Part -2

1.9K 120 12
                                    

#Unicode #

"လာ....ဝင်ခဲ့လေ.."

တံခါးပေါက်ဝမှာပြူးကြောင်ကြောင်လေးရပ်နေသောJungkookကို jiminမှလက်ကဆွဲခေါ်၍အထဲဝင်လိုက်၏။

"ထိုင်"

Suga ကjiminနဲ့jung kook တို့ကိုထိုင်ရန်ပြောတော့နှစ်ယောက်သားဆိုဖာထက်တွင်ထိုင်လိုက်၏။

အားလုံး၏ အကြည့်တွေက kookie ပေါ်တွင်ရှိနေသည်ဟုခံစားမိသဖြင့် ခန္ဓာကိုယ်လေးကိုကျုံသထက်ကျုံလိုက်သည်။

"Kookie ....kookie လို့ခေါ်မယ်နော်"

"Nae....Jimin Hyung"

" Hyung တို့ကတော့ မိတ်ဆက်ပေးစရာမလိုတော့ဘူးလို့ထင်တယ်.....kookie .ကhyung တို့ဆီမှာအလုပ်လုပ်ရပေမဲ့ Hyung တို့ကိုမိသားစုဝင်လို သဘောထားပြီးနေပေါ့"

Jin ကဖော်ရွေစွာပြောသလို ကျန်တဲ့ Hyung တို့ကလည်းခေါင်းငြိမ့်ပြ၏။

"ကျေးဇူးတင်ပါတယ်... hyung တို့"

"ဪ...ဦးလေးလီ...လာထိုင်လေ"

Tae Hyung ...က...အိမ်ထဲဝင်လာသော ဦးလေးလီကိုခေါ်လိုက်သည်။

"Kookie...ဒါက Hyung တို့ကို စောင့်ရှောက်ပေးနေတဲ့ အိမ်တော်ထိန်း lee min Jung "

"ဦးလေးလီ...သူကကျွန်တော်တို့ရဲ့ Manager.. -Jeon Jungkook ..."

Jungkook နဲ့ ဦးလေးလီ တစ်ယောက်ကို တစ်ယောက်ကြည့်၍ခေါင်းငြိမ့်ကာ ပြုံးပြကြသည်။

"ဦးလေးလီ... kookie ကိုသူနေရမဲ့အခန်းကိုပြပေးလိုက်ပါ"

RM၏စကားကြားတော့ဦးလေးလီကခေါင်းငြိမ့်၍kookie၏ luggage ကိုသယ်ကာအပေါ်ထပ်တက်သွား၏။

"kookie လည်းလိုက်သွားလေ"

Ho Seok hyung ပြောမှkookie လည်းဦးလေးလီနောက်ကိုမပြေးရုံတမယ်လေးလိုက်သွား၏။

"Jung Kook.. ဒီအခန်းဘဲ...ဦးလေး အိတ်တွေထားပြီးပြီသွားတော့မယ်"

အခန်းထဲမှ ထွက်လာသော ဦးလေးလီက kookie ကိုတွေ့သဖြင့်ပြောပီးထွက်သွားသည်။jung kook လည်းပင်ပန်းလာသဖြင့် အခန်းထဲဝင်၍ ခုတင်ထက်တက်ကာ အိပ်စက်လိုက်၏။....

______________________________________

Kookie နှိုးလာပြီးနာရီကို ကြည့်လိုက်တော့ညနေ၄ နာရီ...။

Perfect Life Happy Family (Complete )Where stories live. Discover now