Part -17

1.2K 81 25
                                    

#Unicode #

"ဂျင်လေး....မနက်ဖြန်.... ဒိတ်ရအောင်...."

"ဂျွန်းသဘော...ဂျွန်း...ဘော...."

နားရက်မို့ ဧည့်ခန်းထဲတွင် ထိုင်ကာ သာယာနေကြသော နမ်ဂျင်း အတွဲနှင့် ဂျီမင် ပေါင်ပေါ် ခေါင်းတင်ကာ အိပ်နေသော ယွန်းဂီ တို့ အတွဲ ရှိသလို...အပေါ်ထပ်တွင် သူ့ချစ်သူ ဒေါက်တာ မလေးနှင့် ချိန်းတွေ့ ရန် အပြတ် ရွှိုင်း နေသော ဟိုဆော့လည်း ရှိ၏။

ထယ်ယောင်း ကတော့ ဒီလို နားရက်မျိုး ဆို ဒယ်ဂူမြို့ကိုသွား၍ ကုကီးတို့ကိုရှာတတ်သဖြင့် အခုလည်းဒယ်ဂူမှာပင်။

ဂျီမင်သူ့ ရှေ့မှာ လာ သာယာပြနေသည့် .
နမ်ဂျင်းအတွဲကြောင့် အဖိုးကြီးကို သာ ဒေါသ ထွက်မိ၏။

နားရက်မလို့ အတူတူ ပျော်ရမလားအောင်းမေ့တယ် အိပ်ရေးမဝဘူးဆိုပြီး သူ့ပေါင်ပေါ်မှာ အိပ်နေသည်။

"ဖြန်း~"

"အာ့~...."

"မင်လေး ဘာလို့ရိုက်တာလဲ...."

"ကျောက်တုံးဖိုးဖိုး....ဘယ်ချိန်ထိအိပ်နေမှာလဲ.....ကျွန်တော့် ကိုရောရှိသေးတယ်လို့ ထင်သေးလား..."

"ဖြန်း~"

"အာ့~..."

"ကျွန်တော်နဲ့ ခင်ဗျားက ရည်းစားတွေနော်.....ခင်ဗျား သတိရသေးရဲ့ လား အဖိုးကြီးရဲ့..."

"ဖြန်း~..."

"အာ့~..."

ပြောလိုက် ရိုက်လိုက်လုပ်နေသဖြင့် ဂျီမင် စိတ်တိုနေပြီဖြစ်ကြောင်း သူသိလိုက်ပြီ။

*ငါ အိပ်နေတာပါ ...မင်လေးကို ဘာလုပ်မိလို့ အဲ့လောက် ဒေါသထွက် နေတာလဲ.....*

"စိတ်လျှော့နော်...မင်လေး...ကို...နာနေ..အဲ...မင်လေး လက်သေးသေး‌တွေနာနေပါ့မယ်..."

ယွန်းဂီစကားကြောင့်...ဂျီမင် မျက်စောင်းထိုးလိုက်၏။

"စိတ်မတိုပါနဲ့နော် မင်လေးက ပြုံးနေတာနဲ့ဘဲလိုက်တယ် အမြဲတိုင်းပြုံးနေနော်...ကဲ ပြောပါအုံး ဘယ်သူက ကို့ မင်လေးကို စိတ်တိုအောင်လုပ်တာ‌လဲ...."

"မင် ယွန်းဂီလေ.. "

"အဲ့ မင် ယွန်းဂီဆို‌တဲ့ အကောင်ကို ကို....သတ်....အဲ~...."

Perfect Life Happy Family (Complete )Where stories live. Discover now