แ€กแ€™แ€ฏแ€”แ€บแ€ธแ€กแ€ฌแ€ธแ€ฅแ€•แ€ฑแ€€แ€นแ€แ€ฌแ€•แ€ผแ€ฏแ [แ€กแ€™แ€ฏแ€”แ€นแ€ธแ€ก...

By K_Royal_White

117K 6.4K 304

Zhanyi โค๐Ÿ’š Fanfiction ๐Ÿ’› ( Myanmar ๐Ÿ‡ฒ๐Ÿ‡ฒ ) This story is my 1st story.๐Ÿ“Œ So, you can criticize on this writi... More

Characters Introduction
Intro
Ep - 1
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9 ๐Ÿ”ž๐Ÿ’ฅ
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Health
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
โš  Attention โš 
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 34
Ep - 35
Ep - 36
Ep - 37 Final
โœจ Thanks you all โœจ
Extraโœจ

Ep - 2

4K 250 1
By K_Royal_White

".....! 5..! 4..! 3..! 2..! 1..!"

"Happy New Year!!!"

"Happy Birthday Wang Yibo!!"

ခေါင်မိုးထပ်တစ်နေရာမှ မွေးနေ့ပွဲကျင်းပနေသော လူငယ်တစ်စုသည် မြို့လယ်ခေါင်ရှိ ကိန်းဂဏန်းတွေကို နောက်ပြန်ရေတွက်နေသော တိုက်မြင့်ကြီးအားကြည့်ကာ ပျော်ပျော်ပါးပါး အော်ဟစ်နေကြလေသည်။

ဒီနေ့ ကျွန်တော့်အသက် 20 ပြည့်ပြီ။

အရင်နှစ်တွေက မွေးနေ့ပွဲကို မားနဲ့အတူ ကျင်းပခဲ့ပေမယ့် မား မရှိတော့တဲ့နောက် သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းဖြစ်ခဲ့သည်။

ဒီနှစ်တော့ မွေးနေ့ပွဲကို ကျွန်တော့်အိမ်မှာ မလုပ်တော့ပဲ ကျွန်တော့်သူငယ်ချင်း 'လန်ကျင်းရီ' ရဲ့ အကြံပေးကောင်းမှုကြောင့် ဖွင့်တာမကြာသေးတဲ့ နာမည်ကြီး Bar တစ်ခုရဲ့ ခေါင်မိုးထပ်မှာ မွေးနေ့ပွဲကျင်းပနေခြင်းဖြစ်၏။

"Yibo! မင်း ခုနကဘာဆုတောင်းလိုက်တာလဲ...?"

ထုံးစံအတိုင်း ခပ်စွာစွာနှင့်စပ်စုတတ်သော လန်ကျင်းရီက ရိပေါ်ကို လှမ်းမေးလေ၏။

ကျွန်တော် ဖယောင်းတိုင် မမှုတ်ခင်ဆုတောင်းကိုများ သူတို့သိသွားရင် ကျွန်တော့်ကို လှောင်ရယ်နေမလားလေ...။
အူကြောင်ကြောင်နိုင်တဲ့ ဆုတောင်းဆိုပြီးတော့... ဟက်!

"ဆုတောင်းကို သူများပြောပြရင် မပြည့်ဘူးတဲ့ကွ!"

ကျွန်တော်လဲ ပြန်ပြောလိုက်ရော ကျင်းရီက မချိပြုံးလေးပြုံးပြကာ စကားလမ်းကြောင်းလွှဲသွားလေတော့သည်။

"အေးပါကွာ မင်းကလဲ...
ဒါဆို Happy Birthday Wang Yibo!
Happy New Year!
Cheer!! သောက်လိုက်ကြစို့!!"

ဝိုင်ခွက်လေးတွေကို ကိုယ်စီကိုင်မြှောက်ကာ တိုက်လိုက်ကြပြီး မွေးနေ့ပွဲကို အရှိန်မြှင့်လိုက်လေသည်။
သူငယ်ချင်းတွေကလဲ ကျွန်တော့်ကို မွေးနေ့ဆုတောင်းစကားတွေ ပြောပေးကြ၏။
သူတို့အားလုံး စားလိုက်ကြ သောက်လိုက်ကြ စကားတွေပြောလိုက်ကြနှင့် အတော်လေးကို ပျော်နေကြလေသည်။

