Chapter(26)

1K 87 8
                                    

"ရိအာ"

"ဟင်..ရှောင်"

"ရိအာ.."

"အင့်..ရှောင်ပြန်လာတယ်..ဟင့်.."

"ရိအာ!ဝေါ့..နှုတ်..ဆက်..ပါ..ဟင့်..တယ်... "

"ရှောင်!ရှောင်!..အား!!"

"ပိုင်လိ!ပိုင်လိ!ထတော့.."

"ကော..အင့်..ရှောင်..ဟင့်..အ..ရှောင်..က..အင့်..လေ"

"ဖြေးဖြေးပြော..ရေအရင်သောက်လိုက်အုန်း"

"ဟင်း..ကော..ရှောင်ကသွေးတွေနဲ့..ကျွန်တော်စီရောက်..ဟင့်..ရောက်လာတယ်"

"ပိုင်လိမင်းအစွဲအလန်းကြီးလို့..အိပ်မက်ထင်မက်တာပါ.."

"မဟုတ်..."

"တော်ပြီ!စစ်နတ်ဘုရားက..ပထမအဆင့်နတ်ဘုရား..သူကဘယ်လိုလုပ်အန္တရာယ်ကြုံတွေ့နိုင်မှာလဲ.."

ဟုတ်သားပဲရှောင်က ပထမအဆင့်နတ်ဘုရား သန်မာထက်မြတ်သူပဲလေ..ပိုင်လိ..ပိုင်လိ..နိမိတ်မကောင်းတဲ့ အိပ်မက်မြင်မက်ရသလား..

"ြပန်အိပ်တော့..ကောမင်းအော်သံကြားလို့လာကြည့်တာ..ရောင်နီလည်းမလာသေးဘူး.."

"ဟုတ်.."

ထိုနောက်ပိုင်းသူပြန်မအိပ်ပျော်ပါ... ဘာကြောင့်ယခုလိုအိမ်မက်ဆိုးမြင်မက်ရတာလဲ။အကယ်၍အသက်သေရမဲ့လူဟာ ရှောင်ဖြစ်နေမယ်ဆိုရင် ကျွန်တော်ကဒီအတိုင်း လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။ကျွန်တော်အသက်ထက် ရှောင်ဟာပိုအဖိုးတန်တယ်လေ...

>>>

ယနေ့ဟာလက်ဆက်ပွဲတော်နေ့..တစ်နည်းအားဖြင့်..အမုန်းတရားတွေအစပျိုးတဲ့နေ့ပေါ့...

"လက်ဆက်ပွဲအတွက် အသင့်ပြင်ဆင်ပြီးပြီလား"

"လျှောက်တင်ပါတယ်ကောင်းကင်အရှင် ပြီးမြောက်ကြောင်းပါ.."

"အဟန့်အတားမရှိဘဲ..ပွဲပြီးမြောက်အောင်ပြင်ဆင်ထား"

နတ်ဘုံနတ်နန်းဆောင်တွေမှာ အနီရောင်ပိုးသားပိတ်စများကို ချိတ်ဆွဲထားတယ်။ဧည့်သည်ချီးမြှင့်သူများအတွက် အစားအသောက်ကို လိုလေစေ့မရှိအောင်အပြည့်အစုံ စီမံထားသည်။ကောင်းကင်လှေခါးထစ်တစ်ထောင်၌လည်း အနီရောင်ကော်ဇောရှည်ကိုခင်းကာ၊ နှင်းဆီပွင့်ဖက်နီများဟာလည်း လေညှင်းနှင့်အတူပျံ့လွင့်နေသည်။

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now