04'

7.4K 670 10
                                    


ဝမ်ရိပေါ် ကျောပိုးအိတ်ကိုဖြစ်သလိုပင်ဘေးတစောင်းလွယ်လိုက်ကာ အခန်းထဲမှထွက်လာခဲ့တယ်။ ထမင်းစားပွဲမှာတော့မနက်စာစားနေပြီဖြစ်တဲ့ရှောင်းကျန့်ကိုတွေ့လိုက်တယ်။

သူကြော်ထားတဲ့မနက်စာထမင်းကြော်အားစားသောက်နေတာမြင်တော့ရိပေါ်ပြုံးယောင်သန်းသွားတယ်။ ရှောင်းကျန့်ကသူ့ကိုသာမကြည်တာ သူချက်ကျွေးသမျှတော့အကုန်စားတယ်။
သူရှောင်းကျန့်အရှေ့တွင်သွားရပ်လိုက်ပြီး

"ခင်ဗျား ရုံးသွားတော့ဖို့လား"

"စားပြီးရင်သွားတော့မှာ"

"ဒါဖြင့် ကျွန်တော်လည်းလမ်းကြုံလိုက်ခဲ့လို့ရလား"

"မရဘူး"

အားနာနာနဲ့ပြန်ဖြေတာကတုံးတိပဲ

ရိပေါ်မျက်ခုံးပင့်လိုက်မိတယ်။ ထို့နောက်ရှောင်းကျန့်ရှေ့လက်ဖဝါးဖြန့်လိုက်တော့ ဘာကြောင်တာလဲဆိုပြီးကြည့်လာတယ်။ ပြီးတော့ဖြန်းခနဲမြည်အောင်လက်ဝါးကိုရိုက်လိုက်ပြီး သူ့ထမင်းသူဆက်စားနေပြန်တယ်။

"ထမင်းဖိုးပေး"

"ဘာ!"  ရှောင်းကျန့်ထမင်းနင်မလိုတောင်ဖြစ်သွားရတယ်။

"ခင်ဗျားကိုထမင်းချက်ကျွေးလာရတာ သုံးရက်ရှိပြီ  ထမင်းတစ်နပ်ကိုယွမ်၅၀၀ တစ်နေ့သုံးနပ်
သုံးရက်ဆိုတော့... ၄၅၀၀ယွမ်
ပေး.."

"....."

ရှောင်းကျန့်ပါးစပ်အဟောင်းသား
အမေရေ အမေသဘောတူလိုက်တဲ့အမေ့သမက်ကိုလာကြည့်လှည့်ပါအုံး အမေရေ့ လို့ သာ အော်လိုက်ချင်တော့တယ်။

ဘယ်လင်မယားတွေကသူတို့အိမ်ထောင်ဘက်ကိုထမင်းဖိုးတောင်းဖူးလို့လဲဟ!

ပြောတာလည်းဟုတ်တယ် ဒီရက်ပိုင်းသူ့ပိုက်ဆံတစ်ပြားမှထုတ်ရတာမဟုတ်ဘူး အဲ့ဒါကြောင့်သူလည်းတမင်မသိချင်ယောင်ဆောင်နေခဲ့တာ

အခုတော့ ထမင်းဖိုးတောင်းခံနေရပြီတဲ့လား

ရှောင်းကျန့်ကအဖေတူသားကပ်စေးအိုး သူစပြီးစျေးဆစ်တော့တယ်။

"၄၅၀၀ယွမ်? ဝမ်ရိပေါ်မင်းမများလွန်းဘူးလား အပြင်မှာဝယ်စားတောင်အဲ့လောက်မကုန်ဘူး"

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now