Chapter(27)

1.1K 89 12
                                    

"ပိုင်လိ..နင်ကငါ့ကိုသူငယ်ချင်းအဖြစ် သဘောထားတုန်းလား"

"နင်ဟာငါ့ရဲ့တစ်ဉီးတည်းသော...သူငယ်ချင်းမလေးပါပဲ"

"မမုန်းမိဘူးလား~~ငါဟာနတ်ဘုရားဆိုတာကိုဖုံးကွယ်ခဲ့တယ်လေ"

"နင်...ငါ့ကိုတကယ်ခင်ခဲ့တယ်မဟုတ်လား.."

"အင်း.."

ထိုစကားကြားပြီနောက် နတ်သွေးနှော၏မျက်နှာနုနုမှာ အပြုံးနုနုဖြစ်ထွန်းလာတယ်။သေသပ်သောဝတ်စုံများဟာ ပြေးလွှာလာရသောကြောင့် ချွေးများထင်းစွန်းကာ အနည်းငယ်နွမ်းနေသလို...စည်းနှောင်ထားသောဆံနွယ်တွေဟာလည်း အနည်းငယ်ရှုပ်ပွနေလေ၏။ထိုကဲ့သို့ကပိုကယို ပြင်ဆင်ထားခြင်းမရှိသောမျက်နှာလေးတွင် ဖြစ်ပေါ်သောအပြုံးလေးသည် နတ်မင်းအပေါင်းတို့အာ မှင်သက်စေသည်။

"မမုန်းမိပါဘူး"

"ပန်းနတ်ဘုရားမဇီဖန့်အကျွနု်ပ်သည် ဤမင်္ဂလာပွဲကိုကျွနု်ပ်ဘက်မှစတင်ဖျက်သိမ်းသည်!!စစ်နတ်ဘုရားနှင့် ကျွနု်ပ်သည်ယခုချိန်မှစ၍ပတ်သတ်ခြင်းမရှိတော့ပါ.."

သူမလက်လွတ်ပေးဖို့ ထိုက်တန်တယ်လေ။သူမဘက်ကလိမ်ညာခဲ့တာတောင်သူဟာ..ဂရုဏာထားစွာခွင့်လွှတ်ပေးခဲ့​တယ်။သူမဟာအမြဲသူ(ပိုင်လိ)၏သူငယ်ချင်းမလေးပဲ သိရှိခဲ့ချိန်ဟာမကြာညောင်းခဲ့
ပေမဲ့ သူမသည်သူ့အပေါ်ခင်မင်မှု အမှန်တကယ်ရှိခဲ့သည်​ေလ။

"ဖန့်အာ!!မင်းငါ့သဘောထားကိုဖျက်ရက်တယ်ပေါ့!!ဖြောင်း!!!"

ပိုးမွှေးသလို ပြုစုယုယထားသော နှမတော်၏ပါးပြင်ကို ရိုက်နှပ်သူဟာကောင်းကင်အရှင်ဟု ကွယ်ရာမှာပြောဆိုမည်ဆိုလျှင် မည်သူမှယုံမိမှာမဟုတ်...အဘယ်ကြောင့်ဆိုသော် အရှင်သည်သူ၏နှမတော်ကိုသိပ်ချစ်သည်ကို..

"ရှောင်..လိုက်ခဲ့နော်..ကျွန်တော်နဲ့အတူ..နတ်ဘုရား၊မိစ္ဆာ တွေရဲ့အဝေးကိုထွက်သွားကြမယ်နော်...လာပါ..ကျွန်တော်စီကို.."

နတ်သွေးနှောလေးဟာ..သူ့၏နုနယ်လှတဲ့လက်ဖဝါးလေးကို စစ်နတ်ဘုရားစီကိုကမ်းလှမ်းပေးနေတယ်။စစ်နတ်ဘုရားဟာ ထိုလက်နုနုကိုကြည့်ပြီး...

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now