ဝိုင်ခွက်လေးကို မသောက်ပဲ လက်ကလေးနဲ့ ဟန်ပါပါလှည့်ကာ မွေးနေ့ပွဲအတွင်းမှ ရိပေါ် ထွက်လာလိုက်သည်။
Bar ရဲ့ ခေါင်မိုးထပ်မှနေပြီး အောက်ခြေတွင်ရှိနေသော မြို့အလှကို မျက်တောင်မခတ်ငေးကြည့်မိ၏။

ထိုအကြည့်များထဲတွင် မြို့ရဲ့အလှအပကိုမမြင်နိုင်ပဲ အတိတ်ဆီသို့သာ အတွေးစတို့က ကူးလူးစေခဲ့ပြန်သည်။

"Gay... အဲ့ကောင် G*y သားတဲ့ကွ.!
အဲ့တော့ သူလဲအခြောက်ပေါ့ကွာ..
ဟား ဟား ဟား..."

(A/N - Fic အရ,သာဖတ်ပေးစေလိုပါတယ်ဗျ။ Royal နှင့် တစ်ခြား Fan တွေချစ်သော Idol ကို ထိခိုက်စေလိုခြင်း အလျဥ်းမရှိပါ။)

ကျွန်တော် မူလတန်းစ,တက်ကတည်းကဒီလိုပြောတာတွေကိုခံခဲ့ရသည်။
အခု အလယ်တန်းရောက်ပြန်တော့လဲ အပြောခံရပြန်ပြီ။

ဘာလို့ ဒီလိုတွေပြောနေကြတာလဲဆိုတာ
ကျွန်တော် တကယ်ကိုနားမလည်ဘူး။

"ငါ့မှာ မားရှိတယ်ကွ!!
ငါ့ ပါးပါးကလဲ G*y မဟုတ်ဘူး!
ငါလဲ G*y မဟုတ်ဘူးကွ!!"

ကျွန်တော် စိတ်တိုတိုနှင့် လမ်းဘေးက တုတ်တစ်ချောင်းအား ဆွဲကိုင်ကာ ဒေါသတကြီးအော်ဟစ်လိုက်တော့ ကျွန်တော့်အကြောင်းကိုသိသော ထိုသုံးကောင်မှာ တန်းနေအောင် ပြေးလေတော့သည်။

(*မင်းတို့သာ ငကြောက်တွေ*)

ခပ်ချဥ်ချဥ် တစ်ချက်တွေးလိုက်ပြီး ကျောပိုးအိတ်ကြိုးလေးကို ပုခုံးတစ်ဖက်မှာ ဘေးတစ်စောင်းလွယ်ကာ ကျောင်းသို့ ခပ်တည်တည်ပဲဆက်လျှောက်လာခဲ့သည်။

ကျွန်တော်နဲ့ တစ်မြို့ထဲနေတဲ့ 'ဝမ်ချောင်' ဆိုတဲ့ကောင်က 'သူ့မိဘတွေပြောတာကြားဖူးတယ် ဘာညာ ဘာညာ' အစချီကာ ကျွန်တော့်အကြောင်းတွေကို ထိုသို့လိုက်ဖွထားခြင်းသာဖြစ်သည်။

ဝမ်ချောင်နဲ့ ခနခနရန်ဖြစ်ရပေမယ့် နောက်တော့ 'မှန်နေလို့ နာတယ်' ထင်မှာစိုးလို့ ရန်သိပ်မဖြစ်တော့...။
ဒါပေမယ့် သည်းခံနိုင်တဲ့ အတိုင်းအတာကျော်လာရင်တော့ စိတ်ဆက်တတ်တဲ့ ကျွန်တော်က ရန်ဖြစ်မိနေစမြဲပင်။

ကျွန်တော် ပါးပါးကို မုန်းမိတယ်ဗျာ...။
ကျွန်တော့်ကို ဒီလိုတွေ အပြောခံရတဲ့ အရင်းအမြစ်က ကျွန်တော့်ရဲ့ပါးပါးပဲ...။

ဘာလို့ ဒီလိုတွေ အပြောခံနေရလဲဆိုတာ ကျွန်တော် တကယ်ကိုနားမလည်နိုင်တော့ဘူး။

ကျွန်တော့်မှာ 'မား' တစ်ယောက်လုံးလဲရှိပါရက်နဲ့ ကျွန်တော်ဆိုတဲ့ သားတစ်ယောက်လုံးလည်းရှိပါလျက်နဲ့ဗျာ...
ဘာလို့! ဘာလို့ ဒီလိုတွေ အပြောခံနေရလဲ ဆိုတာ ကျွန်တော် တကယ်မသိတော့ဘူး။
သိလဲ မသိချင်ဘူး။

