#Unicode #
"ထယ်ယောင်း .....ရှာေတွ့ခဲ့လား ..."
အိမ်ထဲရောက်ရောက်ချင်း ဂျီမင်...က မေးလိုက်တော့ ထယ်ယောင်း...ဆိုဖာပေါ်ကို စိတ်ပျက်စွာ ထိုင်ချလိုက်၍ မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်၏။
"မတွေ့ခဲ့ဘူး... ကုကီး..ကို ဘယ်မှာမှမတွေ့ခဲ့ဘူး...သူ့အစ်မကလည်း တာဝန်ကျတဲ့ မြို့ကို သွားဆေးကုရမှာမို့ မတွေ့ခဲ့ဘူး ....အဲဒါနဲ့ သူ့အစ်မရဲ့ မိတ်ဆွေကို အကူညီတောင်းပြီး ဖုန်းဆက်မေးခိုင်းတော့ သူ့ကို နိုင်ငံခြားမှာ အလုပ်လုပ်မယ်ဆိုပြီး ပြောပြီးတည်းက ဖုန်းမဆက်ဘူးတဲ့..."
"ဘယ်လိုလုပ်ကြမလဲ... ကုကီး..က ကိုယ်ဝန်ကြီးနဲ့ ..ဒုက္ခရောက်ရင် ဘယ်လို လုပ်မလဲ...."
Jin...က ငိုသံကြီးနှင့်ပြောလာသဖြင့် အားလုံးမျက်နှာ ရှုံ့မဲ့မဲ့ဖြစ်လာသည်။
"ထယ်ယောင်း....မင်းသူ့ကို ဆက်ရှာအုံးမှာလား.."
"ရှာမှာ..ယွန်းဂီ ဟျောင်း...မတွေ့မချင်းရှာမှာ...."
"သားတို့...ဒီနေ့ practice မရှိဘူးလား...လူစုံလို့ပါလား...
လီမင် ဂျောင် ....အိမ်ထဲမှာလူစုံတွေ့ရသဖြင့်မေးလိုက်၏။ပြီးတော့ လွတ်နေသည့် ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။
"ဟုတ်တယ်...ဦးလေးလီ...ပြောတော့ တစ်လလောက်ကြာမယ် ဆို..."
"ဦးလေး အစ်မက ဆုံးသွားပြီလေ..ဈာပနပွဲပြီးသွားတော့...စောပြန်လာတာ ဂျီလေး..."
အားလုံး ခေါင်းတညိတ်ညိတ် လုပ်ပြီး ခဏလောက် ဦးလေးလီကို စိုက်ကြည့်လိုက်၏။
သူ့ကို စိုက်ကြည့်နေသော မျက်ဝန်းခြောက်စုံကြောင့် ကျောပြင်မှာဆိမ့်ခနဲပင်။
"ဘာလို့..ဦးလေးကို ကြည့်နေတာလဲ..."
"ဦးလေးဒီရက်ပိုင်း .. ကုကီး..နဲ့ အဆက်အသွယ်ရသေးလား..."
လီမင်ဂျောင်... ကုကီး...ကို ကတိပေးထားသဖြင့် မသိချင်ယောင်ဆောင်၍...
"ကုကီး..ဆီက အဆက်အသွယ်မရပါဘူး...ဒါနဲ့ သားတို့ဆီမှာ အလုပ်မလုပ်တော့ဘူးလား..."
"ကုကီး..ထွက်သွားတာ လေးရက်လောက်ရှိပြီ...ပြီးတော့ သူ့..သူ့မှာ ကိုယ်ဝန်နဲ့..."