08'

6.3K 586 11
                                    


သုန်မှုန်နေတဲ့မျက်နှာနဲ့ဂျာကြီးလေအိုးရုံးခန်းထဲမှပြန်လာတဲ့ရှောင်းကျန့်ကို သချီကစူးစမ်းသလိုကြည့်လာတယ်။ သူတို့ဒီဇိုင်နာအဖွဲ့အခန်းကဂျာကြီးအခန်းနဲ့မျက်နှာချင်းဆိုင်အခန်းဖြစ်သည်။ သချီကသူ့ထိုင်ခုံကိုရှောင်းကျန့်ထိုင်နေတဲ့ဘေးသို့ရွှေ့လိုက်ပြီး

"ရှောင်းကျန့် လေအိုးကမင်းကိုဘာပြောလိုက်ပြန်တာလဲ"

ရှောင်းကျန့်ကဒေါသသံနဲ့သူ့လက်ထဲမှဖိုင်ကိုစားပွဲပေါ်ပစ်ချလိုက်ကာ
"မပြောချင်ပါဘူးကွာ  အလကား.. CEOလည်းမဟုတ်ဘဲနဲ့စောက်ရမ်းဆရာစားချင်ပြီး စောက်ရမ်းအာဏာပြချင်တာပဲ
ချီးထုပ် မန်နေဂျာ"

"ဘာဖြစ်တာလဲ"

"ဘာဖြစ်ရမှာလဲ ဒီလအတွက်ထုတ်မယ့်အင်္ကျီဒီဇိုင်းတွေကိုသဘောမကျဘူးတဲ့လေ.. ဟိုတစ်နေ့ကတင်သူပဲကောင်းတယ်ပြောပြီးတော့

တစ်ခါမဟုတ်နှစ်ခါမဟုတ် ​ေ-ာက်အမျိုးမျိုးကိုတတ်နိုင်တယ် ပစိပစပ်ကအရမ်းများ အဲ့ဒါကြောင့်ဂေါ်မစွံတဲ့လူပျိုကြီးဖြစ်နေတာ.."

သချီမျက်နှာကအားတက်သရောပြန်ပြောဖို့ပြင်ပြီးမှ ချက်ချင်းဖြူလျော့သွားကာ

"ရှောင်း  ကျန့် "

"ဘာလဲ"

သချီကအနောက်ကိုမျက်လုံးလေးစွေပြလိုက်တော့ ရှောင်းကျန့်သုန်မှုန်နေတဲ့မျက်နှာထားနဲ့ပဲအနောက်ကိုလှည့်ကြည့်လိုက်တယ်။ သူ့နည်းတူသုန်မှုန်နေတဲ့မျက်နှာနဲ့တံခါးဝမှာရပ်နေတာကတော့ ဂေါ်မစွံတဲ့လေအိုးဂျာကြီး

ရှောင်းကျန့်ကပုံမှန်ဆိုပြာသွားလောက်ပေမယ့် အခုတော့နည်းနည်းလေးမှတုန်လှုပ်မသွားဘူး သူကိုယ်ကိုထိုဘက်သို့မျက်နှာချင်းဆိုင်အပြည့်လှည့်လိုက်ပြီး ရှုတည်တည်ပြန်ကြည့်ပေးလိုက်တယ်။
မန်နေဂျာကဒေါသကြောင့်သူ့ရဲ့ပြောင်နေတဲ့နဖူးအထိတောင်နီရဲနေပြီ။

"လုပ်ငန်းခွင်မှာအထက်လူကြီးရဲ့အတင်းကိုပြောနေတယ် မင်းကိုယ်မင်းဘာထင်နေလဲရှောင်းကျန့်"

"လူထင်တယ်"

"ဘာ!"

"ငါပြောခဲ့တာတွေထဲမှာအမှားတစ်ခုလောက်ပါတာနဲ့ ဒီမှာရှိတဲ့လူဦးရေနှစ်ဆနှုန်းအရေအတွက်နဲ့ငါ့ပါးကိုချခွင့်ပေးတယ်...

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now