လက်ထပ်လက်စွပ်ကလေး
By Natpankalay
181K 26.4K 1.3K
#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~ More
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32 Final Part
Part-22
3.9K 744 16
By Natpankalay
Episode-22
“ပတ်ဘတ်ဟျွန်း”
အနားမှာလာပြီးခပ်တိုးတိုးခေါ်လိုက်ပေမယ့် ဘတ်ဟျွန်းကျောထဲစိမ့်ခနဲတောင်ဖြစ်သွားရသည်။လှည့်ကြည့်လိုက်တော့ ထင်တဲ့ အတိုင်း ဘတ်ဟျွန်း မနှစ်သက်သည့်ထိုသူ။ထယ်ဂီဆိုသူက ဘတ်ဟျွန်းတစ်ယောက်တည်းအပြင်သွားသည့်အချိန်ကိုပဲ မှန်းရွယ်နေသလားမသိ။အမြဲလိုလို ဘတ်ဟျွန်းသီးသန့်ရှိသည့်အချိန်တိုင်းကိုရောက်လာတတ်သည်။
“ဘယ်သွားမလို့လဲ”
“ဘာဖြစ်လို့ပါလဲ။ခင်မင်ရင်းနှီးတာလည်းမဟုတ်ဘဲ ကျွန်တော့်ကိုရင်းနှီးနေတဲ့ပုံလာမဖမ်းပါနဲ့။”
“ဘာလို့လဲ။ကိုယ်ကမင်းကိုခင်တယ်လေ.”
“ကျွန်တော်ကခင်လည်းမခင်ဘူး။ခင်လည်းမခင်ချင်ဘူး။ကိုယ့်လမ်းကိုယ်သွားပါ.”
ဒီလမ်းထိပ်လေးကို ဘတ်ဟျွန်းတစ်ယောက်တည်းသွားတတ်နေပြီမို့ လမ်းထိပ်က Mart ဆိုင်လေးမှာ မုန့်ဝယ်ရန် တစ်ယောက် ထည်းထွက်လာခဲ့ခြင်းဖြစ်သည်။ဒီလောက ဒီကမ္ဘာကို ရင်းနှီးလှပြီမဟုတ်လျှင်တောင် အတန်အသင့်ကျွမ်းဝင်နေပြီမို့ ဘတ်ဟျွန်း အနည်းငယ်တော့ရဲနေပြီဖြစ်သည်။လက်မှာ ချန်းယောလ် ဝယ်ပေးထားသည့် ဖုန်းလေးကိုသွားလေရာယူသွားတတ်တာမျိူး၊ ချန်းယောလ် စီးနင်းနေသည့်အရာကို ကားဟု ခေါ်တာမျိူး။
“မုန့်ဝယ်မလို့လား။ကိုယ် အပြင်ကစောင့်နေပါမယ်”
ချန်းယောလ်က ထိုလူ အနားကပ်လာလျှင် ဖုန်းဆက်ဖို့မှာထားပေမယ့် အလုပ်လုပ်နေသည့် ချန်းယောလ်ကို အနှောင့်အယှက် မပေးချင်။ပြီးတော့ ဘတ်ဟျွန်းက မိန်းကလေးလည်းမဟုတ်။အကျွမ်းကျင်ကြီးမဟုတ်တောင်ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင် သည်ဟု ယုံကြည်ချက်ရှိသည်။ထို့ကြောင့် အဲ့ဒီလူပြောတာကိုအရေးမလုပ်ဘဲ Mart ထဲဝင်လာလိုက်သည်။လိုချင်တာလေးတွေ ရော စားချင်တာလေးတွေပါ အကုန်ဝယ်လာခဲ့၏။ ကိုကိုချန်းယောလ်က ဘတ်ဟျွန်းအတွက် Card တစ်ခုပေးထားသည်။ ဒီဘက်ခေတ်မှာ များပြားသည်ဟုဆိုနိုင်ပါသည့်ငွေကြေးပမာဏမှန်း ဘတ်ဟျွန်းသိနေပြီးသားဖြစ်သည်။
“ခဏလေး ဘတ်ဟျွန်း ကိုယ်ပြောတာ မင်းနားထောင်ရလိမ့်မယ်။ပတ်ချန်းယောလ်နဲ့ပတ်သက်တာမို့”
မုန့်ထုပ်လေးဆွဲကာ ရှေ့ကသွားနေသည့် ဘတ်ဟျွန်းခြေလှမ်းလေးတွေတုံ့သွားသည်။သို့ပေမယ့် အရေးလုပ်စရာမလိုဟု သတ်မှတ်ကာရှေ့ပြန်ဆက်၏။
“မင်းက ဒယ်ဂုံဆိုတဲ့နေရာကလာမှန်းသိထားပြီးသား။ အဲ့ဒီလိုခေတ်တစ်နေရာကနေ ဒီဘက်ကိုရောက်လာတာ ထူးဆန်းလွန်း တယ်လို့မထင်ဘူးလား။သဘာဝလွန်ဖြစ်ရပ်ဆိုတာတွေကိုအယုံအကြည်ရှိလား ဘတ်ဟျွန်း.”
