12'

6K 562 6
                                    


မန်နေဂျာလောင်ဝူ

စားပွဲပေါ်မှဝီစကီတစ်ခွက်ကိုတစ်ရှိန်ထိုးမော့သောက်ချလိုက်တယ်။ သူ့မျက်နှာမှာအဆီတဝင်းဝင်းဖြစ်နေပြီး အရက်တန်ခိုးကြောင့်လည်းနီရဲနေသေးတယ်။ အသက်ကိုပြင်းပြင်းရှူလို့ဒေါသကိုဖြေလျော့နေပေမယ့် ယမကာတန်ခိုး​နဲ့ထကြွလာတဲ့စိတ်အစဥ်ကြောင့် ဒေါသတို့ပိုမိုထွက်လာကာလက်ထဲမှအရက်ခွက်အားနံရံသို့ပစ်ပေါက်ခွဲပစ်လိုက်တော့သည်။

ထို့နောက်နံပါတ်တစ်ခုသို့ဖုန်းခေါ်ဆိုကာ သူ့ဒေါသတို့ဖြေဖျောက်ရန်အစီအစဥ်တစ်ချို့အားညွှန်ကြားလေတော့သည်။

"ဝမ်မိသားစုကလူတဲ့...
အဲ့ဒီအသိုင်းအဝိုင်းကဆိုတိုင်း ငါလိုကောင်ကကြောက်နေမယ်ထင်နေတာလား

မလောက်လေးမလောက်စားကောင်ကများ

နှစ်ယောက်လုံးကိုသင်ခန်းစာကောင်းကောင်းပေးပစ်အုံးမယ်"

ဝူစန်းပေါင်ဆိုတာကတစ်ကောင်ကြွက် သူ့မှာဘယ်သူ့မျက်နှာမှကြည့်နေစရာမလိုဘူး။ အကယ်၍ဝမ်မိသားစုကသိလို့သူ့ကိုသတ်မယ်ဆိုလည်း သူလိုလူမျိုးကအနှောင်အဖွဲ့မရှိသူမို့အေးဆေးသေပစ်လို့ရတယ်။သို့သော် သူဖြစ်ချင်တာကိုတော့ မသေခင်လုပ်ပစ်အုံးမှာပင်ဖြစ်သည်။

           .........
        ***************

အဲ့ဒီနေ့ကခါတိုင်းလိုပဲ စကားနိုင်လုကာအပြင်ထွက်ရန်အကြောင်းဖြစ်လာကြတယ်။ ပူအိုက်တဲ့နေ့ခင်းကြောင်တောင်အချိန်မို့ရိပေါ်ကအပြင်ထွက်ဖို့မပြောနဲ့မျက်လုံးတောင်စွေမကြည့်ချင်ဘူး။ သို့ပေမယ့်ဆန့်ကျင်ဘက်ဖြစ်စွာ ရှောင်းကျန့်ဟာတော့အရမ်းကိုစျေးဝယ်ထွက်ချင်နေတာပဲ။

သူဟာ နေ့လည်နေ့ခင်းဆိုဖာပေါ်မှာအေးရာအေးကြောင်းအိပ်ဖို့ပြင်နေတဲ့ရိပေါ်အားမရမကအတင်းဆွဲခေါ်နေတယ်။

"လာပါကွ  ငါတစ်ယောက်တည်းမသွားချင်လို့"

"ပူတယ်လို့ ခင်ဗျားရဲ့...
ညနေဖြစ်ဖြစ် ညကျမှဖြစ်ဖြစ်သွားလေ  အဲ့ဆိုင်ကြီးကထွက်မပြေးဘူး"

"ဟာ......... အခုသွားချင်တာပါဆို.. "

"ပူတယ်လို့ဆိုနေဗျာ"

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now