09'

6.3K 583 3
                                    


မနက်ရှစ်နာရီတီးပြီးနေပေမယ့်
အလုပ်လည်းသွားစရာမလို ကိုယ်လက်တွေလည်းနာကျင်လှတာမို့ရှောင်းကျန့်ခေါင်းအုံးကိုမျက်နှာနှစ်ကာ အိပ်ယာအား နှစ်ရှည်လများကွဲကွာနေခဲ့ရသောချစ်သူရည်းစားပမာမခွဲနိုင်မခွာရက်ဖြစ်နေတယ်။

ရိပေါ် သူမနက်စာပြင်ပြီးလို့ကျောင်းသွားဖို့ပြင်ဆင်ပြီးသည့်တိုင် အိပ်ယာပေါ်မှချစ်ဇနီးကမထသေးတော့နှိုးရန်ပြင်ရတော့တယ်။

"ထတော့လေ ခင်ဗျားဒီနေ့အလုပ်မသွားတော့ဘူးလားး"

"အမ်း... အင်း..."

စောင်ကိုပါခေါင်းမြီးခြုံလိုက်ကာ ပုစွန်တုပ်လေးလိုကွေးနေပြန်တာမို့ ရိပေါ်အသဲတယားယားရှိလာတယ်။

"ဟိုနေ့ကလို countdownခေါ်ရမှာလား"

ထိုသို့ပြောတောင်ရှောင်းကျန့်ကလုံးဝမတုန်လှုပ်ပေ
သူကအိပ်ချင်မူးတူးလေသံနဲ့တောင်ပြန်ပြောလိုက်သေးသည်။

"ခေါ်ချင်တာခေါ် ဒီနေ့ ဒီဆရာအိပ်ယာပေါ်ကလုံးဝမထဘူး"

"အိုး!  တကယ်ကြီးလား"

"....."  ငါဘာ့လို့မကောင်းတဲ့အငွေ့အသက်တွေခံစားမိလိုက်ပါလိမ့်

ရိပေါ်ကချက်ချင်းပဲခုတင်ပေါ်တက်ကာ ရှောင်းကျန့်ကိုယ်လေးကိုစောင်နဲ့သိမ်းထုပ်ဖက်ပစ်လိုက်ပြီး စောင်ထဲမှထိုးထွက်နေတဲ့ခေါင်းလေးကိုတဖွဖွနမ်းတယ်။ အင့်အင့်အဲအဲနဲ့ကုတင်ပေါ်မှာမိနစ်အနည်းငယ်လောက်လုံးထွေးပြီးသည့်နောက် ရှောင်းကျန့်တစ်ယောက်မြေခွေးကြီးလက်ထဲမှလွတ်မြောက်သွားတော့တယ်။

သူခုတင်အောက်ရောက်သွားပြီဆိုရင်ပဲ

"ဟမ့် မင်းလောက်ကတော့  သ နား တယ်.."

ရှောင်းကျန့်နှာခေါင်းကိုလက်မလေးနဲ့ ဘရုစလီစတိုင်ပွတ်ဆွဲလိုက်ပြီး မျက်ဖြူလှန်ပြလျှာထုတ်ပြကာရေချိုးခန်းထဲတန်းနေအောင် ပြေးဝင်သွားတော့သည်။

တမင်လွှတ်ပေးလိုက်တာကို သူ့ကိုယ်သူလွတ်အောင်ရုန်းနိုင်တယ်ဆိုပြီးအထင်ကြီးသွားတဲ့ယုန်စုတ်လေး​ကြောင့် ရိပေါ်တခိခိနဲ့ရယ်ကျန်ခဲ့တယ်။

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now