ကျွန်တော့်စိတ်ထဲမှာတော့ ရှက်တဲ့စိတ်နဲ့
ပါးပါးကို စိတ်ဆိုးမိတဲ့စိတ်ပဲရှိတယ်။

ကျန်တာတွေ ကျွန်တော် မသိဘူး။

ဒါ့ကြောင့် မား မရှိတော့နောက် ကျွန်တော် တစ်ယောက်တည်း အိမ်ခွဲနေခဲ့တာ...။

ပါးပါးကတော့ အမြဲပြုံးနေနိုင်တဲ့ လူဆိုတော့ ကျွန်တော် အိမ်ပြောင်းသွားလဲ သူဘာမှမခံစားရလောက်ပါဘူး။
ကျွန့်တော့် ပါးပါးက Every Time, Everywhere, Happy man ကြီးပေါ့ဗျာ... ဟက်.!

"ရိပေါ် ဘာဖြစ်လို့လဲ...?
မျက်နှာမကောင်းသလိုပဲ"

ဘေးနားရောက်လာပြီး မေးလိုက်တဲ့ 'လန်စစ်ကျွေး' စကားကြောင့် ရိပေါ်အတွေးစ,တို့ကို ရုတ်သိမ်းလိုက်ရင်း....,

"သြော်.. အင်း.. ဘာမှမဖြစ်ပါဘူးကွာ..
မင်းတို့ သွားသောက်ကြလေ...
တစ်ခုခုအဆင်မပြေတာရှိလို့လား...?"

"မရှိပါဘူးကွာ...
မင်းသာ တစ်ခုခု အဆင်မပြေတာရှိရင် ငါ့ကိုပြောလို့ရတယ်နော် Yibo..!
ဒါနဲ့ ဒီည ဒီ Bar မှာပဲ အားလုံးတည်းကြဖို့ ငါ အားလုံးကိုပြောပြီးသွားပြီ သိလား...?"

ရိပေါ် ပုခုံးတစ်ဖက်ကို လက်တစ်ဖက်ဖြင့် ပုတ်ကာ အားပေးသလို ပြောလိုက်တော့ ခေါင်းတစ်ချက်ငြိမ့်ပြကာ အသိအမှတ်ပြု၏။

(*ရိပေါ် သူ့ပါပါး အကြောင်းတွေ တွေးနေပြန်ပြီထင်ပါတယ်...*)

ရိပေါ်အကြောင်းကိုသိစွာ စစ်ကျွေး'တွေးမိလိုက်ရင်း သက်ပြင်းတစ်ချက်ကိုလဲ အသာချလိုက်မိသည်။

သူတို့သားအဖနှစ်ယောက်ကိုအဆင်ပြေစေချင်ပေမယ့် ကိုယ်ကဘေးလူဆိုတော့ အများကြီးပြောလို့လဲ ကောင်းတာမှ,မဟုတ်ပဲလေ...။

ပြီးတော့ ဒီလိုနေ့မျိုးမှာ Yibo အိမ်ပြန်ချင်မှာ မဟုတ်ဘူး။

ဒီ Bar မှာက Hotel ရော ၊ စားသောက်ဆိုင်ရော ၊ ကာရာအိုကေရော ၊ Dancing bar ရော အစုံတွဲဖွင့်ထားတာကြောင့် တော်တော်လေးကို အဆင်ပြေသွားရသည်။

ခေါင်မိုးထပ်မှာတော့ မြို့အလှကို ခံစားအပန်းဖြေရင်း ပါတီပွဲတွေ ၊ မွေးနေ့ပွဲတွေကို အထက်တန်းကျကျ ရိုးရှင်းလှပစွာကျင်းပလို့ရတာကြောင့် ပို၍နာမည်ကြီး၏။

ဖွင့်တာမကြာသေးတဲ့ ဒီ Bar ပိုင်ရှင်က 'ငယ်ငယ်ချောချောလေး'လို့ ပြောကြတာတွေကို စစ်ကျွေးလဲကြားဖူးပါသည်။

