Part -6

1.2K 93 23
                                    

#Unicode#

"ဒဏ်ရာတွေက စိုးရိမ်စရာ မလိုပါဘူး ဆေးလိမ်းလိုက်ရင် ..သက်သာသွားမှာပါ..စိတ်ထိခိုက်လွန်ပြီးမေ့သွားတာပါ... ကျွန်တော် သောက်ဆေးပေးခဲ့မယ်..သတိရလာရင် တစ်ခုခုကျွေးပြီးတိုက်လိုက်ပါ...ကျွန်တော့်ကို ခွင့်ပြုပါအုံး..."

ဒေါက်တာကို Jin ကလိုက်ပို့သဖြင့်Tae Hyung တို့ kookie အခန်းထဲမှာပင် သတိရလာတာကိုစောင့်နေမိ၏။

ကားပေါ်မှာငိုနေရင်းသတိမေ့သွားတဲ့Jungkookကြောင့် Tae Hyung ရင်ထဲအပူလှိုင်းဖြတ်သွားသလိုပင်။စိုးရိမ်စိတ်နှင့်အိမ်ကိုအမြန်မောင်းလာကာ ဆရာဝန်ကိုအမြန်ဆုံးလာရန်ဖုန်းဆက်ရဲ့ပြောလိုက်ရ၏။

"Tae Hyung..အဲ့အချိန်တုန်းက မင်းပုံစံကတော်တော် ကြောက်ဖို့ကောင်းတယ်"

Tae Hyung ... kookie ရဲ့လက်ကလေးကို ဆုပ်ကိုင်ရာမှမြတ်မြတ်နိုးနိုးနမ်းလိုက်၏။

"ကျွန်တော်လည်းမသိတော့ဘူး... Ho Seok hyung အဲ့အချိန်က kookie ရဲ့ပုံစံကြောင့် ကျွန်တော့်စိတ်တွေလွတ်သွားတာ...ကျွန်တော် ကြောက်နေခဲ့တာ ကျွန်တော်သာ အချိန်မီမရောက်လာဘူးဆို kookie ကိုသူတို့ယုတ်မာတော့မှာ...."

"hyung တို့နားလည်ပါတယ် ...hyung တို့တောင်..."

"ဟင့်အင့်!..မဖြစ်ဘူး~..မလုပ်ပါနဲ့..အားးးးးအနားမလာနဲ့လွှတ်!... "

"kookie.. kookie သတိထားအုံးး ဘာမှမဖြစ်ဘူးနော် kookie မျက်လုံးဖွင့်ကြည့်အုံး.."

သူတို့စကားမဆုံးမှီ ယောင်နေသောkookie ကြောင့်Tae Hyung ပြောလည်းပြောkookie ကိုသတိဝင်လာရန် ပါးလေးအားလှုပ်နိုးလိုက်၏။

"ဟင် ...Tae Hyung hyung...kookie ..ကိုလေ...သူတို့...အဟင့်..သူတို့...."

"ဘာမှမဖြစ်ဘူးနော်... kookie အဆင်ပြေသွားပြီ ...ကိုယ်ရှိတယ်နော်..."

Tae Hyung... kookie ရဲ့လက်ကလေးကိုဆုပ်ကိုင်၍ ပြောလိုက်တော့ သူ့ကို မော့ကြည့်လာသည့်မျက်ဝန်းလေးတွေက မျက်ရည်စများခိုတွဲနေသော်လည်း သိပ်ကိုလှပလွန်းသည်။

"ဒုန်း!"

"kookie~ဒေါက်တာပြောတာတွေကတကယ်လား~!"

တံခါးကို အားနဲ့ဖွင့်၍..မျက်လုံးပြူးမျက်ဆံပြူးနှင့်ပြောလာသော Jin hyung ကြောင့် Jimin တို့ကြောင်အသွား၏။kookie ကတော့နဖူးမှာချွေးစလေးတွေစို့နေ၏။

Perfect Life Happy Family (Complete )Where stories live. Discover now