02'

8.5K 701 6
                                    

ကျိန်းစပ်နေတဲ့မျက်လုံး နာကျင်ကိုက်ခဲနေသောခန္ဓာကိုယ်ဖြင့်နိုးထလာရတဲ့မနက်ခင်းဟာတကယ့်ကိုကျက်သရေမဲ့တာပဲ

ညကအရှိန်တွေကြောင့်ရောသူ့မှာလှုပ်တောင်မလှုပ်ရဲဘူး လှုပ်တိုင်းနာလို့ ဟိုသကောင့်သားကတော့သူမလုပ်ခဲ့တဲ့အတိုင်းဇိမ်နဲ့အိပ်နေတယ်။

လည်ပင်းညှစ်ဖို့လက်မြောက်လိုက်ပေမယ့်လက်မောင်းတွေလည်းနာနေတာမို့လက်လျော့လိုက်ရတယ်။ ဖြစ်နိုင်ရင်ခေါင်းအုံးနဲ့တောင်ဖိသတ်ချင်တယ် ဒင်းကို

သူသက်သက်ယုတ်မာခံရတာကို
တွေးမိလေလေခံပြင်းလေ ဒေါသထွက်လေပဲ

..

ညက..

"ခင်ဗျားကိုနမ်းခွင့်ပေးရင် ကျုပ်ပြောပြမယ်လေ"

ကြောင်အသွားတဲ့ရှောင်းကျန့် "...."

ကြောင်အနေရာမှ တစ်ဖက်လူရဲ့ပြုံးစိစိမျက်နှာပေးကြောင့်ဒေါသထွက်လာသောအခါ

"ချီးပဲ မင်းကများငါ့ကိုစရဲတယ်ပေါ့"

ဟက်ခနဲရယ်ကာထွက်သွားဟန်ပြင်နေတဲ့လူကြောင့်ရှောင်းကျန့်အရှေ့မှထပ်မံပြီးပိတ်ရပ်လိုက်တယ်။ လူပုံစံဂျစ်ကန်စတိုင်မို့သူဒီလူ့ကိုလေပြေသွေးပြီးမေးမှရမယ်။

"မင်းနာမည်ဘယ်သူလဲ"

သူ့အပြုအမူကြောင့်တစ်ဖက်ကမျက်မှောင်ကြုတ်ပြီးစိတ်မရှည်သလိုသက်ပြင်းချလိုက်ပေမယ့်မေးတာတော့ပြန်ဖြေပေးသေးတယ်။

"ဝမ်ရိပေါ်"

"ဟုတ်ပြီ  ဝမ်ရိပေါ် ဟွားလန်မှာပြဿနာတစ်ခုခုရှိနေတာလား
အခုသူဘယ်မှာလဲ ငါ့ကိုပြောပြ"

"....ကျစ်."

မေးနေတာကိုမဖြေဘဲကျစ်သပ်ကာထွက်သွားဖို့ထပ်ပြင်နေတာမို့ ရှောင်းကျန့်လက်မောင်းကိုဆွဲကိုင်ကာ

"ဟေ့ မေးနေတာဖြေလေ ဘယ်ထွက်သွားဖို့လုပ်နေတာလဲ"

"ကျုပ်သွားတာ ခင်ဗျားကိုပြောနေရအုံးမှာလား ငရှုပ်ပဲ"

"ဘာ! မင်း.."

"ဘာလဲ မင်္ဂလာဦးညဆိုပြီးခင်ဗျားနဲ့တူတူရှိနေပေးစေချင်နေတာတော့မဟုတ်ပါဘူးနော်
စိတ်ကူးထဲတောင်မထည့်နဲ့.."

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now