Part -11

1K 84 24
                                    

# Unicode #

"Tae Hyung hyung...... kookie ဒီလိုလဲမနေချင်ဘူး....ဒီတိုင်းကြီးနေရတာပျင်းလိုက်တာ....."

"မပျင်းရအောင်......တစ်ခုခုလုပ်ကြမလား..."

"ဗျာ....."

Tae Hyung... kookie မျက်နှာနားကိုတိုး၍မေးလိုက်တော့ တအံ့တဩ ကြည့်လာသည်။

မျက်ဝန်းဝိုင်းဝိုင်းလေးတွေ၊ နှင်းဆီပွင့်လေးတွေလိုပွင့်အာနေသည့် နှုတ်ခမ်းနှစ်လွှာ၊ နှုတ်ခမ်းပါး အောက်က မှဲ့ နက်လေးတွေက သူကို တစ်ခုခု လုပ်ဖို့ တိုက်တွန်းနေ သလို ပင်။

*မဖြစ်ဘူး .. Kim Tae Hyung...မဖြစ်ဘူး...စိတ်ထိန်း ...ဟုတ်ပြီ....မကောင်းတဲ့ အတွေးတွေ မဝင်နဲ့ ...အသက်ကို မှန်မှန်ရှု .....*

Tae Hyung ... kookie နားကခွာ၍....

"ကိုယ်...ကိုယ်ပြောချင်တာက...တီဗွီကြည့်တာဘဲဖြစ်ဖြစ်၊သီချင်းနားထောင်တာဘဲဖြစ်ဖြစ်၊ခြံထဲထွက်တာဘဲဖြစ်ဖြစ်ပေါ့....."

"အာ.......ခြံထဲကဒန်းပေါ်သွားကြမယ်လေ....."

"အင်း...ကိုယ်လိုက်ပို့ပေးမယ်နော်..."

Tae Hyung.. kookie ကို ပွေ့ချီလိုက်တော့

"ဟို.. kookie လမ်းလျှောက်ကြည့်မယ်လေ...Tae Hyung hyung........"

"Doctor ကခြေထောက်ကို လုံးဝမလှုပ်ဖို့ပြောလိုက်တယ်လေ....တစ်ပတ်ပြည့်မှလျှောက်ကြည့်ရမယ်လို့ပြောထားတယ်လေ.....ဘာလဲ....မင်းက ကိုယ်ချီတာ မကြိုက်လို့လား..."

Tae Hyung ပွေ့ထားရင်းမှမျက်နှာထား တည်တည်နဲ့ စိတ်စိုးသွားသလိုပြောလာသဖြင့်.....

"မ.....မဟုတ်ပါဘူး..... kookie ကTae Hyung hyung ကို ...အားနာလို့ပါ......"

"အားနာစရာမလိုဘူး..... kookie..."

Tae Hyung ပြောရင်း kookie ကိုပွေ့ကာဆင်းလိုက်၏။

"မင်းတို့.....ဘယ်သွားကြမလို့လဲ......"

ခြံထဲဆင်းရန် ဧည့်ခန်းမှအဖြတ်... Jin hyung ကမေးလာ၏။

"Kookie ပျင်းလို့ ခြံထဲ ခဏခေါ်သွားမလို့..."

"Kookie ပျင်းရင် ခြံထဲမဆင်းပါနဲ့လား.... hyung တို့နဲ့ ...moving ..ကြည့်မယ်လေ..."

"အင်း....ကောင်းသားဘဲ Tae Hyung hyung သွားကြည့်ကြမယ်...."

"Ok..."

Perfect Life Happy Family (Complete )Where stories live. Discover now