အခုမွေးနေ့ရှင် ရိပေါ်အပါအဝင် ကျန်တဲ့သူတွေကိုလဲ အေးအေးဆေးဆေးနားလို့ရအောင် စစ်ကျွေးအလိုက်တသိ အခန်းတွေကြိုတင်မှာပေးထားရသည်။

အရက်မူးပြီး ကားမောင်းရင် ဘယ်သူ့ကိုမှ စိတ်မချရဘူးလေ...။

>>><<<

ကျန်းချန် *King* Bar ကို လာစစ်နေတော့ အလုပ်သမားတွေ တစ်ယောက်မှ အမှားမလုပ်ရဲကြပေ...။
Bar ပိုင်ရှင် Xiao Zhan ကိုဆိုရင်တော့ ပြောစရာမရှိအောင်ကို ကြောက်ကြပါသည်။

အလုပ်ကို တိတိကျကျလုပ်တတ်ပြီး မထင်ရင်မထင်သလို အလုပ်ထုတ်တတ်တဲ့ သူတို့တူဝရီးနှစ်ယောက်ကြောင့် Bar ကို ထိန်းထားနိုင်ခဲ့ကြ၏။

ကျန်းချန် Bar ကို ရောက်လာပြီး ခနအကြာ Dancing floor နားမှာ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခုဖြစ်လာလေသည်။

ရုတ်ရုတ်သဲသဲဖြစ်နေသော Dancing floor အနားကို ကျန်းချန်သွားကြည့်တော့ အသက်ငယ်ငယ် ခပ်ချောချောကောင်လေးတစ်ယောက် အရက်မူးနေပြီး ဟိုလူ့ပုခုံးဝင်တိုက် ဒီလူ့ပုခုံးဝင်တိုက်နဲ့ ပြန်လည်းတောင်းပန်ခြင်း အလျဥ်းမရှိစွာ ခပ်တည်တည်ပဲ ဆက်သွားနေ၏။

အတိုက်ခံရတဲ့ လူတွေကလဲ အရက်မူးနေကြတော့ ရန်လာစ,တယ်ထင်ပြီး ထိုအမူးကောင်လေးကို လက်သီးနဲ့ ထိုးမယ်တကားကား ရုန်းရင်းဆန်ခတ် အခြေအနေတစ်ခုဖြစ်လာလေတော့သည်။

Bar က ဝန်ထမ်းတွေကလဲ ထိုရုန်းရင်းဆန်ခတ် အခြေအနေကို ဝင်ထိန်းပေးကြပြီး ထိုအမူးကောင်လေးကိုလဲ တွဲပေးထားရလေသည်။

ဒါနဲ့ မနေသာတဲ့ ကျန်းချန်ကပဲ ထိုအမူးကောင်လေးကို တွဲပေးထားတဲ့ အလုပ်သမားဆီကနေ ပြောင်းတွဲပေးလိုက်ရင်း....,

"ငါလိုက်ပို့ပေးလိုက်မယ်"

အလုပ်သမားကောင်လေးကို တစ်ခွန်းသာ ပြောလိုက်ပြီး ထိုအမူးကောင်လေးကို ပြောင်းတွဲကာ ဧည့်သည်အခန်းဆီသို့ လိုက်ပို့ပေးရဖို့ အကြောင်းဖန်လာတော့သည်။

အဆင်သင့်ရှိနေသော ဧည့်သည်အခန်းနားသို့ရောက်ခါနီးအချိန် ကြားလိုက်ရသည့်အသံခပ်စူးစူးတစ်ခု....,

"ကျွန်တော့်သူငယ်ချင်းကို ဘယ်ခေါ်သွားတာလဲ?!"

အမူးကောင်လေးကို တွဲထားတဲ့ ကျန်းချန် လက်တွေကို အလျဥ်စလိုဖြုတ်ချကာ မေးလာတဲ့ ထိုအသံခပ်စူးစူးကောင်လေးကို ကျန်ချန်ပြန်ငဲ့ကြည့်လိုက်ပြီး....,

"မင်းသူငယ်ချင်းက မူးပြီးလျှောက်သွားနေလို့ ငါလိုက်ပို့တာ မဟုတ်ရင် ရန်ဖြစ်နေလောက်ပြီ"

ထိုသို့ပြောလိုက်မှ လာတွဲတဲ့ခပ်စွာစွာကောင်လေးက ဘာမှမပြောတော့ပဲ သူ့သူငယ်ချင်းအမူးကောင်လေးကို တစ်ချက်ငဲ့ကြည့်ကာ သေချာပြန်ပြင်တွဲလိုက်ရင်း လှည့်ထွက်မည်အပြု....!

