Part -5

1.2K 92 16
                                    

#Unicode#

"hyung တို့..ဒီနေ့ည၆နာရီ show ပွဲရှိတယ်နော်"

"ဟုတ်သားဘဲ...မေ့နေတာkookie.. ပွဲတက်ဝတ်စုံရော စီစဉ်ပြီးပြီလား staffတွေကဘာပြောလည်း.."

"ဟို...ဝတ်စုံပြင်ပေးမဲ့ staffကဒီနေ့နေမကောင်းလို့ခွင့်ယူထားတယ် make -up artists. တွေကတော့အဆင်သင့်ဖြစ်ပါပြီ .nam Joon hyung "

"ဒါဆိုဝတ်စုံကိစ္စဘယ်လိုလုပ်မှာလဲ..."

"kookie...စီစဉ်ပေးပါ့မယ် Jimin hyung"

"အဆင်ပြေပါ့မလား .. kookie..ဝတ်စုံရွေးရတာခက်တယ်နော်... "

"အဆင်ပြေပါတယ်...Jin hyung.. kookie..ရွေးတတ်ပါတယ်"

"ဒါနဲ့..ပွဲကို.. kookie...လိုက်ရမယ်နော်.."

"Nae...Suga hyung"

"kookie ...အဝတ်ခန်းထဲသွားပြီး ဝတ်စုံရွေးထားလိုက်မယ်..."

"အင်း...ကြည့်ရသေးတာပေါ့ ယုန်လုံး အစွမ်းကို...ဟုတ်ရင်ဟုတ် မဟုတ်ရင်............."

စကားကို ဆက်မပြောဘဲ kookie ကိုစူးစိုက်ကြည့်နေသော Tae Hyung ကြောင့် suga တို့ရင်တမမ။အပြောမှားတာနဲ့ တစ်ခုခုတုံပြန်တော့မည့်အသွင်နဲ့ Jungkook ကြောင့်ဆိုရင်ပိုမှန်မည်။

"ပုအောင်ထုပစ်မယ်"

*ဟူး..တော်ပါသေးရဲ့ နမ်းပစ်မယ်မပြောလို့*

ဒီတော့မှ suga တို့သက်ပြင်းချကာကိုယ်စီတွေးမိလိုက်၏။လူကောင်သေးပြီး ဒေါသကြီးတဲ့jungkookအ‌ေကြာင်းကို အလုပ်လုပ်တဲ့ကာလအတွင်းမှာ သိသင့်သလောက်သိပြီးပြီလေ။ သူဒေါသထွက်တိုင်းအသားအနာခံရတဲ့Tae Hyung ကအမှတ်မရှိစပေမဲ့ သူတို့ ငါးယောက်ကတော့မနေသာ ။

*ဒီကောင်..ချစ်နေလည်း ငြိမ်းချမ်းရေးမယူဘဲ အချိန်ပြည့်စ‌နေတာဘဲ*

"ဟွန်းးးစောင့်ကြည့်လေ..ဒီနေ့ပွဲလာတဲ့အနုပညာရှင်တွေထဲမှာ hyung တို့ကအတောက်ပဆုံးဖြစ်နေစေရမယ်.."

kookie နှုတ်ခမ်းလေးတထော်ထော်နှင့်ပြောကာ အဝတ်ခန်းထဲဝင်သွား၏။

'''''''''''''''''''''''''''''''
ပွဲအဝင်ဝကို သူတို့ခြေစလှမ်းလိုက်တာနဲ့ ထောင်ပေါင်းများစွာသော ကင်မရာ တို့၏ မီးရောင် တဖျတ်ဖျတ်က သူတို့ခန္ဓာကိုယ်ပေါ်ကျရောက်လာ၏။သူတို့ကတော့ ယနေ့ကမ္ဘာအနှံ့နာမည်ကြီးကျော်ကြာနေသော BTS အဖွဲ့ပင်။သူတို့ဒီလိုနေရာရောက်ရှိဖို့ သုညကနေစကာကြိုးစားခဲ့ရ၏။အခုအချိန်မှာကြိုးစားမှု၏အသီးအပွင့်ဖြစ်တဲ့အောင်မြင်မှုကို ခံစားနေရပြီလေ။သူတို့အောင်မြင်မှု‌က ခက်ခဲမှုတွေနဲ့စတင်ခဲ့တာသူတို့နဲ့ARMY တွေသာသိ၏။

Perfect Life Happy Family (Complete )Where stories live. Discover now