11'

5.8K 565 3
                                    

"မေမေရေ..."

"အမယ်လေးဟဲ့"

တံခါးဖွင့်လိုက်သည်နှင့် သူ့အရပ်ကြီးမှအားမနာ အမေ့ကိုယ်ပေါ်မှီကာဖက်တွယ်လာတာကြောင့် Mrs.Xiaoမှာ နောက်သို့အနည်းငယ်ယိုင်သွားရတယ်။

"မေမေ့ကိုအရမ်းလွမ်းနေတာ"

"ကဲပါ ခဏဖယ်ပေးပါအုံး ငချွဲလေးရဲ့"

"မေမေကလည်း..."

"ဒါနဲ့ ဒီနေ့ရုံးပိတ်ရက်မဟုတ်ဘူးလားလို့.."

"အာ..အဲ့တာကလေ..."

...

"ဘာ အလုပ်ထွက်သွားပြီ"

"ဟုတ်တယ် မန်နေဂျာကိုမကျေနပ်လို့ဆိုပြီးအလုပ်ထွက်သွားတာ.. သူ့ပစ္စည်းတွေကိုတောင်ငါ​ပြန်ပို့​ပေးရသေးတယ်"

"ဘယ်လိုဖြစ်နိုင်မှာလဲ မနက်ကတင်အလုပ်ကိုသွားတာလေ.."

"ကြည့်ရတာ ညီလေးမသိသေးတာဖြစ်မယ်
ရှောင်းကျန့်အလုပ်ထွက်သွားတာ တစ်ပတ်တောင်ကျော်သွားပြီ.."

တစ်ပတ်တောင်ရှိပြီ? သူနေမကောင်းလို့ခွင့်ယူထားတာထင်နေတာ

ရိပေါ် ရှောင်းကျန့်ကိုထမင်းဘူးလာပို့ခြင်းဖြစ်သည်။နေကောင်းခါစမို့အ​ပြင်စာ​တွေကိုခံတွင်းမတွေ့မှာကြောင့် သူကိုယ်တိုင်ချက်ပြုတ်ပြီးလာပို့ခြင်းပင်။

"ဒီကအထက်လူကြီးနဲ့တွေ့ချင်တယ်"

အေးစက်စက်ပြောလာတဲ့ကောင်လေးရဲ့စကားကြောင့် သချီကျောထဲစိမ့်ခနဲ ဘာမှန်းမသိပေမယ့်မကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့ခံစားမိနေတယ်။

"ရှောင်းကျန့်နဲ့ပြဿနာဖြစ်တဲ့မန်နေဂျာနဲ့လား ဘာလုပ်မလို့လဲ"

ရိပေါ်ကခေါင်းခါပြကာ

"CEOနဲ့တွေ့ချင်တာ"

"CEO! သူနဲ့ကတွေ့ချင်တိုင်းတွေ့လို့မရဘူးလေ.. မင်းတွေ့ချင်ရင်အတွင်းရေးမှူးကိုကြိုပြောထားရတယ် ဒီလိုလုပ် မနက်ဖြန်လောက်တွေ့ရအောင်အစ်ကိုပြောထားပေးမယ်"

ရိပေါ်မျက်နှာကပိုမိုအေးစက်လာကာ အရှေ့ကိုတိုးလာပြီး

"အခုချက်ချင်း!
မဟုတ်လည်းသူဌေးရုံးခန်းကိုသာလမ်းညွှန်ပေး"

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now