17'

6.2K 524 16
                                    

လောင်ဝူချိန်းထားတဲ့နေရာကိုရောက်နေတာတစ်နာရီလောက်ရှိနေပြီဖြစ်သော်လည်းယခုထိသက်ရှိဆိုလို့ခြင်တစ်ကောင်မျှပင်မတွေ့ရှိသေးပေ။ သို့သော်လည်းစိတ်ရှည်စွာစောင့်နေလျက် မစောင့်ရင်လည်းသူထောင်ကျမှာလေ အဲဒါ့အပြင်လူ့အသိုင်းအဝိုင်းမှာပါသူ့နာမည်ကရစရာမရှိအောင်ပျက်စီးသွားအုံးမှာ

သူစိတ်မရှည်ပေမယ့်ယခုချိန်မှာဘာမှလုပ်လို့မရနိုင်မှန်းလည်းသိနေပါသေးသည်။

မြို့စွန်နားကသစ်စက်ဟောင်းကြီးမှာ သစ်ဖြတ်စက်အဟောင်းတွေကတော့ရှိနေတုန်းပင်။ လောင်ဝူ သူ့ကိုငွေညှစ်နေတဲ့ကောင် မလာသေးသဖြင့်စက်ရုံထဲဟိုသည်ကြည့်ကာပတ်ဝန်းကျင်ကိုစူးစမ်းနေတယ်။

ရုတ်တရက် ဘယ်ကထွက်လာမှန်းမသိတဲ့မီးခိုးတွေထွက်နေတဲ့ဘူးတစ်ဘူးကသူ့ဆီလိမ့်လာပြီး နေရာအနှံ့မီးခိုးတွေပြည့်နှက်သွားခဲ့တယ်။ ဘာလဲဟ! ခေါ်တဲ့အတိုင်းလာတာပဲလေ ဘာကိစ္စလုပ်ကြံတာတုန်း!

"အဟွတ် အဟွတ် ချီး!"

လောင်ဝူဆဲရေးရန်ပါးစပ်ဟလိုက်ပေမယ့်အလုံးအရင်းလိုက်ဝင်လာတဲ့မီးခိုးလုံးတွေကြောင့်အသက်ရှူကြပ်လာတော့တယ်။ သူအဆက်မပြတ်ချောင်းဆိုးရင်းကြမ်းပြင်ပေါ်ပစ်လဲကျသွားတယ်။ သူ့အမြင်အာရုံထဲဝါးတားတားနဲ့နောက်ဆုံးမြင်လိုက်ရတာကအကာအကွယ်မျက်နှာဖုံးကိုယ်စီနဲ့လူနှစ်ယောက်လာနေတာကိုပင်ဖြစ်သည်။

သောက်ကျိုးနည်း ပိုက်ဆံလိုချင်လို့မဟုတ်ဘူးလားဟ!

....

....

ဗွမ်း!

ရေနဲ့အပက်ခံလိုက်ရတာမို့သတိပြန်ရလာတဲ့လောင်ဝူကကုလားထိုင်ပေါ်မှာကြိုးနဲ့အော်တိုအချည်ခံထားရပြီးသား

သူအလန့်တကြားရုန်းလိုက်ပေမယ့်ဘာမှတော့ထူးမလာပါဘူး
သူ့အရှေ့၆ပေအကွာမှာတော့ ကုလားထိုင်တစ်လုံးပေါ်မှာ​Hoddieအနက်ကိုခေါင်းစွပ်ပါစွပ်ထားတဲ့လူတစ်ယောက်ကခြေချိတ်ထိုင်လျက် ထိုလူအနောက်မှာတစ်ကိုယ်လုံးအနက်ဝတ်ထားပြီးmaskတပ်ထားတဲ့လူတစ်ယောက်မတ်တပ်ရပ်နေပြီးသံတုတ်တစ်ချောင်းကိုဟန်ပါပါလွှဲရမ်းနေသေးသည်။ထိုင်နေတဲ့လူကသူ့ခေါင်းစွပ်ကိုဖယ်လိုက်တဲ့ခဏမှာတော့လောင်ဝူအံ့သြထိတ်လန့်ကာရှိသမျှအမွှေးတွေအကုန်ထောင်သွားရတယ်။

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now