Part-9 (အမှောင်ထုထဲသို့ ကိုယ်တိုင်တိုးဝင်မိခြင်း ၂)

7 1 0
                                    

အပိုင်း(၉)
အမှောင်ထုထဲသို့ ကိုယ်တိုင်တိုးဝင်မိခြင်း ၂

Unicode

မန္တလေးမြို့ ၊ ပျော်ရွှင်ခြင်းဂေဟာတွင်....

ဒေါ်သူဇာတစ်ယောက် မနက်ကတွေ့လိုက်ရသောသတင်းကြောင့် ထိုင်မရ ထမရဖြစ်ကာ နိုရယ်အတွက်စိတ်ပူနေလေသည်။ သတင်းထဲတွင် ဦးတေဇမိုးမြင့်တို့ဇနီးမောင်နှံ ပွဲချင်းပြီး သေဆုံးသွားပြီ ဟူသော သတင်းကလွဲ၍ နိုရယ်အကြောင်း တစ်ခုလေတောင်မပါသောကြောင့် ပိုပြီးစိတ်ပူနေခြင်းဖြစ်သည်။  ဒီတိုင်းဆက်မစောင့်နေနိုင်တော့တာကြောင့် ဒေါ်သူဇာတစ်ယောက် အကျိုးအကြောင်း သိရအောင် ဦးတေဇမိုးမြင့်တို့ကို ထားထားသော ဆေးရုံကို စုံစမ်းကာ ရန်ကုန်ကိုသွားဖို့ပြင်လေတော့သည်။ ဒေါ်သူဇာရန်ကုန်သွားဖို့လုပ်နေတုန်း ဖူးဖူးတစ်ယောက် ဒေါ်သူဇာအခန်းထဲဝင်လာကာမေးလာသည်။

"အန်တီသူဇာ ရန်ကုန်ကို အခုသွားမလို့လား"

"ဟုတ်တယ် သမီးဖူးဖူး အန်တီ သမီးနိုရယ် သတင်းအကျိုးအကြောင်းသိရအောင် လိုက်သွားကြည့်မှဖြစ်မယ်"

"နိုရယ် ဘာမှတော့မဖြစ်လောက်ပါဘူးနော် အန်တီသူဇာ" လို့ ငိုမဲ့မဲ့ဖြင့်ပြောလာသော ဖူးဖူးရဲ့ ပုခုံးနှစ်ဖက်ကို ဒေါ်သူဇာဆုတ်ကိုင်နစ်သိမ့်ပေးပြီးနစ်သိမ့်စကား‌ဆိုလေသည်။

"ဘာမှမဖြစ်ဘူးနော် သမီးဖူးဖူး သတင်းမှာ သမီးနိုရယ်အကြောင်းမပါတာက ဘာမှကြီးကြီး မထိခိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်နော် သမီးဖူးဖူး အရမ်းစိတ်မပူနဲ့နော်"

"ဟုတ်ကဲ့ အန်တီသူဇာ"

"အဲ့ဒါဆို အန်တီသွားမယ်နော် သမီးဖူးဖူး"

"နိုရယ်ကို ပြန်ခေါ်ခဲ့နော် အန်တီသူဇာ"

"ပြန်ခေါ်ခဲ့မှာပေါ့ သမီးဖူးဖူးရဲ့" လို့ ဒေါ်သူဇာတစ်ယောက် ဖူးဖူးစိတ်ချမ်းသာအောင်ဖြေပြီး  ဂေဟာကနေ ထွက်လာခဲ့တော့သည်။

ရန်ကုန်မြို့၊ ဦးတေဇမိုးမြင့်တို့ ဘိုးဘွားပိုင်စံအိမ်တွင်........

Norle (နိုရယ်)Where stories live. Discover now