ဒီတစ်ခါတော့ ဘတ်ဟျွန်းလျစ်လျူရှုမနေနိုင်တော့ပါ။ခြေလှမ်းအစုံကရပ်တန့်သွားရပြီဖြစ်သည်။ဒါကိုသိတော့ ထယ်ဂီက လှစ်ခနဲ ပြုံးလျက် ဘတ်ဟျွန်းဘေးနားတွင်ယှဉ်တွဲလာရပ်သည်။မျက်မုန်းကျိူးစရာကောင်းလှပါသည့် ဒီလူကို ဘတ်ဟျွန်းမော့ကြည့်လိုက် မိသည်။
“အဲ့ဒီဘက်က ဘာကိုဆိုလိုချင်တာလဲ”
“အင်း ထူးဆန်းတာလေးတွေပေါ့။ခု မင်းက ချန်းယောလ်နဲ့တွဲနေတယ်မလား။အဲ့ဒီအထိသိထားတယ်။အဲ့ဒါအပြင် မင်းသာ ချန်းယောလ်အနားရှိနေရင် ပတ်ချန်းယောလ် ထိခိုက်လိမ့်မယ်ဆိုတာအထိသိထားတယ်။မင်းတို့ကံကြမ္မာက မတူညီဘူးလေ။ ပေါင်းစပ်လို့ကိုမရတာသိထားလား ပတ်ဘတ်ဟျွန်း.”
“မဟုတ်တာတွေလျှောက်မပြောပါနဲ့။ခင်ဗျားပြောတိုင်း ကျွန်တော်ကယုံမယ်ထင်လား။”
“အင်း စောင့်ကြည့်ပေါ့။ကိုယ်ပြောတာဟုတ်မဟုတ် မင်းက စောင့်ကြည့်လို့ရတာပဲ။စမ်းသပ်နိုင်သလောက်စမ်းသပ် စောင့်ကြည့်လေ။ပတ်ချန်းယောလ်အသက်ကိုလောင်းကြေးထပ်နိုင်ရင်တော့မင်းသဘောပဲ..ကိုယ်က ကောင်းစေချင်လို့ပြော ပြတာ။”
ဘတ်ဟျွန်းနှုတ်ဆိတ်သွားမိသည်။ဒါပေမဲ့လည်းဒီတိုင်းကြီးတော့လည်းလက်မခံနိုင်ရာ။
“ဘာဖြစ်လို့အဲ့ဒီလိုကိစ္စတွေလာပြောနေရတာလဲ။ခင်ဗျားကဘာတွေသိထားလို့လဲ။ခင်ဗျားကဘာမို့လဲ”
“ဒီတိုင်း လူတစ်ယောက်ပါပဲ။ ဘတ်ဟျွန်းလည်းဟိုဘက်ကနေဒီဘက်ကိုရောက်လာတဲ့ရိုးရိုးလူသားမလား။ကိုယ်က လည်း ဒီအကြောင်းတွေကိုသိနေတဲ့ရိုးရိုးလူသားပေါ့။အဟက်--ဘာဖြစ်လို့ပြောပြနေရတာလဲတော့သိလား။ကိုယ်က မင်းကိုစိုးရိမ်လို့။ လူမှားခေါ်ကတည်းက ဘတ်ဟျွန်းဆိုတဲ့မင်းကိုသဘောကျလို့ မင်းထိခိုက်ခံစားရမှာစိုးလို့ကိုယ်က တားနေရတာ။ ပတ်ချန်းယောလ် ထိခိုက်မှာ မင်းလည်းမလိုလားဘူးမလား။ကျန်တာတော့ မင်းစဉ်းစားလို့ရပါတယ်။သိချင်တာများရှိရင် ဒါက ကိုယ့် ဖုန်းနံပါတ်.”
