Part -9

982 88 18
                                    

#Unicode#

"Min လေးလည်လို့ဝပြီလား....."။

လက်ထဲကအစားအသောက်များကုန်သွားသော Jimin ကိုကြည့်၍မေးလိုက်တော့

"အင်း..."

"ဒါဆိုကားထားတဲ့နေရာဆီသွားရအောင်...."

"ဘာလို့လဲ....."

"ဟိုရောက်ရင်ပြောပါ့မယ်....အခုတော့ကျန်တဲ့သူတွေဆီ message လှမ်းပို့လိုက်ဦးမယ်..."

Suga.....Nanjoonတို့ဆီmessage ပို့ပြီး Jimin လက်ကိုဆွဲကာ ကားပါကင်သို့လျှောက်လာ၏။..........

"Yoongi...ဘာပြောမလို့လဲ......လူမစုံသေးဘူး.....Tae Hyung တို့ကျန်သေးတယ်....."

"စုံပြီ....Jin hyung...သူတို့ကိုတမင်မခေါ်တာ...."

"ဘာဖြစ်လို့လဲ..."

"Tae Hyung အကြောင်းလဲ Hyung တို့သိရဲ့သားနဲ့ သူကkookie ကိုချစ်သာနေတာ အခုထိ ဖွင့်မပြောနိုင်သေးဘူး.... kookie ကျွန်တော်တို့ဆီမှာ အလုပ် လုပ်နေတာ ၁နှစ်ပြည့်တော့မယ် အခုထိဒုံ့ရင်းကဒုံ့ရင်းဘဲ...အဲဒီတော့ ကျွန်တော်တို့ဝင်ပါရတော့မှာပေါ့"

"ဘယ်လိုလုပ်ပေးကြမလဲ.."

Jimin ကမျက်လုံးတောက်တောက်ကလေးနှင့်ပြောလာသလို ကျန်သူများကလည်း....စိတ်ဝင်တစားကြည့်လာကြ၏။

"ကျွန်တော်နဲ့ Nam Joon တိုင်ပင်ပြီးပြီ...အစီအစဉ်Aကိုစသုံးမှာ မအောင်မြင်ရင်အစီအစဉ်B...."

"အစီအစဉ်Aကဘာလဲ.... Yoon gi "

"အခုငါတို့အားလုံးပြန်ကြမယ်...Ho Seok သူတို့နှစ်ယောက်ကိုထားခဲ့...သူတို့ကားကိုမင်းစီးလာခဲ့....."

"ပြီရော...."

"ဒါနဲ့အစီအစဉ်Bရော..."

"အဲ့ဒါကို မနက်ဖြန်ကြမှ တစ်နေရာ သွားပြောကြမယ်.... Nam Joon အကြံဆိုတော့ Nanjoon ရှင်းပြလိမ့်မယ်... min.."

"ဒါဆိုပြန်ကြမယ်လေ...."

&&&&&&&&&&&&&&&&&&&&&&&&

"Kookie...ပျော်လား...."

"အင်း... kookie ဒီလိုမလည်ရတာကြာပြီလေ....စိတ်ထဲပေါ့သွားတာဘဲ....."

မြစ်ပြင်ကျယ်ကိုကြည့်၍ အေးအေးချမ်းချမ်းပြောလာသည့်ကောင်ငယ်လေးကချစ်စဖွယ်ပင်။

Perfect Life Happy Family (Complete )Where stories live. Discover now