"ဘာဖြစ်နေကြတာလဲ...?"

တည်ငြိမ်လွန်းတဲ့ ခပ်ရှရှအသံတစ်ခုကြောင့် ကျန်းချန် အသံလာရာကို လှည့်ကြည့်လိုက်ရင်း....,

"ကျန့်ကျန့် သား Bar ကို မလာဘူးဆို"

"ဟုတ်တယ် ဒါပေမယ့် လူတွေအများကြီးမို့ လေးလေးကို စိတ်မချလို့ လိုက်တာတာ..
ဒါနဲ့ သူတို့က ဘယ်သူတွေလဲ လေးလေး...
ဘာဖြစ်နေကြတာလဲ?"

အရှေ့မှ တစ်ယောက်ကိုတစ်ယောက်တွဲပြီး မသွားကြသေးပဲ ကြည့်နေတဲ့ ကောင်လေးနှစ်ယောက်ကို တစ်ချက်လှမ်းကြည့်ကာ XZ မေးလိုက်ခြင်းဖြစ်သည်။

"ကျွန်တော့် သူငယ်ချင်းကို ခင်ဗျားဦးလေးက ခေါ်သွားလို့..! အဲ့တာ ပြန်လာခေါ်တာ"

စွာပုံရသော ထိုကောင်လေးစကားကြောင့် XZ လေးလေးကို ကြည့်ပြီးအကဲခတ်လိုက်၏။

ထိုအခြင်းအရာကို သိသော လေးလေး က...

"အဲ့ကောင်လေးမူးပြီး Bar ထဲမှာ ရန်ဖြစ်တော့မှာမို့ လေးလေး ခေါ်လာတာ..
Bar ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်နေလို့..."

ကျန်းချန်ရှင်းပြလိုက်တော့ ထိုခပ်စွာစွာကောင်လေးရဲ့ အသံစူးစူးက ထွက်လာပြန်သည်။

"ထားလိုက်ပါတော့..
ကျွန်တော့်သူငယ်ချင်းက သူ့ကို ဘယ်သူမှထိတာ ကြိုက်တာမဟုတ်ဘူးဗျ...
အခုက မူးနေလို့ ခင်ဗျားခေါ်ရာပါသွားတာ ဟွန့်!"

ခပ်စွာစွာကောင်လေးရဲ့စကားကြောင့် XZ လည်း မူးနေသောကောင်လေးကို တစ်ချက်ငုံ့ကြည့်လိုက်ကာ ထိုခပ်စွာစွာကောင်လေးကိုတော့ တည့်တည့်စိုက်ကြည့်လိုက်ပြီး....,

"ဒီမှာ ကောင်လေး...
ကိုယ့်လေးလေးက မင်းသူငယ်ချင်းကို စေတနာနဲ့ခေါ်လာပေးတာ..
ပြီးတော့ ကိုယ်တို့က ဒီ Bar ပိုင်ရှင်တွေပါ.. Bar ထဲမှာ ရန်ဖြစ်နေမှာစိုးလို့ ဝင်ထိန်းပေးတာပဲရှိတာ.. ပြီးတော့ မင်းတို့ ဒီမှာတည်းရင် အေးအေးဆေးဆေး..."

XZ စကားပင်မဆုံးလိုက်.. မူးနေတဲ့ကောင်လေးက ရုတ်တရက်ခေါင်းထောင်လာကာ ပါးစပ်ကို လက်နဲ့အုပ်ကိုင်လိုက်ရင်း အန်ဖို့ နေရာရှာလေတော့သည်။

ထို့ကြောင့် မနေနိုင်တဲ့ XZ ကပဲ 'မနိုင်သလို' ခေါင်းကိုခါရမ်းလိုက်ကာ ထိုကိုယ်တော်လေးနှစ်ပါးကို ဝင်ကူညီပေးရတော့၏။

"ကောင်လေး အမှိုက်ပုံးသွားယူလိုက်
ကိုယ် ထိန်းထားပေးမယ်"