ရုတ်ခြည်းဆိုသလို ဘတ်ဟျွန်း လက်ထဲက ဖုန်းကိုဆွဲယူလျက် သူ့နာမည်နှင့် ဖုန်းနံပါတ်ကိုမှတ်သားပေးသွားခဲ့သည်။အတွေးထဲ နစ်မြောနေတာမို့ ဘတ်ဟျွန်း လက်ထဲ ဖုန်းလေးပြန်ရောက်လာမှ အသိဝင်သည်။ထယ်ဂီကတော့ ထွက်သွားနှင့်ခဲ့ပြီ။ အိမ်အပြန်လမ်းတစ်လျှောက်လုံး ဘတ်ဟျွန်းစိတ်တို့လွင့်ပါးလျက်..
မဟုတ်တဲ့အကြောင်းတရားတွေလို့ယုံကြည်လို့ရတယ်မလား။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“အွန်းလေး လာပါဦး မေမေ မေးစရာရှိလို့”
ခါတိုင်းနှင့်အတူ သူဌေးကတော်ပတ်က မျက်နှာတည်တည်ငြိမ်ငြိမ်နှင့်မို့ ဘတ်ဟျွန်း အိမ်ရှေ့ထွက်မည်လုပ်ရာကနေ မေမေ့ နားဝင်ထိုင်လိုက်ရသည်။ညနေပြန်လာချိန်တန်နေပေမယ့် ချန်းယောလ်ပြန်မလာသေး၍ ဘတ်ဟျွန်း လည်တဆန့်ဆန့် ဖြစ်နေသည်။ဖုန်းနှစ်ခါခေါ်ထားပေမယ့်လည်း ပြန်လည်ဖြေဆိုသူမရှိတာကြောင့် စိုးရိမ်စ်ိတ်တွေကတဖွားဖွား။လက်ကဝတ်ထား သည့်လက်စွပ်လေးကိုအကြောင်းမဲ့ပွတ်နေမိသည်။
“ချန်းယောလ်လီကိုမတွေးဘဲ မေမေ မေးတာကိုသာ အမှန်အတိုင်းဖြေပေးမလား အွန်းလေး”
“ဟုတ်ကဲ့ ”
“အွန်းလေးက မေမေတို့ချန်းယောလ်လီကိုချစ်သလား။အကိုလိုမဟုတ်ဘဲနဲ့လေ.”
စူးစမ်းသလိုသေသေချာချာကြည့်နေသည့် သူဌေးကတော်ပတ်၏မျက်ဝန်းတွေကို ဘတ်ဟျွန်း မရှောင်ရှားပါ။သေသေ ချာချာပြန်ကြည့်လျက် သက်ပြင်းဖွဖွလေးချသည်။
“တောင်းပန်ပါတယ်မေမေ.”
“ဘာကိုလဲ အွန်းလေး”
“ကျွန်တော်ဒီဘက်ကိုရောက်ကတည်းက ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ပေးခဲ့တာကို အားနာရကောင်းမှန်းမသိဘဲ ကိုကိုချန်းယောလ်ကို မေတ္တာသက်ဝင်မိတဲ့အတွက် တောင်းပန်ပါတယ်။ကျွန်တော်--ကျွန်တော် တကယ်ပဲ ကိုကို့ကိုချစ်ပါ တယ်။”
သူဌေးကတော်ပတ်က မျက်ရည်သိုင်းသည့်မျက်ဝန်းတို့ဖြင့် သက်ပြင်းသာချသည်။မော့မော့လေးကြည့်နေသည့် ဘတ်ဟျွန်း၏ မျက်လုံးလေးတွေမှာ တောင်းပန်ဟန်လေးတွေအပြင် ခွင့်ပြုခြင်းတစ်စုံတစ်ရာကိုပါတောင်းခံနေသည့်အရိပ်ယောင်လေးတွေပါ တွေ့နေရသည်။
“အွန်းလေးရယ်. သားက မေမေ့သားလေးလေ.”
