Chapter(4)

1.5K 111 0
                                    

"အရှင် အခုဒီပေါက်စကို ဘယ်လိုလုပ်မှာလဲ"

မိစ္ဆာဘုရင်ရဲ့ ဝတ်ရုံစကိုဆွဲလို့ အရက်တောင်းနေသည့် ပေါက်စ

"မာ...မား.....အိုး...ပေး"

အရှင်ကို သူ၏မွေးမိခင်ထင်၍ မားမားဟုခေါ်နေသော ပေါက်စ

"ငါကမင်းမားမားမဟုတ်ဘူး!!"

အမျိုးသမီးအသုံးအနှုန်းကို အခေါ်ခံလိုက်ရသောအရှင်၏ ပေါက်ကွဲသံဟာ ခန်းမထွက်ပေါ်လာလေရဲ့..

"အူဝါး...သား..သား..ကို...စူ..နဲ့...အူးဝါး"

"အရှင်ကလည်း ပေါက်စကိုငိုအောင်မလုပ်ပါနဲ့ သူကနတ်မိစ္ဆာသွေးနှောနော်.. မိစ္ဆာအနွယ်ဝင်ပဲလေ ချော့လိုက်ပါ.. ပေါက်စကအရှင့်ကိုခင်တွယ်နေတာကို"

"သား..သား..ကို..ချီ..မား...မား"

ပေါက်စကိုချီလိုက်တယ် အင်းမဆိုးပါဘူး အိစက်နေတာပဲ လူသားကလေးသာဆိုစားပြစ်မိမှာ.~~

"မငိုနဲ့တော့ အာ့"

သူရင်ဘက်ကိုလာကိုက်သော ပေါက်စ

"မား..တိုတို~~စို့~မို့"

"တိုတို...ဘာကြီးလဲ..အဲ့တာ"

"အူးဝါး...တိုတို....တိုတို...လို့ဆို"

နန်းဆောင်ကျယ်အတွင်း ဆူညံသွားစေနိုင်သောပေါက်စ၏အားကောင်းသည့်ငိုသံ

"အရှင်...ချိုချို...လို့ပြောတာထင်တယ်"

"ကျိုးလောင်ရှစ်ပြောတာဖြစ်နိုင်တယ် မသိတဲ့စကားတွေမို့ မပီတာထင်တယ်"

"အဲ့တော့...."

"အော်အရှင်ကလည်း အရှင်စီကတောင်းတာ အရှင်တိုက်လိုက်လေ"

"ရှင်ကျိုး!!!!"

ထိုနေ့ကစလို့ မိစ္ဆာတိုင်းပြည်မှာ ဘုရင်ကစလို့လက်အောက်ငယ်သားအဆုံး ကလေးထိန်းတာဝန်ကိုအဆစ်ရခဲ့ကြတယ် ထိုကလေးပေါက်ကို မိစ္ဆာဘုရင်က ပိုင်လိရိပေါ်လို့အမည်နာမပေးသော်ငြားလည်း မိစ္ဆာငယ်တချို့ကတော့ပေါက်စ ကလေးပေါက်လို့သာခေါ်ကြတယ်

-----------
"ဟောဇာတာထဲမှာတော့ ပိုင်လိကအငြိုးအတေးအမုန်းများတဲ့လူတစ်ယောက်ဖြစ်မယ်လို့ဟောကြားပေမဲ့ အခုပိုင်လိပုံစံကအဖြူထည်ကလေးတစ်ယောက်လိုပဲ"

သစ္စာနှောင်ကြိုး(completed)Tahanan ng mga kuwento. Tumuklas ngayon