18'

5.1K 458 11
                                    

ဧည့်ခန်းကထိုင်ခုံတွင်လူသုံးယောက်ကမျက်နှာငယ်လေးတွေနဲ့တူညီစွာဒူးထောက်နေကြတယ်။တစ်ယောက်ကတော့စိတ်လေနေတဲ့ပုံနဲ့တစ်ဖက်ကိုမျက်နှာလွှဲထားတယ်။တစ်ယောက်သောသူကတော့ဒေါသထွက်နေပြီး ဒူးထောက်နေတဲ့သုံးယောက်ကိုဖောက်ထွက်မတတ်လေဆာတွေပစ်လွှတ်နေတယ်။

"ကော.."

"တိတ်စမ်း!"

သုံးယောက်စလုံးဇက်လေးတွေပုဝင်သွားကြတယ်။ ဘယ်လိုဖြစ်လို့ဒီလောက်တောင်သူ့ကိုအကွက်စင်ပြီးအပိုင်ကြံတတ်ကြတာလဲလို့။ဒီဉာဏ်များတဲ့မြေခွေးသုံးကောင်ကတော့လေ

ရှောင်းကျန့်သွေးတက်လာတာကြောင့်ဇက်ကြောကိုနှိပ်နေရပြန်တယ်။

ကျင်းဟွမ်လုကရိပေါ်ကိုတံတောင်နဲ့တွတ်လိုက်ကာရှောင်းကျန့်ကိုမေးငေါ့ပြတယ်။ သဘောကမင်းအာမခံထားတဲ့ကိစ္စကိုရအောင်ရှင်း။
သူတို့ကရိပေါ်ရေးထားတဲ့ဇာတ်ညွှန်းအတိုင်းလိုက်ကရတာလေ ဘာ့လို့အပြစ်သားလိုဒူးထောက်နေရတာလဲလို့! ယွီဟွားလန်ဟာလည်းသေချာပေါက်ထိုကဲ့သို့ပင်တွေးနေမိတယ်။

သူမတို့ကတကယ်ရိပေါ်ခိုင်းတဲ့အတိုင်းတသွေမသိမ်းလိုက်ပါကူညီအားဖြည့်ပေးရုံတင်လေ။ဒီလိုကြီးဒူးထောက်ခိုင်းတာတော့မတရားပါဘူး!

ဝမ်ယွီ သူမကတော့သုံးယောက်စလုံးကိုမကြည့်ချင်တာကြောင့်မျက်နှာလွှဲထားတုန်းပဲ။ အကွက်ဆင်ထားတဲ့ကိစ္စအားလုံးကိုသိပြီးပြီမို့ မတ်လေးကသူတို့သုံးယောက်ကိုစိတ်ဆိုးပြီးသတ်မပစ်တာကပင်တော်တော်ကောင်းနေပြီမို့။

"မင်းတို့ကောင်တွေ လူရောဟုတ်ကြသေးရဲ့လား!"

"အဲ့ဒါက ကျန့်ကောကိုချစ်လို့ဖြစ်သွားတာပါလို့ဆို.."

"မင်းပါးစပ်ပိတ်!" ရှောင်းကျန့်ရှက်ရှက်နဲ့ပိတ်အော်လိုက်မိတယ်။ တကယ်ပဲအရှက်ကိုမရှိဘူး သူဒီလူသုံးယောက်ရှေ့မှာ ရိပေါ်ဆီကချစ်တဲ့စကားတွေကြားနေရတာအခွန်းပေါင်းမနည်းတော့ဘူး။သူကရှင်းပြနေတာလား ချစ်စကားပြောနေတာလားတောင်မသဲကွဲချင်လာတော့ဘူး။

"ငါလည်းမင်းကိုမင်္ဂလာမဦးမိခင်တည်းကဖုန်းကြိုဆက်သားပဲ မင်းကငါ့ကိုကျိန်ဆဲပြီးတောင်ဖုန်းချလိုက်သေးတာလေ..
အဲ့ဒါငါ့အပြစ်မဟုတ်ဘူး မင်းအပြစ်!ပဲ" ဟွမ်လုကပြောလည်းပြောမတ်တပ်ထရပ်ကာလက်ပိုက်လို့ ဟွန့်အသံပြုပြီးမျက်နှာကိုတောင်တစ်ဖက်လှည့်လိုက်သေးတယ်။

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now