Part -10

1K 94 26
                                    

# Unicode #

At coffee shop,

"Joon...ပြောလေ plan B အကြောင်း..plan A ကတော့မအောင်မြင်ဘူး...."

"ပြောပြမယ် ... jinnie "

"အကြံမထွက်လို့ Nam Joon hyung ပြောတဲ့အတိုင်းလုပ်ရမှာ ...ခပ်လန့်လန့်ရယ်... "

Jimin စကားကြောင့် Nam Joon မျက်စောင်း ကသူ့ဆီ ဒိုင်းခနဲပင်။

"ဟီး...စတာ စတာ..ပြောပြ..."

Jimin ပြုံးဖြီးပြပြီး စကားလမ်းကြောင်း လွှဲလိုက်၏။

"ဒီလိုကွာ....&~~&~~~&~~~&~~~&~~~~"

"အဲ့အကြံက အလုပ်ဖြစ်ပါ့မလား..."

"Ho Seok hyung... ပြောတာ မှန်တယ်...မလွယ်ဘူးနော် Nam Joon hyung..
"မလွယ်ပေမဲ့လုပ်ရမှာဘဲ Min လေး...ဒီတစ်နည်းဘဲရှိတော့တယ်.."

"ကောင်းပြီလေ..ဒီ အကြံတိုင်းဘဲလုပ်တော့.. hyung လည်း သူတို့ကို အတွဲမြန်မြန် ဖြစ်စေချင်ပြီ .."

"ကိုယ်တို့ကရော jinnie.."

Jin က သူ့ကို မျက်စောင်းထိုး၍ ...

"မင်းထိတဲ့ ပစ္စည်းတွေ မကျိုးတဲ့တစ်နေ့ တွဲကြမယ်..."

Jin စကားကြောင့် Nam Joon မျက်နှာကြီးရှုံ့မဲ့သွားပေမဲ့ Ho Seok တို့ကတော့ ဝါးလုံးကွဲမတတ်အော်ရယ်နေကြ၏။

*ရက်စက်လိုက်တာ jinnie ရယ် ကိုယ့်လို super power ရှိတဲ့လူကို ကမ္ဘာပတ်ရှာတာတောင်မတွေ့ရတာကို jinnie က ဂုဏ်မယူဘဲ အပြစ်မြင်နေတော့ခက်ပြီပေါ့ ...*

"ကဲ...တော်ကြတော့ ..စားသောက်ပြီးရင် ပြန်ကြမယ် .. kookie ခြေထောက်ကောင်းတာနဲ့ plan Bကို အကောင်အထည် ဖော်ကြမယ်..."

"OK!"

"Tae Hyung နဲ့ kookie အဆင်ပြေရေး ..."

"တို့အရေး...တို့အရေး..."

သူတို့ အချိုရည်ခွက်များကို ကိုင်မြောက်၍ အော်ဟစ်နေကြ၏။

VIP အခန်းမို့ အသံလုံ နေသဖြင့် စိတ်ထင်ရာ စိုင်း၍။ အော်ဟစ်နေကြခြင်း ဖြစ်၏။

"Tae Hyung နဲ့ kookie ချစ်သူ ဖြစ်ဖို့ အရေး..."

"တို့အရေး..တို့အရေး..."

"Tae Hyung နဲ့ kookie လက်ထပ်ဖို့ အရေး ..."

"တို့အရေး...တို့အရေး.."

Perfect Life Happy Family (Complete )Where stories live. Discover now