Chapter(8)

1.2K 100 6
                                    

နေမင်းကြီးရဲ့ရောင်ဝါဟာ ပြတင်းပေါက်တံခါးကိုဖြတ်၍ အခန်းတွင်းသို့ ဖြာကျလို့လာလေပြီ။ခုတင်ပေါ်မှာ အိပ်စက်နေဆဲ စစ်နတ်ဘုရားကတော့ ညကဝက်ပေါက်စ၏ ဟောက်သံကြောင့် အာရုံတက်ချိန်မှသာအိပ်စက်အနားယူရလေတော့သည်။

"လူဂွစာကြီး ထတော့လေ"

ဘယ်ဘက်ပြတင်းပေါက် ရှေ့တည့်တည့်ကုတင်မှာအိပ်ပြီး နေရောင်တည့်တည့်ထိုးနေတာတောင် အအိပ်မပျက်ဘူး။လူဂွစာကြီးကအိပ်ပုတ်ကြီးတယ်လို့ သူမှတ်ထားလိုက်တယ်။

"ထတော့လို့...ထတော့...လူဂွစာကြီးရေ"

နားနားကိုကပ်၍အကျင့်ပုတ်စွာ အော်ဟစ်လိုက်သည်

"အင်း..ထပြီ..အသံဆိုးကြီးနဲ့လာအော်နေတယ်"

"ခင်ဗျား!!! အရင်ကျွန်တော့်ဇာတိမှာဆိုကျွန်တော်အသံကကြိုးကြာငှက်ကအရှုံးပေးရတယ်"

"ငါ့အထင် မင်းအသံကကျီးကန်းအရှုံးပေးရမှာ"

"ဟင့်..လူဂွစာတွေကိုအဖက်မလုပ်သင့်ဘူး"

ဘယ်ဘက်ပြတင်းပေါက်နားက လက်ဖက်ရည်စားပွဲခုံမှာသာထိုင်နေလိုက်တယ်။အချိန်အတန်ကြာတဲ့အထိထိုသူက စကားပြန်မပြောသဖြင့် သူကပဲအရင်စကားပြန်ပြောလိုက်ပါတယ်။မဟုတ်ရင်သူမနက်စာစားနောက်ကျလိမ့်မယ်။

"ထတော့ ကောတို့ကအောက်ထပ်မှာမနက်စာစားစောင့်နေတယ်"

-----

"ရှင်းကော"

"ပိုင်လိ နောက်ကျလိုက်တာ"

"တချို့ လူဂွစာတွေက ကာလနဂါးဝင်စားနေတာလေ"

"ဖူး...အဟွတ်...အဟွတ်"

"သခင်လေး ရရဲ့လား.."

ရေနွေးသည်းသွားသောသခင်လေးကြောင့် သူကအလျင်အမြန်သုတ်စရာပုဝါတစ်ခုပေးလိုက်တယ်။အလိုက်သိမှဖြစ်မယ်လေ။

"အင်း..ရတယ်"

"ကောတို့ ဘာမှာထားလဲ"

"မမှာရသေးဘူး ညကညီလေးပိုင်လိကို ကောကတိပေးထားတယ်လေအဲ့တာကြောင့် ဒီနေ့မနက်စာကောဝယ်ကျွေးမှာကြိုက်တာမှာ အားမနာနဲ့"

"တကယ်လား အဲ့တာဆိုမှာမယ်နော်ရိလန်ကော"

"မှာပါဗျာ"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now