Part -23

1.3K 78 30
                                    


# Unicode #

"ဒယ်ဒီ!.."

သူတို့လာတာ မြင်တော့ အွန်းယောင်းတိုက်နေသည့် ခရုဆန်ပြုတ်ကို ပင် မသောက်တော့ ဘဲ ထယ်ယောင်းဆီကို လက်တန်း၍ ချီခိုင်းနေသည်။

"ဒယ်ဒီ့ သားလေး~...မွ~...မွ~.."

"ခစ်...ခစ်...ခစ်..."

သားရဲ့ လက်မှာ ဆေးသွင်းအပ် ရှိသေးသဖြင့် မနာအောင် ခပ်ဖွဖွချီ၍ မျက်နှာ အနှံ့နမ်းနေတော့ သားရဲ့ ရယ်‌သံ လေးတွေထွက်လာ၏။

ဂျောင်ဂု ကတော့ သူ့ကိုတောင်မမြင်နိုင်ဘဲ...ဒယ်ဒီမှ ဒယ်ဒီ ဖြစ်နေသော သားကြောင့် မျက်နှာကြီး ဆူပုတ်နေသည်။

အွန်းယောင်း၊ဟိုဆော့၊နမ်ဂျင်း၊ယွန်မင်း တို့ကတော့....သူ့ကိုဘေူထားကာ ကျီစယ်နေသည့် သား အဖ ကြောင့် ဆူပုတ်နေသည့် ဂျောင်ဂု ကို ကြည့်၍ ..ကျိတ် ရယ် နေကြ၏။

"ယောင်းလေး~"

"ဟီး....ပါးပါး...ပါ ..လား..."

အခုမှ မြင်သည့် ပုံစံနှင့် ပြောလာသည့် ယောင်းလေး ကြောင့် ကုကီး နှုတ်ခမ်းနှစ်ဆ စူသွားသည်။

"ပါးပါး...ချိတ်ချိုး နေတာလား..ချိုးဖာနဲ့...ယောင်းလေး က ဒယ်ဒီ နဲ့ ခုမှ တွေ့ရလို့ ဖာ...ပါးပါးကို လည်း ရှစ်ရယ်လေ..."

ထယ်ယောင်း အပေါ်က မဆင်းဘဲ purple eye လေးတွေနဲ့ ပြောနေသည့် ယောင်းလေး ကြောင့် မြင်ရသူတိုင်း အသည်း တယားယား။ဂျောင်ဂုလည်း စိတ်မစိုးနိုင်တော့ ပေ။

ထယ်ယောင်း လည်း ဘေးတစ်စောင်း မြင်နေရသည့် ပါးဖောင်းဖောင်းလေး ကို တစ်ချက် မွှေးကြူလိုက်၏။

"မွ~. ချစ်စရာ ကောင်းလိုက်တာ..."

"ပါးပါး...ဒယ်ဒီ..ယောင်းလေး ...ဒီနေရာမှာ နေရှင်တော့ဖူး..."

"ခဏလောက်တော့ ..နေလိုက်ပါအုံး..ဒယ်ဒီ့ ကလေးလေးရဲ့...ဆေးရုံက ဆင်းရင် ဒယ်ဒီတို့နဲ့ လိုက်နေနော်..."

"သသယ်ရား..ဒယ်ဒီ..."

"တကယ်ပေါ့ကွ..."

"ရေး....ပါးပါး...ယောင်းလေးတို့...ဒယ်ဒီနဲ့ တူတူ ရိုက်နေကျမယ်ရော်...ယောင်းလေး..ရွာပန်ချင်ဖူး...ပန်ရရင်တောင်..ဒယ်ဒီဖာမှ...."

Perfect Life Happy Family (Complete )Where stories live. Discover now