“တောင်းပန်ပါတယ် မေမေ.။ကျွန်တော်က တကယ်တောင်းပန်ပါတယ်။”
သူဌေးကတော်ပတ်က ဘတ်ဟျွန်းအားဖက်လျက်ငိုလေတော့သည်။မိခင်အရင်းမဟုတ်ပေမယ့် ဒီရောက်မှတွေ့ရတယ် ဆိုပေမယ့် ဘတ်ဟျွန်းက သူဌေးကတော်ပတ်ကိုတော်တော်လေးသံယောဇဉ်တွယ်လှပါသည်။ရောက်ကတည်းက မည်သူမှ မခင်တွယ်သေးခင်ကတည်းက မေမေက အရင်ဦးဆုံးခင်တွယ်ချစ်ပေးခဲ့သူဖြစ်သည်။မတောင့်မတမကြောင့်မကျဖြစ်ရလေ အောင် သူဌေးကတော်ပတ်က အားလုံးစီစဉ်ပေးခဲ့သလို မေတ္တာထားခဲ့သူလည်းဖြစ်သည်။
“မေမေ့သားတွေပျော်တယ်ဆို မေမေကကျေနပ်ပေးရမှာပေါ့။ချန်းယောလ်လီကလည်း အွန်းလေးကိုတကယ်ချစ်နေတာ မေမေသိတယ်။အွန်းလေးလည်းသဘောကျနေတယ်ဆို မေမေက ဘာလို့အတင်းတားနေရမှာလဲ။သားတွေစိတ်ချမ်းသာဖို့က အဓိကပါ.”
“ဟင် မေမေ တကယ်ပြောတာလား.”
“ချန်းယောလ်လီ. ဘယ်လိုဖြစ်.”
“ကိုကိုချန်းယောလ်”
ဘတ်ဟျွန်းတို့အနားကို ထော့နဲ့နဲ့ဖြင့် အတင်းပြေးလာသည်ကြောင့်စားပွဲခုံစောင်းနဲ့တိုက်ကာလဲမိတော့မလိုဖြစ်နေသည့် ချန်းယောလ်ကို ပြေးပွေ့လိုက်ကာမှ ဘတ်ဟျွန်းမျက်လုံးတွေပြူးကျယ်သွားရတော့သည်။သူ စိုးရိမ်တကြီးဖြစ်နေတာကို ချန်းယောလ်က ဂရုမပြုအားသေး။ဘတ်ဟျွန်းတွဲပေးတာကိုအားစိုက်အမှီသဟဲပြုရင်း ချန်းယောလ်က သူဌေးကတော်ပတ် အနားအတင်းဝင်ထိုင်သည်။
“မေမေ တကယ်ပြောတာလား။တကယ်ပဲ ကျွန်တော်နဲ့ဘတ်ဟျွန်းနီးကိုသဘောတူပေးမှာလား ဟင် မေမေ.”
