Part -8

1.1K 91 30
                                    

#Unicode#

"hyung တို့... company က နားရက် နှစ်ပတ် ပေးတယ်တဲ့...ဒီတစ်ခေါက်မှာ MV တွေရော ၊fan sign တွေရော ပြိုင်တူလုပ်လိုက်ရလို့ အနားပေးတာတဲ့..."

"ဒါဆို...မနက်ဖြန်ကျရင်...ဟန်မြစ်ညဈေးတန်းသွားကျမယ်..."

Jimin ၏အပြောကို အားလုံးက OK sign ပြလိုက်၏။

"hyung တို့..ခြောက်ယောက်လုံးစုသွားမှာလား..."

"ဟင့်အင်...နှစ်ယောက်တစ်တွဲစီသွားမှာ..ဒါနဲ့ kookie လိုက်မှာလား.."

"Nae"

"ဒါဆို hyung လူခွဲပေးမယ်..."

"နေ..နေ.. Jin hyung...ကျွန်တော်က Min လေးနဲ့ သွားမှာ.."

"ကိုယ်က.. jinnie လေးနဲ့နော်.."

Jin က suga နဲ့ nam Joon ကို မျက်စောင်းထိုးလိုက်ပြီး Jungkook,Tae Hyung, Ho Seok ကိုကြည့်လိုက်၏။

Tae Hyung က kookie ဘက်ကိုမသိမသာ မျက်စပစ်ပြတော့ Jin ကမကြည်သလို တစ်ချက်ကြည့်လာ၏။

*ငါသိတာပေါ့ kookie နဲ့ သူကို တွဲပေးခိုင်းနေတာ...*

"Ho Seok မင်းနူနာ နဲ့ အတူ ညဈေးသွားမလို့ဆို...."

Jin စကားပြောရင်း Ho Seok ဘက်လှည့်ကာ မျက်စိတစ်ဖက်မှိတ်ပြလိုက်၏။

"ဟင်!....အာ~~ဟုတ်...ဟုတ်တယ်...နူနာနဲ့ သွား မလို့.."

"အဲဒါဆို Tae Hyung နဲ့ kookie က အတူသွားလိုက်နော်..."

kookie ရွေးချယ်စရာ မရှိသဖြင့် ခေါင်းငြိမ့်လိုက်၏။ Tae Hyung ကတော့ ကျေနပ်နေသည့်ရုပ်ကြီးဖြင့်ခေါင်းငြိမ့်လာ၏။

*ဟင်းးးငါကတော့ ဟို နှစ်ကောင် တွဲလို့ရအောင်လိမ်လိုက်တော့ သွားဖို့ အဖော်မရှိဘူး.....အူဝါးးးးomma... ရေ... omma သားအဖြစ်ကိုလာကြည့်ပါအုံး...အတွဲတွေကြားမှာ နေရတဲ့သားဘဝ ကို sprite လေးသောက်ပြီးနှစ်သိမ့်ရတော့မယ်...*

Ho Seok အတွေးနှင့်အတူ မျက်နှာ ရှုံ့မဲ့မဲ့ နှင့်ရေခဲသေတ္တာဆီလျှောက်သွား၏။

-----------------------------------------------------------

"အားလုံးပြင်ပြီးပြီလား.."

"Nae"

"ဒါဆို ..တစ် တွဲကို..ကားတစ်စီးစီ..သုံးနော်... Ho Seok ကတော့ သူ့အမနဲ့ည‌ေစျးမှာ ဆုံမှာဆိုတော့ Tae Hyung တို့ကားနဲ့လိုက်ခဲ့နော်..."

Perfect Life Happy Family (Complete )Where stories live. Discover now