Chapter(15)

1.1K 96 18
                                    

"ရှောင်..ဒဏ်ရာတွေက..သက်သာပြီလား"

"ကိုယ်ကသက်သာ​ေနပါပြီး...ရိအာရော..."

"ဟင့်..ကျောကနာနေသေးတယ်"

"ဟုတ်လား။ပြပါအုန်း။အကျီချွတ်..အမာရွတ်ပျောက်ဆေးလိမ်းပေးမယ်"

"ဟင်..ဟို..ဟာ..မ...ပြ..လို့ရဘူးလား"

"ရှက်နေတာလား...မျက်နှာကနီရဲနေရော့..."

မျက်နှာလေးကနီရဲနေပြီး...ချွေး​စေးတွေပြန်နေတာတောင်...ထိုပုံစံလေးကပြင်ထား၊ဆင်ထားသော မိန်းမလှတွေ အရှုံးပေးရလောက်တယ်။

"အဟန့်..ဘယ်သူကရှက်လို့လဲ..ရော့..ရော့..လိမ်းလိမ်း"

"......"

"မလိမ်းတော့ဘူးလား...ရှောင်...ငိုနေတာလား"

အကျီချွတ်ပြီး ခဏအကြာအထိဆေးလိမ်းတဲ့ အထိအတွေ့ကိုမခံစားရသေးသောကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ ငိုနေသည့်ရှောင်ကိုတွေ့မြင်လိုက်ရတယ်..

"အင့်"

မိမိရင်ခွင်စီသို့ ဝင်ရောက်လာတဲ့ရှောင်ရဲ့ခေါင်းလုံးလုံးလေး အသည်းအသန် ငိုကြွေးနေသော ရှောင်ကြောင့် ရင်ဘက်ကအကျီစလေးလည်းရွှဲရွှဲ စိုနေလေပြီ...

"တောင်း..ပန်..ပါ..တယ်"

"ရှောင်..ဘာဖြစ်တာလဲ"

"ဟင့်..ခ.ဏ..လေး..ဒီ..အတိုင်း...ပဲ..နေ..ပေး..ပါ..အင့်..တ..ကယ်..ဟင့်..တောင်း..ပန်..ပါ..တ...တယ်"

ဖြူဝင်းနေသောကျောဘက်၌ ထင်းရှားတဲ့အနီရောင်အစင်းကြောင်းသုံးခု...ထိုအချိန်ကိုအမြဲအမှတ်ရစေနိုင်သော...အမာရွတ်သဖွယ်ဖြစ်နေတဲ့ ဒဏ်ရာတွေ။အရမ်းကိုနာကျင်ခဲ့မှာပဲနော်...ကိုယ်​သေချာမကာကွယ်ပေးနိုင်ခဲ့တဲ့အတွက်...တောင်းပန်ပါတယ်ရိအာ..

"အဆင်ပြေသွားမှာပါ..ကျွတ်..ကျွတ်..ကျွတ်..မငိုနဲ့တော့"

အကြောင်းပြချက်ရေရေရာရာမရှိဘဲ ငိုနေပြီးတောင်းပန်စကား တဖွဖွဆိုနေသောရှောင်။အခုချိန်မှာသူလုပ်ပေးနိုင်တာက နှစ်သိမ့်ပေးဖို့ပဲရှိတယ်။ထို့ကြောင့် ရှောင်ကျောပြင်ကို လက်ကလေးဖြင့် ခပ်ဖွဖွပုတ်ပြီးအငိုတိတ်အောင် ကလေးတွေလိုချော့မြူနေရတယ်...

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now