06'

6.7K 613 16
                                    


ဝမ်ရိပေါ်အိပ်ယာကနိုးလာတော့အနည်းငယ်ညီးစီစီဖြစ်နေသေးသည်။ ညကညစာစားပြီးတည်းကသူအရမ်းအိပ်ချင်လာလို့အိပ်လိုက်တာနောက်နေ့မနက်ခင်းကိုတောင်ရောက်နေပြီ။

အိပ်ယာဘေးမှာရှိနေရမည့်လူကမရှိနေတော့ရိပေါ်အမြန်ပဲအိပ်ယာထကာအိမ်ထဲအနှံလိုက်ရှာတော့တယ်။ ရှောင်းကျန့်ကသူ့ကိုမကြည်ဖြူပေမယ့်အခန်းတော့ခွဲမအိပ် ကုတင်တစ်ခုတည်းမှာသာသူတစ်စောင်းကိုယ်တစ်စောင်းအိပ်တတ်သည်။

အိပ်ရင်လည်းသူ့အသားထိရင်မကြိုက်တတ်သူမို့ ရိပေါ်မှာလက်ဖျားဖြင့်ပင်မထိဝံ့။

အပြင်ထွက်လာတော့မီးဖိုခန်းမှအသံဗလံတွေကြားလိုက်သဖြင့်ကြည့်လိုက်တော့ရုံးသွားဖို့ပြင်ဆင်ထားဟန် ခါတိုင်းဝတ်နေကျရှပ်အဖြူကိုနက်ခ်တိုင်နီညိုရောင်လေးဖြင့် အင်္ကျီလက်တို့အားခေါက်တင်ထားသေးသည်။ ကုတ်ကတော့စားပွဲပေါ်မှာတင်လျက်သားလေး။

အေပရွန်အနက်ရောင်လေးကိုဝတ်လို့ချက်ပြုတ်နေပုံမှာ ရိပေါ်မျက်ဝန်းထဲထူးဆန်းနေခဲ့တယ်။ ဟုတ်တယ်လေ သူတို့စညားကြတည်းကရှောင်းကျန့်ကစားဖို့ကလွဲဘယ်တုန်းကမီးဖိုချောင်ဝင်ဖူးလို့လဲ..

ပြီးတော့ တမျိုးလေးကြည့်ကောင်းနေပြန်သေးတယ်။ ရိပေါ်လက်လေးပိုက်ကာအပေါက်ဝမှာမှီရပ်လို့ကြည့်ကောင်းကောင်းဖြင့်ကြည့်နေလိုက်တယ်။ စားပွဲပေါ်မှာဟင်းတွေချပြီးတော့ထမင်းတစ်ပန်းကန်ချလိုက်ကာ ဇွန်းရယ်တူရယ်ကိုဘေးတစ်ဖက်စီတွင်ချခြင်းဖြင့် ပြင်ဆင်နေမှုကိုအဆုံးသတ်လိုက်တယ်။

ရိပေါ်ကထိုအချိန်ထိရှောင်းကျန့်ကိုသာမျက်တောင်မခတ်တမ်းကြည့်ရှုနေတုန်း

ရှောင်းကျန့်လက်နှစ်ဖက်အားစိတ်လှုပ်ရှားစွာဖျစ်ညစ်လိုက်ပြီးသက်ပြင်းဖွဖွလေးချလိုက်တာကစ ရိပေါ်ကသူ့မှတ်ဉာဏ်ထဲတဆုံးမှတ်သားနေခဲ့သည်။ ရှောင်းကျန့် သူလုပ်နေသမျှပြီးသွားကာမှအပေါက်ဝမှာသူ့ကိုရပ်ကြည့်နေသောရိပေါ်ကိုမြင်သွားတော့သူ့မျက်နှာလေးဟာနီရဲသွားခဲ့သည်။

ထို့နောက်ပြုံးတုံ့တုံ့အမူအယာလေးဖြင့်ခေါင်းလေးငုံ့သွားကာ ခဏကြာမှပြန်မော့လာတယ်။ သူ့မျက်နှာဟာတော့နီနေတုန်းပဲ

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now