e.p(1)သောက်ကလေးကရုပ်ဆိုး​ တယ်(သာက္ကေလးက႐ုပ္ဆိုးတယ္)

7.9K 252 2
                                    

ဆူးညံ့ပြီးလူတွေရှုပ်နေတဲ့မြို့လေးရဲ့စျေးထဲမှအဖိုးအိုပြောစကားသေချာနားထောင်နေသော ကလေးတွေကစိတ်ဝင်စားဟန်အဖိုးအို
ကြည့်နေကြကာအဖိုးအိုပြောပြမည့်ထူဆန်း
သည်ပုံပြင်များကိုနားထောင်ချင်ကြသည်။

"အဖိုးဒီနေ့ဘာအကြောင်းပြောပြမှာလည်း"

ခက်စွာစွာကလေးမလေးရဲ့‌မေးသံအဆုံး
အဖိုးအိုကစကားစလိုက်တော့သည်။

"ဒီမြို့ရဲ့ဟိုတခြားတဖက်ကစုန်းထီးလေး
တစ်ယောက်ကြောင်းပြောပြမယ်"

"စုန်း"ဟုသောအသံရေရွက်သံကတိုးတိုးလေး ထွက်လာသည်။

အရင်တုန်ကအဲ့စုန်းထီးလေးကလူတွေနဲ့အတူနေ
ပြီးလူတွေကိုကူညီတတ်တဲ့စုန်းထီးလေး
ပေါ့။လူတွေကစုန်းထီးလေးရဲ့လှပတဲ့မျက်နှာ
လေးကိုမနာလိုကြတယ်။စုန်းထီးလေးမှာ
လှပတဲ့မျက်လုံး စင်းနေတဲ့နှာခေါင်း ပန်းရောင် သန်းနေတဲ့ နှုတ်ခမ်းနဲ့ နှုတ်ခမ်း
အောက်ကမှဲ့လေးကအလွန်ဆွဲဆောင်မှု
ကောင်းအောင်ချောမောအောင်ထက်လှလွန်း
လို့ယောင်္ကျားပျိုတွေတောင်ကြွေဆင်းရတယ်။မိန်းမပျိုတွေဆိုအဲ့စုန်းထီးလေးကို
ပိုင်ဆိုင်ချင်လွန်းလို့ကြိုးပမ်းကြတာမနည်း
ပဲပေါ့။ဒါပင်မဲ့စုန်းထီးလေးကမည်သူကိုမှ
မချစ်ခဲ့ဘူးပေါ့။အချိန်တွေတာပြောင်းလဲသွားတယ်စုန်းထီးကသူကြောင်လေး နဲ့ပဲအချိန် အကြာကြီးကိုဖြတ်ကျော်ခဲ့တယ်။

လူတွေကစုန်းထီးလေးကိုသူတို့နဲ့အတူမနေလို
တော့ဘူး။အဲ့ကြောင့်မို့စုန်းထီးလေးကို
မကောင်းဆိုးဝါးဆိုပြီးနှင်ထုတ်ခဲ့ကြတယ်။
စုန်းထီးလေးကဘယ်သူ့ကိုမှသူဒုက္ခမပေး
တာမို့လူတွေပြောတဲ့မကောင်းဆိုးဝါးကောင်
လူတွေသတ်တဲ့ကောင်လို့ပြောတာကိုငြင်းခဲ့တယ်။ဒါပင်မဲ့စာနာမှုမရှိတဲ့လူ‌ေတွကမဆိုးဝါးကောင်းတဲ့ကောင်ဆိုပြီးပြောဆိုနှင်ထုတ်လိုက်တယ်။
စုန်းထီးလေးရဲ့အိမ်ကိုလည်းမီးရှို့ခဲ့ကြတယ်။
စုန်းထီးလေးကိုရက်ရက်စက်စက်နှင်ထုတ်
ခဲ့ကြတယ်။စုန်းထီးလေးကသူ့ရဲ့တစ်ခုတည်း
သောပိုင်ဆိုင်မှုဖြစ်တဲ့ကြောင်လေးကိုပိုက်ပြီး
လူတွေနဲ့ဝေရာကိုထွက်သွားခဲ့တယ်။သူကလူတွေ ကိုရွံရှာမုန်းတီးပြီးစိတ်နာမှုတွေနဲ့
ဒေါသဖြစ်မှုတွေကိုလည်းပွေ့ပိုက်ထွက်သွား
တော့သည်။သူကလူတွေနဲ့ဝေးရာကိုအမှန်ပင်ထွက်သွားခဲ့သည်။

 My  Warlock (Completed)Where stories live. Discover now