ဘေးကနေတွဲပေးနေတဲ့ ခပ်စွာစွာကောင်လေးကို XZ တစ်ချက်လှမ်းပြောလိုက်ရင်း အမူးကောင်လေးကို ဝင်တွဲပေးလိုက်ရသည်။

(*ဟူးးး ဒီကလေးတွေက တကယ့်ပြဿနာလေးတွေပဲ...*)

XZ တစ်ချက်တွေးလိုက်ပြီး သက်ပြင်းတစ်ချကာ ထိုအမူးကောင်လေးကိုသာ ဆက်ထိန်းပေးထားမိသည်။

အခန်းထောင့်နားမှာ အဆင်သင့်ချထားသော အမှိုက်ပုံးအား ကျင်းရီ အမြန်ပြေးယူခဲ့ပေမယ့် အချိန်မမှီတော့ချေ။

ထိန်းပေးထားတဲ့ Bar ပိုင်ရှင်ပေါ်သို့ Yibo တစ်ယောက် အန်ချလိုက်လေပြီ။

"ဝေါ့..ဝေါ့..!"

ဖိနပ်ပေါ် နဲ့ အင်္ကျီပေါ်တွေကို ညစ်ပတ်အောင်လုပ်နေလေသော ထိုကောင်လေးကို XZ စိတ်တိုသွားပေမယ့် တွန်းတော့မလွှတ်ရက်...။
(အင်းးး ကောင်လေးက မူးနေတာကိုး)

XZ လည်း အလိုက်သင့်လေး ထိန်းပေးထားရင်း နောက်ထပ်မညစ်ပတ်အောင်သာ အနောက်ကနေ ဆက်ထိန်းပေးထားမိသည်။

အစွာလေး လန်ကျင်းရီကတော့....,

(*သွားပြီ YB ရာ...
ဘာလို့ အဲ့လူအပေါ်ကိုမှ သွားအန်ရတာလဲ..?
ပြောချင်ရာပြောပြီး ချေနေကာမှကွာ...!
မင်းက သွားအန်တော့ တောင်းပန်ရမလား ကျေးဇူးတင်ရမလား မသိတော့ဘူး ဟူးးး*)

>>><<<

"ဆရာမ ဒီနေ့ ဒေါက်တာရှင်းချန် မလာဘူးလား...?"

မနေ့ကတည်းက 'ဆေးရုံက ဆင်းလို့ရပြီ' လို့ပြောထားပေမယ့် 'တစ်ရက်လောက် ထပ်နေချင်သေးတယ်' ဆိုပြီး မားကို ပူဆာထားတာဟာ ဒေါက်တာရှင်းချန်ကို ကျေးဇူးတင်စကား ပြောဖို့သက်သက်ပါ...။

ဒါပေမယ့် ဒီနေ့တစ်နေကုန်နဲ့ အခုဆိုညဘက်အထိကိုရောက်နေပြီ။ လူနာအခန်းထဲမှာ ကျွန်တော် ထိုင်စောင့်နေပေမယ့် ဒေါက်တာ့ရဲ့အရိပ်အယောင်လေးတောင် မမြင်ရသေးဘူးဗျ...။

ဒါကြောင့် ဝင်လာတဲ့ Neursမလေးကို ကျွန်တော် လှမ်းမေးလိုက်တာ...။

"သြော်... ဒီနေ့က Happy New Year Day လေ..ဒေါက်တာက ဒီလိုနေ့မျိုးဆို အိမ်ပြန်နေကျမို့ ခွင့်ယူသွားတယ်..."

Neursမလေးက ထိုစကားအပါအဝင် 'ဆေးရုံက ဆင်းလို့ရနေပြီ' ဆိုတဲ့အကြောင်းကိုရော တစ်ခါတည်းပြောကာ အခန်းထဲမှ ထွက်သွားလေ၏။

"သြော်.. Happy New Year တောင်ရောက်နေပြီကိုး"

ခပ်တိုးတိုးရေရွတ်လိုက်ရင်း ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကိုလှမ်းကြည့်မိလိုက်တော့ အချိန်ကိုက်... မီးရှူးမီးပန်းသံတွေနဲ့အတူ ကောင်းကင်ကြီးမှာ မီးရောင်စုံတွေ လှပစွာနေရာယူသွားလေ၏။

"အိမ်က လူတွေလည်းနော် 'ဆေးရုံမှာ ခနလောက်နေအုံးမယ်' လို့ ပြောလိုက်တာနဲ့ပဲ ဒီလိုနေ့မျိုးရောက်နေတာကို တစ်ခွန်းမှတောင် ဟ,မသွားကြဘူး စိတ်ဓာတ်ပဲ... ဟွန့်!"

