19'

5.2K 442 5
                                    

ရိပေါ်အသက်၁၇နှစ် ၁၈ပြည့်ဖို့၁၅ရက်သာလိုတော့သောအချိန်။ အကောင်းစားအစ်မဝမ်ယွီကြောင့်လူရှုပ်လွန်းတဲ့ကလပ်ကိုရောက်နေရတယ်။အသည်းကွဲကာကလပ်သွားပြီးဗုံးကျဲနေတဲ့ဝမ်ယွီကအကြီးအကျယ်ပင်။

"မောင်လေး နင်ပဲစဥ်းစားကြည့်ဟာ.." သူမကပြောပြီးအရက်တစ်ခွက်မော့သောက်လိုက်တယ်။ရိပေါ်သူမအစားမျက်နှာပင်ရှုံ့မိသွားရသည်။သူမသောက်လိုက်တာစပ်အရက်မဟုတ်ဘဲဒီတိုင်းအရက်သက်သက်ကြီးလေ။

မျက်ရည်တလည်ရွှဲနဲ့ဝမ်ယွီကရိပေါ်ပုခုံးမှအင်္ကျီစအားတွန့်ကြေတဲ့အထိဆုပ်ကိုင်ကာသူမရင်ဘတ်ကိုလည်းထုလို့အော်ဟစ်ငိုကြွေးနေတယ်။တကယ်ပဲ ဝမ်မိသားစုရဲ့သမီးဖြစ်နေပြီးတော့အရှက်တရားတောင်မရှိတော့ဘူးပဲ။

"ငါဒီလောက်လိုက်နေတာကို ရှောင်ဟွားကလေ..ယောက်ျားတွေကိုပဲကြိုက်တာတဲ့ဟ!"

"ကျစ်  အစ်မရာ..မိန်းမကယောက်ျားကိုပဲကြိုက်မှာပေါ့  နင်ဘာအရူးထနေတာလဲ"

ရိပေါ် သူ့ပုခုံးပေါ်မှလက်ကိုဖယ်ချကာစိတ်ပျက်သလိုပြောလိုက်တယ်။

"ခွေးကောင်လေး...မိန်းမကမိန်းမကိုကြိုက်လည်းရပါတယ်ဟ! ယောက်ျားကယောက်ျားကိုကြိုက်လည်းရတယ်  အချစ်မှာကျားမဆိုတာမရှိဘူး!"

အခုချိန်ကလပ်မှာတီးလုံးသံတွေနဲ့ဆူညံနေလို့သာဝမ်ယွီအသံကိုသိပ်မကြားရတာ။တီးလုံးသံတွေသာမရှိခဲ့ရင် သူ့အသံကဟိန်းထွက်နေမှာသေချာတယ်။ဝမ်ယွီဒီလောက်ထိပြိုလဲကြေကွဲနေပုံကိုရိပေါ်တစ်ခါမှမမြင်ဖူးခဲ့ပေ။သူသိတတ်စအရွယ်တည်းကဝမ်ယွီဆိုတာမာကျောလှတဲ့ကျောက်စိုင်ကျောက်သားတွေနဲ့ဖွဲ့စည်းထားတဲ့လူတစ်ယောက်လိုပဲလို့သူသိထားတာ။တစ်ခါတစ်ရံကလေးထက်ဆိုးတတ်ပေမယ့် သူမကသန်မာပြီးထက်မြက်တယ်။ငယ်ငယ်ရွယ်ရွယ်နဲ့နိုင်ငံခြားထွက်သွားပြီးထိုမှာလုပ်ငန်းတွေကိုအောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့တယ်။

သူမကဝမ်မိသားစုရဲ့ဂုဏ်ယူစရာမိန်းမသားတစ်ဦးပဲ။

အခုတော့ မိန်းမတစ်ယောက်ကြောင့်ပြိုလဲနေသည်တဲ့  လူကြားလို့မှမကောင်း။

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now