“ချန်းယောလ်လီ ခြေထောက်ကဘာဖြစ်တာလဲ။မေမေ စိတ်ပူလိုက်တာ”
“ထိမိရုံလေးပါ။ခုနက မေမေ ပြောတာတကယ်ပဲလားလို့ မေမေ”
ချန်းယောလ်က အတင်းကို အလောသုံးဆယ်ဖြစ်နေတာမို့သူဌေးကတော်ပတ်က ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။ ပြုံး သွားသည့်ချန်းယောလ်မျက်နှာသည် နှိုင်းပြစရာမရှိလောက်အောင်ကို ချောမွေ့လွန်းသည်။ထိုပါးချိူင့်ပိုင်ရှင်၏အပြုံးကို ဘတ်ဟျွန်း မတ်တပ်လေးရပ်လျက် ငေးနေမိသေးသည်။
“ဝမ်းသာလိုက်တာဗျာ။တကယ်ပဲ ကျေးဇူးတင်ပါတယ်မေမေ။တကယ်ကိုပဲ”
မိခင်ကိုဖက်လျက် ပျော်နေသည့် ချန်းယောလ်သည် အနားမှာရပ်နေသည့် ဘတ်ဟျွန်းလက်ကလေးကိုပါဆွဲလျက်ထိုင်ချလာစေ သည်။ပြီးတော့မှ ဘတ်ဟျွန်းကိုပါတစ်ဖက်ကနေပြန်ဖက်လာရင်း အပြုံးကြီးကြီးပြုံးပြသည်။ဘတ်ဟျွန်း ယဲ့ယဲ့လေးပဲပြုံးပြနေမိ သည်။အကြည့်က ချန်းယောလ်ခြေထောက်ထက်က ပတ်တီးဖြူဖြူထံမှာ။
သူဌေးကတော်ပတ်က ဥက္ကဌကြီးပြန်လာသည်ကြောင့်စကားပြောရန်အခန်းထဲအတူလိုက်ဝင်သွားသည့်အခါ ချန်းယောလ် ထရပ်သည်နှင့်လာတွဲသည့် ဘတ်ဟျွန်းလက်ကလေးကိုပြန်လည်ဆွဲယူလျက်ထော့နဲ့နဲ့ဖြင့်ပင် အပေါ်ထပ်တက်လာခဲ့ လိုက်သည်။ချန်းယောလ်၏အခန်းထဲကိုသာဦးတည်သွားလိုက်ရင်း ကုတင်ပေါ်မှာအရင်ထိုင်လိုက်သည်။ထို့နောက် ဘတ်ဟျွန်းနီးလေးကိုခပ်သာသာဆွဲချရင်းပေါင်ပေါ်ထိုင်စေ၏။
“ကိုကိုချန်းယောလ်.  ခြေထောက်ထိ..”
“မျက်နှာလေးကဘာဖြစ်နေတာလဲ။ဒါက ကိုယ် ဆိုင်ခွဲတွေသွားစစ်တော့ ပြန်အထွက်မှာ ကားတစ်စီးနဲ့ပွတ်မိသွားတာပါ။ ထွေထွေထူးထူးမဟုတ်ပါဘူး။ကားပိုင်ရှင်ကလည်းဆင်းလာပြီးဆေးခန်းပို့တဲ့ကိစ္စတွေထိ တာဝန်ယူပေးမယ်ပြောပေးမယ့် ကိုယ်ပြန်လွှတ်လိုက်တာ။သူလည်းတမင်လုပ်တာမဟုတ်ဘူးမလား။ ကဲ ပြုံးပြပါဦး ဘတ်ဟျွန်းနီး”
“ကိုကိုချန်းယောလ်.”
“ပြော. ခုနကတည်းက ကိုယ့်ကိုပြောချင်တာရှိနေတယ်မလား။”
ချန်းယောလ်၏ကြည်ကြည်သာသာမော့မေးလာသည့်မျက်ဝန်းတွေကိုကြည့်ကာ ဘတ်ဟျွန်း ဝမ်းပန်းတနည်းငိုချင်လာမိသည်။ သို့သော် ချန်းယောလ်စိတ်ပူမည်စိုးသည့်အတွက် ဝဲတက်လာသည့်မျက်ရည်တွေကိုအမြန်သိမ်းယူလိုက်၏။ချန်းယောလ်၏ မျက်နှာချောချောကို လက်ခုပ်နှစ်ဖက်ဖြင့်ပွေ့ယူလိုက်တော့ ချန်းယောလ်က အလိုက်သင့်လေးမော့ပေးလာသည်။ ထိုချောမွေ့ နေသည့်မျက်နှာကိုပင့် ကိုင်ကာ နှုတ်ခမ်းထက်အနမ်းနုနုကို ဘတ်ဟျွန်းဘက်မှ ချွေလိုက်သည်။
“ကျွန်တော်က ကိုကို့အနားရှိရင်ကိုကိုက ထိခိုက်တတ်မှာလား”
“အဟွန်း- ဘာတွေပြောနေတာလဲ ဘတ်ဟျွန်းရဲ့။အင်း-ထိခိုက်တယ်။ဘတ်ဟျွန်းကြောင့်ကိုကို့နှလုံးသားလေး ထိခိုက်တယ်။အဲ့ဒါကြောင့် ဘယ်ကိုမှ ထွက်သွားဖို့မစဉ်းစားနဲ့။ ဘတ်ဟျွန်းမရှိရင် ကိုယ် တော်တော်လေးနာကျင်ရမှာ”
“ဒါပေမဲ့ ကျွန်တော်က တခြားနေရာကလာခဲ့တာလေ။ကျွန်တော်တို့ပေါင်းစပ်မရမှာစိုးတယ်.”
