Hoseokဆေးရုံကုတင်ထပ်အိပ်စက်နေဆဲသာ။
အိပ်နေတဲ့သူ့ကိုဘေးမှတစိမ့်စိမ့်ထိုင်ကြည့်နေသူကလည်းရှိသေး။Taehyungရူးတော့မှာပဲ..သူဒီအလှတရားလေးကိုတစ်သက်လုံးဒီလိုသာထိုင်ကြည့်နေချင်လိုက်တယ်။သူ့စိတ်ထဲ..ဒီကလေးကိုထိကိုင်ဖို့လည်းမလုပ်ရဲပါ..ဒီနူးညံ့ခြင်းလေးကသူထိတွေ့လိုက်မှပဲ့ကြွေသွားရင်ဖြင့်သူရင်ကျိုးလိုက်မဲ့ဖြစ်ခြင်း..။လက်ချောင်းလေးတွေလှုပ်လာသည်။
နောက်တော့မျက်တောင်စိပ်စိပ်လေးတွေနဲ့လှပနေတဲ့မျက်ဝန်းလေးကဖွင့်ဟလာပြီ.."ကလေး.."
"ဟင်?..ဦး..."
"နေ..နေဦး..မထနဲ့ဦးနော်..ဦးဆရာဝန်သွားခေါ်လိုက်ဦးမယ်ဒီအတိုင်းနေနော်..ချက်ချင်းပြန်လာခဲ့မှာ"
သူပြာပြာသလဲနဲ့ပဲအခန်းအပြင်ဘက်ကိုပြေးထွက်သွားသည်။နောက်တော့ဟိုတစ်ခါHoseokခြေထောက်ထိခိုက်တုန်းကကြည့်ပေးတဲ့ဒေါက်တာနဲ့အတူပြန်ဝင်လာသည်။
"ဖြည်းဖြည်းထထိုင်မယ်နော်.."
Taehyungကလည်းHoseokထ ထိုင်ဖို့ကိုကူညီပေးသည်။သူအခုလိုတွေအကုန်လိုက်ကူနေတော့ဒေါက်တာနဲ့အတူပါလာတဲ့သူနာပြုမလေးကထိုင်ကြည့်နေရတော့မည့်အဖြစ်သာ..
"လည်ပင်းကိုဖြည်းဖြည်းချင်းလှည့်ကြည့်ရအောင်.."
Hoseokလည်ပင်းကိုဖြည်းညှင်းစွာဟိုဘက်ဒီဘက်အပေါ်အောက်လှည့်သည်။ထိုတော့ဒေါက်တာက..
"ပါးစပ်ဟကြည့်မယ်နော်...ဖြည်းဖြည်း"
"..."
ဒေါက်တာကသူစစ်ဆေးကြည့်သင့်သလောက်စစ်ဆေးပြီးတော့
"အရမ်းနာတာမျိုးဖြစ်လား.."
"ဟင့်အင်း.."
"ဖြည်းဖြည်း.."
သူမေ့ပြီးခေါင်းကိုခါယမ်းတော့ဦးကသူ့ကိုဖြည်းဖြည်းလုပ်ဖို့သတိပေးလာသည်။
"ဒါဆိုအကြောတွေကတော့လွတ်ပါတယ်..မေးခိုင်ကာကွယ်ဆေးကလည်းထိုးပြီးပြီဆိုတော့
လူနာသက်သာတာနဲ့ဆေးရုံကဆင်းလို့ရပါပြီ..„Taehyungဒေါက်တာကိုခေါင်းသာငြိမ့်ပြလိုက်မိတယ်။ဒေါက်တာနဲ့သူနာပြုမလေးထွက်သွားတော့TaehyungကအခုထိဘာစကားမှမပြောပဲHoseokကိုစိုးရိမ်သလိုလေးစိတ်ပူသည့်မျက်နှာထားလေးနဲ့အရိပ်တကြည့်ကြည့်မို့..။