03'

8.2K 713 52
                                    


"အမေ့--"

မနက်စောစောငိုသံပါကြီးနဲ့ဖုန်းပြောလာတဲ့သားတော်မောင်အသံကြောင့် Mrs.Xiaoဟာအိပ်နေရင်းမှကမန်းကတန်းထထိုင်လိုက်ရတယ်။

"သားလေး မေမေ့သားလေး ဘာဖြစ်တာလဲ မိန်းမကအနိုင်ကျင့်လို့လား မေမေလာပြီးပါးချပေးရမလား"

သားချစ်ပီသစွာမရှိရှာတဲ့ချွေးမကိုရိုက်မယ်တကဲကဲပြင်နေတယ်။ သားဆိီသွားရန် အိပ်ယာမှချက်ချင်းထလို့အဝတ်ဗီရိုကိုဆွဲဖွင့်လိုက်တယ်။

ရှောင်းကျန့် အမေ့အသံကြားတော့ပိုဝမ်းနည်းလာကာချူချူချာချာအော်ငိုတော့သည်။
"အီး ဟီးးး အမေ့--"

"သားလေး မငိုနဲ့ မေမေခုချက်ချင်းလာပြီ ကောင်မလူပါးဝလို့ ငါ့သားကိုယူထားတာတစ်ရက်ပဲရှိသေးတယ် စိတ်ချမ်းသာအောင်မထားဘူး

မေမေလာပြီသားလေး ဘာမှအားမငယ်နဲ့."

Mrs.Xiao ဖုန်းကိုချလိုက်ကာ သားဆီသွားဖို့ပြင်ဆင်တော့တယ်။ကိုယ့်သားအနိုင်ကျင့်ခံနေရတာတောင် အိပ်နေနိုင်သေးတဲ့လင်ယောက်ျားအားလည်းအမြင်ကပ်ကပ်နဲ့ကုတင်ပေါ်မှတွန်းချခဲ့လိုက်သေးသည်။

ဘုမသိဘမသိတွန်းချခံလိုက်ရသောMr.Xiao:"ငါဘာအမှားလုပ်မိလို့လဲမိန်းမရယ်..." (;´༎ຶٹ༎ຶ')

ဓါတ်လှေကားမှတစ်ဆယ်ဂဏန်းကိုနှိပ်လိုက်ပြီး ပိုက်ဆံအိတ်ကိုပြင်လွယ်လိုက်ကာMrs.Xiaoဟာအပေါ်ကိုအမြန်ရောက်ဖို့စိတ်လောနေတယ်။ သို့သော်လူတစ်ယောက်ထပ်ဝင်လာတာမို့ သူမဘေးဘက်ကိုအသာကပ်လိုက်တယ်။

လူငယ်ကနှစ်ဆယ်ကျော်လောက်ပဲရှိသေးပုံရသည်။ ဝတ်စားထားပုံမှာသပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းလှသည်။ နားပေါ်ကုတ်ထောက်နေတဲ့ဆံပင်ကဒီလူငယ်နဲ့မှပိုပြီးလိုက်ဖက်နေသယောင်။ လက်ထဲမှာလည်းစားစရာအထုပ်ကြီးအထုပ်ငယ်တွေဖြင့်။

Mrs.Xiaoက လှတဲ့ချောတဲ့လူတွေဆိုသဘောကျတယ်။ ပြီးတော့ စပ်လည်းစပ်စုတတ်ပြီး ဆတ်ဆတ်ကြဲအမျိုးသမီးတစ်ယောက်ပင်။ ယခုလည်းထိုလူငယ်လေးဘယ်သူ့အတွက်ဒီလောက်အများကြီးဝယ်လာတာလဲ သူမအရမ်းသိချင်နေပြန်သည်။ လူကကိုယ့်ကိစ္စမဟုတ်လည်းစပ်စုလိုက်ရမှနေသာထိုင်သာရှိသည်ကိုး...။

𝙼𝚢 𝙱𝚁𝙸𝙳𝙴 𝚒𝚜 𝚗𝚘𝚝 𝙶𝙸𝚁𝙻! [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now