“ဘာတွေလျှောက်ပြောနေတာလဲကွာ။ကိုယ်တို့ တစ်ယောက်တစ်နေရာဆီက ရထားတဲ့ ဒီလက်စွပ်ကလေးတွေတောင် တူနေသေးတာပဲ။ဒါကိုယ်တို့ကကံကြမ္မာကဖန်တီးပေးထားတဲ့ ရေစက် ဆိုတာကိုပြောတာ။ ဘယ်နည်းနဲ့မှမဝေးနိုင်ဘူး။ကြည့်.. ဒီလက်စွပ်လေးတွေက ကိုယ်တို့အတွက် တကယ်ကံကြမ္မာပဲ”
ဘတ်ဟျွန်းလက်နုနုကိုဆုပ်ကိုင်လျက် ချန်းယောလ်က သူ့ဝတ်ထားသည့်လက်စွပ်လေးနှင့်ပါယှဉ်တွဲပြသည်။ဟုတ်တော့ ဟုတ်ပါသည်။ဘတ်ဟျွန်း ဒယ်ဂုံကတည်းကပါလာသည့် လက်စွပ်ရယ် ချန်းယောလ်ကောက်ရထားသည့်လက်စွပ်ရယ်က မမျှော်လင့်ဘဲတစ်ပုံစံတည်းတူနေသည်လေ။ အတွင်းဘက်က အိုင်လိုဗွီယူ ဟု ဘတ်ဟျွန်းဖတ်တတ်သည့် အတိုင်းရေးထား တာခြင်းလည်းတူသည်။
ဒါတကယ်ပဲကံကြမ္မာရေစက်လား။
ဆင်တူဖြစ်နေသည့် ဒီလက်စွပ်ကလေးတွေက ရေစက်ဖြစ်နိုင်ပါ့မလား။
**************************
#With Heart
Just A Dreamer.
Zawgyi
Episode-22
“ပတ်ဘတ်ဟျွန်း”
“ဘယ်သွားမလို့လဲ”
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
“ဟုတ်ကဲ့ ”
“တောင်းပန်ပါတယ်မေမေ.”
“ဘာကိုလဲ အွန်းလေး”
“ကိုကိုချန်းယောလ်”
“ကိုကိုချန်းယောလ်.”
**************************
#With Heart
Just A Dreamer.
Continue Reading
You'll Also Like
548K 42.8K 64
Unicode ~~Zawgyi သားကိုအလွန်ချစ်ပြီးအူတို​သော~~ဦး​​ကျော်ကြား ​ဖခင်နဲ့လင်ဖြစ်သူ ကြားဗျာများရတဲ့ ~~သျှားမြတ်​ကျော် သျှားချစ်သူကျီးကန်းမည်း​လေး~အံ့မင်း...
291K 50.1K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
301K 14.6K 51
(Unicode) " အရာရာတိုင်းမှာ တန်ပြန်ရိုက်ချက် ဆိုတာ ရှိတယ်။ အမှန်တရား အတွက်ဆိုရင် ငါက ရှေ့နေတစ်ယောက် ဖြစ်နေရင် တောင်မှ၊ ဘုရားမရှိ တရားမရှိတဲ့ ရှေ့နေပဲဖ...
18.7K 820 32
သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသားကိုပဲဦးစားပေးရွေးချယ်ရဲပါ့မလားဆိုရင် ကျွန်တော် ကတော့... သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသား ကို...