Chapter(9)

1.1K 95 3
                                    

"အား...ဘယ်အချိန်ထိလမ်းလျှောက်ရအုန်းမှာလဲ"

"ပိုင်လိ..."

"ရှင်းကော ကျွန်တော်လမ်းမလျှောက်နိုင်တော့ဘူး"

မနက်ခင်းထဲက ယခုနေမွန်းတည့်ချိန်ရောက်နေပြီ တောင်ပေါ်ဝင်ခွင့်စာရင်းပေးတဲ့နေရာစီသို့ သူတို့သွားနေရတာ အခုထိမရောက်နိုင်သေး။

"ညီလေးပိုင်လိကောတို့ မကြာခင်ရောက်တော့မှာပါ"

"ဟင့်...မလျှောက်နိုင်တော့ပါဘူးဆို...ဒီမှာတွေ့လားပေါက်ပြဲကုန်ပြီ"

ဖြူနုနုခြေဖမိုးလေးဟာ အကြာကြီးလမ်းလျှောက်ကလို့ထင်တယ် နီရဲလို့နေလေ၏။ခြေချောင်းလေးတွေကလဲ ဖိနပ်ဒဏ်မခံနိုင်၍ပေါက်ပြဲနေတော့သည်။

"နာတယ်...ဟင့်...အင့်"

ရှိုက်သံတိုးတိုးလေးထွက်ကာ ပုလဲမျက်ရည်ကြည်တွေ ကျဆင်းနေသော ဝက်ပေါက်စကြောင့် သူ့ကိုယ်တွင်း၌တစ်ခါမှမဖြစ်ဘူးသော သနားညှာတာခြင်းများထွက်ပေါ်လာ​ေလသည်။

"အရမ်းနာလား..."

"အင်း...လူဂွစာကြီး...ဟင့်...နာနာ.."

အသားနာလျှင် ဂျီကျပြီးချွဲတတ်သောပိုင်လိ၏ ငယ်ဗီဇလေးကမပျောက်သေး

"အဲ့တာဆိုခဏနားကျမလား"

"ရှီရင်းအခုတောင်နေမွန်းတည့်နေပြီ ညနေမစောင်းခင်အရောက်သွားရမှာ တော်ကြာစာရင်းပေးဖို့မမှီဖြစ်နေမယ်"

"အင့်...ဟင့်...နာတယ်..အီး"

"ဟင်း....ကျောပေါ်တက်"

"လူဂွစာကြီး!!! သခင်လေး!!!"

လူဂွစာကြီး၏ ကျယ်ပြန့်သောကျောပြင်က သူ၏မျက်ဝန်းရှေ့တည့်တည့်မှာ ဘယ်သောအခါမှ စကားလမ်းကြောင်းမတည့်ပါသော်လည်း ထိုသူကသူ့ကိုဂရုစိုက်ပေးသေး၏။

"သခင်လေး မသင့်တော်ပါဘူး ကျွန်တော်မျိုးပဲကျောပိုးသွားလိုက်ပါမယ်"

"တောင်ပေါ်အထိဆို သခင်လေးပင်ပန်းနေပါ့မယ် ရိလန်ကိုပဲပေးလိုက်ပါ"

"ရတယ် မလိုဘူး ငါ့ကဘယ်သူလဲမေ့နေတာလား!!!"

အေးစက်စွာပြောသော သခင်လေးစကားကြားမှ သခင်လေးကစစ်နတ်ဘုရားဖြစ်ကြောင်းသတိရတော့တယ်။လူပြည်မှာနေတာမကြာသေးပေမဲ့ သူတို့ကိုယ်တိုင်က နတ်ဘုရားတွေဆိုတာမေ့နေကြတာ...

သစ္စာနှောင်ကြိုး(completed)Dove le storie prendono vita. Scoprilo ora