Part-5 (အမှောင်ထု၏ တံခါးဝက သွေးစက်များ -၂)

19 1 0
                                    

အပိုင်း(၅)
အမှောင်ထု၏တံခါးဝက သွေးစက်များ -၂

Unicode

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် .......ဖုန်းပြောပြီး Time (4:30AM)

Boss ဆိုသောသူက ဦးဝဏ္ဏနဲ့ ဖုန်းပြော​ပြီးပြီးခြင်း
" K လာခဲ့အုံး"
ဟု သူ့အခန်းအပြင်ဘက်တွင်ရပ်နေသော သူ့ရဲ့လူယုံ K ကိုခေါ်လိုက်ကာ Kဝင်လာတော့

" ငါ ဒီမနက်အစော​ဆုံး Flight နဲ့ ရန်ကုန်ကိုချက်ချင်းပြန်မယ် ငါရန်ကုန်ကိုမရောက်ခင် ဦးဝဏ္ဏဆိုတဲ့လူကိုအပြတ်ရှင်းဖို့ ရန်ကုန်ကမင်းတပည့်တွေကိုပြောထားလိုက် ဦးဝဏ္ဏဆိုတဲ့လူ သေပြီဆိုတဲ့သတင်းကို ငါရန်ကုန်ရောက်ရောက်ခြင်းကြားချင်တယ်။ မင်းနားလည်ပါတယ်နော် K" လို့ပြောလိုက်လေသည်။

" Yes Boss. Boss ပြောတဲ့အတိုင်းဖြစ်စေရပါမယ်"
ဟု K​ပြန်ပြောကာ အခန်းထဲက ပြန်ထွက်လာပြီး ဖုန်းထဲမှ Black catဟူသော contact name ကိုနှိပ်ကာ ဖုန်းခေါ်ပြီး

"ဦးဝဏ္ဏကို ဒီညအပြတ်ရှင်းလိုက်တော့ " ဟုသာပြောပြီး တစ်ဖက်အပြောကိုနားမထောင်ပဲ ဖုန်းကိုချက်ချင်း ချလိုက်လေသည်။ ((ဆရာ တပည့်နှစ်ယောက် အကျင့်ကတော့ တစ်ပုံစံတည်း🤣))

Black catတစ်ယောက် K ဖုန်းချပြီးသည်နှင့် ချက်ချင်း သူ့ နောက်တွင်ရပ်နေသော အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့ လူ၅ယောက်ဘက်ကိုလှည့်ပြီး ဂျစ်ပစီဆန်ဆန်ပြုံးကာ
"အမိန့်ကျလာပြီ" ဟု ပြောပြီး ဦးဝဏ္ဏနေအိမ်ကိုထွက်လာခဲ့လေပြီဖြစ်သည်။

ရန်ကုန်မြို့၊ ဦးဝဏ္ဏနေအိမ်တွင်.......ဖုန်းပြောပြီး၂နာရီခွဲအကြာ Time (5:30PM)

ဦးဝဏ္ဏတစ်ယောက် ဆိုဖာပေါ်တွင် ဘယ်လောက်ကြာမှန်းမသိအောင် စိတ်ပျက်လက်ပျက်ထိုင်ချနေမိရင်း Bossအကြောင်းတွေးမိလိုက်ကာ Boss ငါ့ကိုတစ်ခုခုတော့ သေချာပေါက်လုပ်တော့မှာဘဲလို့ တွေးမိလိုက်သည်။ Boss အကြောင်းကို ဦးဝဏ္ဏသိသည်။ Bossကအလွန်သွေးအေးကာရက်စက်တတ်သည်။ Bossအတွက်အသုံးမလိုတော့ရင်၊ သူ့ခိုင်းတဲ့အတိုင်းမဖြစ်သောအခါမျိုးတွင် ထိုလူအားအရှင်မထားတတ်။ အခုလဲ ဘာကြောင့်မှန်းသေချာမသိပေမယ့် Bossရဲ့လေသံအရ သူ့ကိုသက်ပစ်ဖို့က ၁၀၀% သေချာနေပြီဖြစ်သည်။ ဒါကြောင့် သူအိမ်မှာဆက်နေလို့ မဖြစ်တော့ အိမ်မှာသာဆက်နေရင်သူသေဖို့က ၉၉% လောက်သေချာနေပြီမဟုတ်ပါလား။

Norle (နိုရယ်)Where stories live. Discover now