု လေသံကို လျှော့၍...သားနဲ့ တန်းတူ ဖြစ်သွားအောင် ဒူးထောက် ထိုင်ချလိုက်၏။

"ပါးပါးနဲ့ ယောင်းလေး ကရွာမှာဘဲနေကြမယ်နော်...သူက သားဒယ်ဒီ မဟုတ်ဘူး...."

"ဂျောင်ဂု.!!!.."

တစ်ခါမှ သူ့နာမည်ကို အပြည့် မခေါ်ဘူးတဲ့ ထယ်ယောင်းက ခေါ်ကာ သားလေးကို ကောက်ချီလိုက်သည်။

"ငါက သားရဲ့ ဒယ်ဒီမဟုတ်ရင် ဘယ်သူလဲ...!မင်းငါ့ကို မုန်းနေမှန်းသိပေမဲ့ သားနဲ့ ငါ့ကိုတော့ မခွဲသင့်ဘူး!"

"ခွဲမှ ဖြစ်မှာ မလို့ပေါ့ ....ခင်ဗျားသာ တာဝန်မယူချင်တာနဲ့ ခင်ဗျားအမေနဲ့ တစ်ဖက်လှည့် ကျွန်တော့်ကို ပြောခိုင်းခဲ့တာမလား....အခုမှ သားလာမလုပ်နဲ့ !....ပြန်ပေး ကလေးကို!.."

Perfect Life Happy Family (Complete )Where stories live. Discover now