Part 5(U+Z)

311 44 14
                                    


အချိန်မတော်လူအိပ်ချိန်ဖြစ်နေပေမဲ့မအိပ်နိုင်တဲ့တစ်ယောက်သောသူကJungkookသာ

လက်ဝှေ့ရုံကမြေညီထပ်တွင်မီးထွန်းထားပြီးသူ့ရှေ့ကသဲအိတ်ကိုဒေါနဲ့မောနဲ့ထိုးလိုက်ကန်လိုက်လုပ်နေမိတာသူကိုယ်တိုင်တောင်သတိထားမိမယ်မထင်

"Jungkook"

သဲအိတ်တွေကိုထိုးနေရင်းကစီနီယာကခေါ်လာတာမို့ဘာလဲဆိုသည့်အကြည့်ဖြင့်ကြည့်လိုက်တော့

"မင်းဘယ်လိုဖြစ်နေတာလဲ..နောက်ထပ်ပွဲရှိသေးလို့လား"

Jungkookခေါင်းခါပြပြီးသဲအိတ်ကိုဆက်ထိုးနေသည်။

"ဒါဆိုဘယ်လိုဖြစ်တာလဲ.."

"ကျွန်တော်ကဘာဖြစ်နေလို့လဲ.."

ကလေးလေးလိုစိတ်မရှည်တဲ့လေသံနဲ့ပြောတော့

"မင်းပုံကိုလည်းမင်းပြန်ကြည့်ချွေးတွေကတအားထွက်နေတာအသက်ရှုတာလည်းတအားပြင်းနေတာ..ဒီပုံတိုင်းဆက်လုပ်နေရင်အမောဖောက်သွားမယ်"

"ကျွန်တော့်ကိစ္စနဲ့ကျွန်တော်.."

"မင်းကိစ္စကဘာလဲငါ့ကိုပြော..ငါကမင်းအကိုပါ..မင်းပြောလို့ရတယ်"

ဟုတ်သည်။စီနီယာကသူ့အတွက်တော့အကိုတစ်ယောက်လိုပင်

"ညနေကအဖေ့မိန်းမနဲ့တွေ့လာလို့.."

"ဪ..ဟိုအမျိုးသမီးလား.."

"ဟုတ်တယ်.."

"အဲ့တာဘာဖြစ်လဲ"

Fleshback

Jungkookဆေးရုံကဝုန်းတိုင်းကြဲကာထွက်လာမိတယ်။ဘာရယ်တော့မဟုတ်သူ့ကိုတော့ရန်လိုနေပြီးဆရာဝန်ကျကောင်းကောင်းဆက်ဆံတဲ့အဲ့ဒီကောင်လေးကဘာလဲ။သူခွဲခြားခွဲခြားဆက်ဆံခံလိုက်ရလို့မကျေမနပ်ဖြစ်နေခြင်းသာ

တကယ်ဆိုမမြင်ချင်ယောင်ဆောင်သွားလဲရတာကိုစေတနာနဲ့ဝင်ကူပေးခဲ့သည်။ဒါကိုကျေးဇူးမတင်ဟိုဟာလှန်ပြဆိုတဲ့စကားပုံလိုပဲသူ့ကိုတော့ထုရိုက်နေလိုက်တာများဟိုဆရာဝန်ကြတော့ချိုနေတာပဲ

သူ့ပါသူအတွေးလွန်ရင်းလမ်းစုံလမ်းခွတွင်ကားတစ်စီးကသူ့ကိုပွတ်တိုက်သွားသည်။သူချော်လဲရုံသာဖြစ်ပြီးထိုကားကိုလည်းမြင်ဖူးနေသည်။ကားပေါ်ကဆင်းလာတဲ့အမျိုးသမီးကိုတွေ့မှပဲသူသိတော့တယ်

Your Father Is Also My DaddyWhere stories live. Discover now