Chapter(19)

973 78 2
                                    

"ရှောင်...ကျွန်တော်ရှောင်ကို ချစ်တယ်။ရှောင်က ကျွန်တော်ပိုင်လိရိပေါ်ရဲ့ပထမဆုံးနဲ့နောက်ဆုံးချစ်ရသူပဲ။ဒါဟာခဏတာ မဟုတ်ဘူး။ကျွန်တော်တစ်ဘဝလုံးစာ ချစ်တာ။ပြောရရင်...ကျွန်တော်ရှောင်ကို အရင်ထဲကချစ်နေတာ.."

"....."

"ရှောင်က အခုကျွန်တော်ချစ်သူနော်။ငြင်းဆန်လို့မရဘူး ရှောင်ကျွန်တော်ကို နမ်းတာအတွက် တာဝန်ယူရမယ်.."

"ရိအာ...ကိုယ်ကမင်းအတွက် လက်တွဲဖော်ကောင်းတစ်ယောက်မဟုတ်ဘူး။ကိုယ်က ချစ်ခြင်းတရားကိုမယုံကြည်ဘူး။ကိုယ့်ကိုချစ်ရတာ မင်းနာကျင်ရလိမ့်မယ်။ရိအာမင်းက ကိုယ့်အတွက်တော့ခင်မင်ရတဲ့ ညီလေးတစ်ယောက်လိုပဲ"

ရိအာမင်း ကိုယ့်ကိုမချစ်ရဘူး။ကိုယ်ကလွဲပြီး တခြားလူအပေါ်ချစ်ခွင့်ရှိတယ်။ကိုယ့်ကိုတော့ မင်းချစ်လို့မရဘူး။ကိုယ့်ကိုမင်းချစ်နေရင်  ကိုယ်မင်းကို ဘယ်လိုမှကာကွယ်ပေးလို့ မရနိုင်ဘူး။

"မရဘူး။ကျွန်တော်တခြားလူကို မချစ်နိုင်ဘူး။ရှောင် မချစ်လည်းရတယ် ကျွန်တော် ဘေးနားမှာပဲရှိနေပေး။နာကျင်ရလည်း ကျွန်တော်ကဆုပ်ကိုင်ချင်နေတုန်း။ရှောင်...မဟုတ်ရင်...မရတဲ့အထိ...ချစ်မိနေလို့"

"ရိအာ..ရယ်"

တောင်းပန်ပါတယ် ရိအာ။ကိုယ်ကပြောင်းလဲနိုင်မယ် ထင်ခဲ့တာ...ဒါပေမဲ့ ကိုယ်ကျရှုံးခဲ့တယ်။

------------

အလာတုန်းကနဲ့ မတူညီစွာ အပြန်ခရီးဟာ တိတ်ဆိတ်လို့နေခဲ့တယ်။

"ပိုင်လိ"

"ရိလန်ကော"

"နေမကောင်းဘူးလား။မျက်နှာလေးညိုးနေတယ်"

"အာ..နည်းနည်းနှုံးနေရုံပါ"

"လူတိုးလို့ဖြစ်မယ်"

"ဟုတ်လောက်မယ်။ညီလေးပိုင်လိစောစောနားလေ"

"ဟုတ်"

~~~

"ပိုင်လိ"

"ရှင်းကော"

"ဘာဖြစ်နေတာလဲ"

"သူ့ကိုဖွင့်ပြောလိုက်တယ်။...ငြင်းခံရတယ်"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now