မနက်၁နာရီခန့် လေတစ်ချက်ဝှေ့တိုက်လိုက်တိုင်း လွင့်သွားလေမလားလို့တောင်ထင်ရပါသော ပိိန်လွန်းလှသော မိန်းကလေးတစ်ယောက် လူရှင်းပြီးမှောက်မိုက်နေတဲ့လမ်းမပေါ်မှာ စိတ်ပျက်လက်ပျက် ခြေထောက်ကိုမချချင်ချချင်ပုံစံနဲ့ ယိုင်တိယိုင်တိုင်၊ ပျင်းတိပျင်းရွဲ လမ်းလျှောက်နေခဲ့တယ်။ အမဲရောင်ဂါဝန်တိုကို သူမဖရိုဖရဲဝတ်ဆင်ထားပြီး လက်မှာလဲ သွေးစွန်းနေတဲ့ အဖြူရောင်နှင်းဆီပန်းစည်းလေးကို ကိုင်ထားသေးသည်။ သူမကိုကြည့်ရတာ လောကကြီးကို စိတ်ပျက် အရှုံးပေးထားပုံဘဲ လရောင်အောက်မှာ သူမရဲ့ဖြူဖွေးနေတဲ့ အသားအရည်နဲ့ ချောမွတ်နေတဲ့ မျက်နှာလေး အဖုအပိန့်ဟူ၍ တစ္ခုမွရွိမေန မျက်တောင်လေးတွေကရှည်းလျှား ကော့ညွတ်နေပြီး ပန်းရောင်နှုတ်ခမ်းသားဖူးဖူးလေးတွေမှာ ဆေးကူထားတာကြောင့် နီထွေးလှပနေသေးသည်။ ဖရိုဖရဲဖြစ်နေတာတောင် အရပ်၅ပေ၃လက်မခန့်သာရှိသော သ
11 parts