Chapter(14)

1K 86 8
                                    


"ဟင်း...ရေ..ရေ...ပေး...ပါ"

ကိုက်ခဲနေသောခေါင်း၊​ဝေဝါးနေသောမျက်လုံး..ဟင်း..မသေသေးဘူးဘဲ။စကားပြောချင်ပေမဲ့ ခြောက်ကပ်နေတဲ့ခံတွင်းကြောင့် ရေကိုသာ အပ်ကွဲနေသောအသံဖြင့် တောင်းတမိလေသည်...

"ပိုင်လိ..နိုးပြီးလား..ဖြေးဖြေးထ..ရော့..ရေသောက်လိုက်"

"နေသာရဲ့လား ပိုင်လိ"

"ရှင်း..ကော"

"အင်း...ဘာလိုလို့လဲ"

"ကျွန်တော် ဘယ်လိုလုပ်ပြီး လွတ်မြောက်လာတာလဲ?"

ရှောင်...ကယ်တင်ပေးတာလား။အဲ့လိုသာဆို ရှောင်ကငါ့မျှော်လင့်ချက်ကို မထိခိုက်စေခဲ့ဘူးပဲ။

"ပိုင်လိ ကောပြောစကားနားမထောင်ဘူး။မင်းအဲ့လိုဖြစ်သွားတော့ ကောက ဘာမှမလုပ်ပေးနိုင်ဘူး။ဖုန့်သခင်လေး ကယ်တင်လို့သာပေါ့မဟုတ်ရင် ပိုင်လိကိုအခုကောမြင်ရတော့မှာမဟုတ်ဘူး.."

"ကျွန်တော်သတိမရတာ ဘယ်နှစ်ရက်ရှိပြီလဲ"

"သုံးရက်ရှိနေပြီ"

"ရှောင်..ကော...ကော..အခု..ဘယ်မှာလဲ"

"ပိုင်လိကိုကယ်ရင်းကနေ သခင်လေးဒဏ်ရာရသွားတယ်။အခုအကြီးအကဲအခန်းမှာ ချီစွမ်းအင်ပြန်လည်ကျင့်ကြံနေတယ်။"

သူ့ကိုကယ်ရင်း ထိခိုက်ဒဏ်ရာရသွားတဲ့ရှောင်..ထိခိုက်ဒဏ်ရာတွေဘယ်လောက်တောင်ရှိနေမလဲ။တောင်းပန်ပါတယ် ငါ့ပြသာနာထဲရှောင်ကိုဆွဲသွင်းမိလို့။

"ရှောင်စီ သွားချင်တယ်"

"အခုကိုယ့်ကိုယ်ကို အရင်ကြည့်အုန်း လမ်းလျှောက်တတ်စကလေးတောင် ပိုင်လိလောက်အခြေအနေမဆိုးဘူး။ဒီလိုပျော့ဖက်ပြီးလူမမာ
ပုံကို ဖုန့်သခင်လေးမြင်ရင်ဘယ်စိတ်ကောင်းပါ့မလဲ"

"အဲ့တုန်းကအခြေအနေကို ပြန်ပြောပြပါလား"

"အဲ့တုန်းက..ကိစ္စတွေကိုအဲ့မှာရှိတဲ့ လူတိုင်းမမှတ်မိဘူး။ကောသတိပြန်ဝင်ချိန်မှာ ဖုန့်သခင်လေးရင်ခွင်ထဲမှာ သတိလစ်နေတဲ့မင်းနဲ့ဒဏ်ရာအပြင်းအထန်ရနေတဲ့ သခင်လေးကိုပဲတွေ့မြင်ခဲ့ရတာ"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now