Chapter(1)

4.2K 149 0
                                    

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က နတ်ဘုရားမနွီဝါးဟာ ကောင်းကင်ဘုံနှင့် မိစ္ဆာဘုံတိုက်ပွဲမှာ မိမိ၏အသက်အမြုတေကို အဆုံးရှုံးခံလို့ ကောင်းကင်ဘုံ၏ ကပ်ဆိုက်မှုကို နတ်အမြုတေဖြင့်လဲလှယ်ကာ အသက်ပေးသွားခဲ့တယ်။

ကောင်းကင်မင်းကြီးလန်ဟွမ့်ဟာ လောကဖန်ဆင်းသူနတ်ဘုရားမသေဆုံးခြင်းအပေါ် လွန်စွာဝမ်းနည်းသဖြင့် မိစ္ဆာဘုံကိုအမြစ်ပျက်ချေမှုန်းချင်ခဲ့တယ်။ထို့ကြောင့် နတ်စစ်သည်ပေါင်းတစ်သန်းဖြင့် မိစ္ဆာဘုံကိုတိုက်ခိုက်ခဲ့တယ်။

သို့သော် နေနတ်ဘုရားဟာ ထိုကပ်ဆိုက်မှုကိုတားမြစ်ခဲ့တယ်။ အကယ်၍ လောကဘုံသုံးပါးအနက် တစ်ပါးမျှသာပျောက်ကွယ်ခဲ့ရင် နွီဝါးနတ်ဘုရားမဖန်ဆင်းခဲ့တဲ့ လောကကြီးဟာလည်း ဟန်ချက်မညီဘဲ ပျောက်ကွယ်ပျက်စီးရလိမ့်မယ်လို့ ဆိုခဲ့တယ်။

ထို့ကြောင့်ကောင်းကင်ဘုံနဲ့မိစ္ဆာတို့ဟာ နှစ်တစ်သိန်းစစ်ပြေငြိမ်းစာချုပ်ကိုချုပ်ဆိုခဲ့တယ်~~~ထို့ကြောင့်အနက်ရောင်နယ်နိမိတ်ဖြစ်တဲ့လူဘုံဟာလည်း စစ်တလင်းနယ်မြေအဖြစ်မှလွတ်မြောက်ခဲ့ရတယ်။
_____

နှစ်ပေါင်းကိုးသောင်းခန့်ကြာသော်~~

"ကောင်ကင်းမင်းကြီး အနက်ရောင်နယ်နိမိတ်မှာ မိစ္ဆာငယ်တွေခိုးဝင်ကျူးကျော်လာပါတယ်"

"အရှင်ခွမ့်ဟွာ အငယ်တန်းအဆင့် စစ်သည်နတ်ဘုရားတွေကိုစေလွှတ်လိုက်ပါလော့။ ဒီလို ကိစ္စငယ်လေးတွေအတွက်နဲ့ ကောင်းကင်မင်းကြီးကို အပူသောကပေးရလေလော့"

"မိုးကြိုးနတ်မိမယ် အခုကိစ္စက ကျွန်တော်မျိုး ကိုယ်တိုင်စုံစမ်းကြည့်လိုက်တော့ ထင်သလောက် မရိုးရှင်းပါဘူး"

"ဘယ်လို မရိုးရှင်းတာလဲ"

အေးစက်တည်ငြိမ်တဲ့ ကောင်းကင်မင်းကြီးအမေးစကားကို အဆင့်ရှစ်မျှသာရှိတဲ့ မြေနတ်ခွမ့်ဟွာဟာ

"အရှင်မင်းကြီး ယင်းမိစ္ဆာငယ်တွေက အနက်ရောင်နယ်နိမိတ်ကိုဖောက်ထွင်းလို့ ပယင်းရောင်ဆေးလုံးကို လိုချင်တပ်မက်နေကြတာပါ"

"ပယင်းယောင်ဆေးလုံး အဲ့တာပျောက်ကွယ်သွားပြီမဟုတ်လား"

"အဲ့ဆေးက အင်အားပြင်းထန်လွန်းတယ်"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now