05'

7.3K 599 6
                                    


"ရှောင်းကျန့် မင်းအခုတလောဘာဖြစ်နေတာလဲ တမှိုင်မှိုင်တထွေထွေနဲ့
မင်းမဟုတ်တဲ့အတိုင်းပဲ.."

လုပ်ဖော်ကိုင်ဖက်ဖြစ်သူကပြောလာတော့ ရှောင်းကျန့်သက်ပြင်းကိုအရှည်ကြီးချပစ်လိုက်တယ်။

"ဟင်း~~~"

"မိန်းမနဲ့အဆင်မပြေလို့လား ဒါမျိုးကဖြစ်တတ်ပါတယ်ကွာ အိမ်ထောင်တစ်ခုရယ်လို့ဖြစ်လာရင်ဒါမျိုးကကြုံနေကြကွ"

လူပျိုကြီးသချီကဝါရင့်သမားကြီးလိုလိုပြောနေတော့ ရှောင်းကျန့်ပြုံးတုံ့တုံ့ဖြစ်သွားတယ်။

"မင်းကအိမ်ထောင်လည်းမကျသေးဘဲနဲ့ ဘယ်လိုလုပ်သိနေတာလဲ"

ရှောင်းကျန့်မျက်လုံးကိုမှေးကာလက်ညိုးလေးထိုးလို့

"မှန်မှန်ပြော မင်းမှာတိတ်တိတ်ပုန်းမိန်းမရှိနေတာမလား"

"ဟာ ဟေ့ ဟေ့ ရှောင်းကျန့်...မင်းပေါက်ကရတွေမပြောနဲ့နော်"

"ဟီး ဟီး သိဘူးလေကွ မင်းလေသံကအိမ်ထောင်ဆက်သုံးဆက်လောက်ရှိထားဖူးတဲ့လူရဲ့လေသံနဲ့တူနေတာကိုး"

"ဟွင့်  ဒီမှာ ငါဘာ့လို့လူပျိုကြီးလုပ်နေလဲသိလား"

"ကြိုက်မယ့်လူမရှိလို့လေ"

"..."

"ကြိုက်မယ့်လူမရှိလို့မဟုတ်ဘူးကွ!
ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့အတွဲတွေဘယ်အတွဲမှမြဲတာမတွေ့ရလို့  ပြီးတော့ ငါ့မိဘတွေနဲ့ငါ့ကိုယ်ငါတောင်လုပ်ကျွေးလို့မဝသေးတာကို သူများသားသမီးကိုထပ်ပြီးလုပ်မကျွေးချင်လို့ကွ

အဲ့ဒါတွေထက်အဓိကကတော့ အပူမရှာချင်လို့ပေါ့သားရီးရယ်..
အခုပဲမင်းပူနေရပြီမဟုတ်လား"

ရှောင်းကျန့်ခပ်ပြုံးပြုံးနဲ့ခေါင်းငြိမ့်လိုက်တယ်။

သူသာအပူမရှာချင်ခဲ့ရင် အခုလို 'ယောက်ျား'ရနေမှာမဟုတ်ဘူး

"ဒါနဲ့ မင်းလက်ထပ်ပွဲတုန်းကငါ့မှာမင်းမိန်းမကိုသေချာတောင်မမြင်လိုက်ရဘူး
တစ်နေ့လောက်သေချာမိတ်ဆက်ပေးပါအုံးကွ"

ရှောင်းကျန့်ကျောမတ်သွားတယ်။

သူလက်ထပ်ခဲ့တာကို ဒီကောင်တွေခုချိန်ထိမိန်းမလို့ထင်နေသေးပုံပင်။ သချီစကား​ကြောင့်ဘေးမှလူတွေကပါဝိုင်းပြီးအာရုံစိုက်လာကြတယ်။ သူတို့လည်းလျှပ်တပြက်သာမြင်တွေ့လိုက်ရတာတောင် တော်တော်ချောလှတဲ့အမျိုးသမီးမှန်းမြင်တွေ့ခဲ့ရတာမို့ ထပ်ပြီးတွေ့ဖူးချင်မိသည်။

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now