Chapter(22)

1K 79 11
                                    

"စစ်နတ်ဘုရား...အရှင်!!"

"တိတ်စမ်း!!"

ရန်သူကိုနာကျင်အောင်၊သေဆုံးချင်လာအောင်၊နှိမ်နှင်းရာမှာ သုံးသော ရှောင်ဟေလုံကိုစွဲကိုင်လို့..မူရင်းစစ်နတ်ဘုရားပုံစံပြောင်းကာ...ဒေါသတကြီးနဲ့ထိုအကောင်ကိုတိုက်ခိုက်နေသော...ပထမအဆင့်စစ်နတ်ဘုရားအရှင်ဟာ...ပိုင်လိအပေါ်ခံစားချက်ရှိနေတာလား..

"မင်းက...သူ့ကိုထိရဲတယ်ပေါ့!!အဆင့်နိမ့်..သတ္တဝါကောင်!!"

"အင့်..အူ...အူ"

ခြေ၊လက်တွေပြတ်ပြီး အဓိကပင်မသွေးကြောများကို ဓားဖျားတွေဖြင့်မွှန်းခြင်းခံနေရသော ထိုအကောင်၏ပုံစံမှာ အရှင်လတ်လတ် ငရဲ
ခံနေရသည့်အတိုင်းပင်။ သူ၏ ဒုက္ခဟာမသေးလှ..အရှင်ဟာထိုအကောင်၏ ဉီးခေါင်းကိုတက်နင်းလို့...

"ငါ့အပိုင်ကိုထိရဲတယ်ပေါ့!!!မင်းငရဲထက်ဆိုးတဲ့..နေရာရောက်စေရမယ်!!"

စစ်နတ်ဘုရားရဲ့မီးစွမ်းအင်ကိုသုံးလို့ မီးလောင်တိုက်သွင်းခြင်းခံနေရသော..ထိုသတ္တဝါဟာ ပြာမှုန်အဖြစ်မပြောင်းခင်..ခံစားလိုက်ရသောဝေဒနာဟာမသေးလှပေ။

သွေးများစွန်းထင်နေသော...ရှောင်ဟေလုံကို စွဲမြဲစွာကိုင်ထားသော..စစ်နတ်ဘုရား...သွေးအေးရက်စက်လှပါတယ်ဆိုတဲ့..သရုပ်မှန်ဟာယခုချိန်၌ပေါ်လာခဲ့ပြီလေ..

>>>>

"စစ်အထောက်တော်နတ်ဘုရား ရိလန်!!"

"ကျွန်တော်မျိုး...အမိန့်နာခံလျက်ပါ"

"လရောင်ပန်းကို..သွားယူလာခဲ့"

"အမိန့်အတိုင်းပါ..အရှင်"

လရောင်ပန်းဟာ စစ်နတ်ဘုရားနန်းဆောင်မူဟွာမှာပွင့်တဲ့...အဆိပ်မှန်သမျှပြေနိုင်သောပန်း...အရမ်းကိုရှားပါးကာ...နှစ်သောင်းချီမှာ တစ်ခါပွင့်သောပန်းပင် ြဖစ်သည်။ ထိုမျှအဖိုးတန်သောပန်းဟာ..ညီလေးပိုင်လိနဲ့ယှဉ်ရင် သဲတစ်ပွင့်စာထက်မပိုဘူးဆိုတာကို..သက်သေပြလိုက်သလိုပင်။

"နေအုန်း..ကောင်းကင်အရှင်မသိစေနဲ့"

"အမိန့်အတိုင်းပါ"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now