16'

5.7K 514 12
                                    


ရှောင်းအိမ်တော်၏ဥယျာဉ်ထဲ၌...

မို့အစ်နေတဲ့မျက်ခွံတို့နဲ့ငူငူကြီးထိုင်နေတဲ့ရှောင်းအိမ်တော်ရဲ့သခင်လေး ရှောင်းကျန့်
သူ့ရှေ့မှာတော့ ကျုံ့ကျုံ့လေးထိုင်လို့အရိပ်အခြေကြည့်နေတဲ့16နှစ်အရွယ်ကလေးမလေးတစ်ယောက်ရှိတယ်။ သူမကရှောင်းအိမ်တော်ရဲ့အလုပ်သမားတွေထဲကတစ်ယောက် ငယ်ငယ်တည်းကမိဘတွေမရှိတော့သူမို့ဦးလေးဖြစ်သူအိမ်တော်ထိန်းကြီးနဲ့အတူနေထိုင်လာခဲ့ရခြင်းဖြစ်သည်။

"လင်အာ  ငါမှားလား ဟမ်
ဒီကောင်ငါ့အပေါ်လူပါးဝသွားလား မဝသွားဘူးလား နင်ဖြေစမ်းပါအုံး"

"အဲ!
သေချာပေါက်ပေါ့  အကိုလေးရဲ့"

"ဘာကိုသေချာပေါက်လဲ!  ရှင်းရှင်းလင်းလင်းဖြေပေး"

လင်အာအကြပ်ရိုက်နေပြီ  သူမတစ်မနက်လုံးအကိုလေးရဲ့ရင်တွင်းခံစားချက်တွေကိုနားထောင်နေရခြင်းဖြစ်ပြီး မကြာခဏလည်းသူတို့လင်လင်တွေအကြားမှတ်ချက်တွေပေးခိုင်းတတ်ပြန်သည်။ ကြားသုံးကြားမဝင်ကောင်းဘူးဆိုတာကောင်းကောင်းကြီးသိတဲ့သူမ  ဘယ်လိုလုပ်ပြီးအကိုလေးတို့ကြားမှတ်ချက်ဆိုးဆိုးတွေပေးရဲမှာလဲလို့။ ပြီးတော့သူမကခုမှရည်းစားတောင်ဘာလဲမေးယူရမယ့်စင်ဂယ်စစ်စစ် ကလေးလေးပဲရှိသေးတဲ့ဟာ  အိမ်ထောင်ရေးကိစ္စတွေလာပြောတော့ဘာသိမှာလဲလို့။

လင်အာကငိုမဲ့မဲ့ဖြစ်လာပြီ  ဖြစ်နိုင်ရင်အကိုလေးရှေ့ကနေဝှစ်ခနဲပျောက်ကွယ်သွားလိုက်ချင်မိသည်။

ဘာ့လို့သူမကျောင်းပိတ်ရက်မှအကိုလေးကသူ့ယောက်ျားနဲ့ရန်ဖြစ်လာရတာလဲလို့!!

"ဖြေလေ!"

"ဟုတ်
ဝမ်အကိုလေးက အကိုလေးကိုလူပါးဝသွားတာ သေ သေချာပါတယ်"

ရင်ထဲမှာကျိတ်ငိုရင်းအဖြေပေးလိုက်တယ်။နောင်ခါသူတို့ပြန်တည့်သွားရင်ဒီကိစ္စကိုအစပြန်မဖော်ပါစေနဲ့  ဘုရား ဘုရား...

"ဘာ့လို့အဲ့လိုလုပ်ရတာလဲ
ငါက... ငါ က သူ့အတွက် ပျင်းဖို့ကောင်းလာလို့လား.." ရှောင်းကျန့်ကဝမ်းနည်းနေသလိုပြောလာတော့လင်အာသက်ပြင်းလေးချရင်း

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now