မကျေမလည်လေး ရေရွတ်ပြောဆိုလိုက်ပြီး မီးရောင်စုံတွေနှင့်လှပနေသော ကောင်းကင်ကြီးကိုသာ ပြတင်းပေါက်ကနေတစ်ဆင့် ငေးကြည့်နေမိသည်။

(*အင်းးး ဒီမီးရောင်စုံတွေနဲ့ ကောင်းကင်ကြီးက ဘယ်လောက်ပဲလှနေပါစေ... ဒေါက်တာလေးရဲ့အလှကိုတော့ ဘယ်မှီနိုင်ပါ့မလဲဗျာ...*)

အတွေးလေးနဲ့အတူ နှုတ်ခမ်းထောင့်စွန်းလေးတစ်ဖက်ဟာလဲ လှပစွာကော့တက်သွားလေသည်။

ဒီလိုနဲ့ ကျွန်တော် အိမ်ပြန်ရောက်လာပါပြီ။

ရန်ဖြစ်တဲ့ အကြောင်းစုံသိသွားတော့ ပါးပါး ကလဲ ထုံးစံအတိုင်း ကျွန်တော့်ကိုမကြည်ပါချေ။
မားကတော့ ချော့မော့ပြီး ထမင်းတွေလာပို့ရှာသည်။

အိမ်ထဲမှာပဲ ကျွန်တော် ခြေငြိမ်နေမိသည်။ 

ဘယ်မှလည်း မသွားချင်ဘူး။
ဘာမှလည်း မလုပ်ချင်ဘူး။
တကယ်တော့ ကိုယ့်ကိုယ်ကို ဘာလုပ်လို့ လုပ်ချင်နေမှန်းကို မသိတာ။
ပြီးတော့ ဘာကို စိတ်တိုလို့ စိတ်တိုနေမှန်းလည်း မသိဘူးဗျာ...။
စိတ်ထဲမှာ နေရခက်လိုက်တာ ဆိုတာလေ... ပြောမပြတတ်အောင်ပဲ...။

ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကို မသိဘူး။

(*ရန်မဖြစ်ရလို့များ ဒီလိုဖြစ်နေတာလားပေါ့...*)

ဒီလို အတွေးမျိုး ကျွန်တော် တွေးမိလိုက်တာနဲ့ ခြေညောင်းလက်ဆန့်အိမ်အပြင်ထွက်ဖို့သာ စိတ်ကူးမိတော့သည်။

ပထမဆုံးတွေ့တဲ့ရန်ပွဲ ရွှယ်ရန်ဆိုတဲ့ ငါ့ရဲ့ ရန်ပွဲပဲကွ! ဟားးး ဟားးး ဟားးး

>>><<<

Update _ 2685 words 💞

ကျန်းမာရေးဂရုစိုက်ကြပါနော် ❤

Thanks you all . . .

ဆာရာငဲ.....😘

💞 ချစ်ခင်လေးစားလျှက် 💞

K.Royal White


Dec 1,2020 (Updated Day) 🖤✨





[Zawgyi]




".....! 5..! 4..! 3..! 2..! 1..!"

"Happy New Year!!!"

"Happy Birthday Wang Yibo!!"

ေခါင္မိုးထပ္တစ္ေနရာမွ ေမြးေန႕ပြဲက်င္းပေနေသာ လူငယ္တစ္စုသည္ ၿမိဳ႕လယ္ေခါင္ရွိ ကိန္းဂဏန္းေတြကို ေနာက္ျပန္ေရတြက္ေနေသာ တိုက္ျမင့္ႀကီးအားၾကည့္ကာ ေပ်ာ္ေပ်ာ္ပါးပါး ေအာ္ဟစ္ေနၾကေလသည္။

ဒီေန႕ ကြၽန္ေတာ့္အသက္ 20 ျပည့္ၿပီ။

အရင္ႏွစ္ေတြက ေမြးေန႕ပြဲကို မားနဲ႕အတူ က်င္းပခဲ့ေပမယ့္ မား မရွိေတာ့တဲ့ေနာက္ သူငယ္ခ်င္းေတြနဲ႕ပဲ ျဖတ္သန္းျဖစ္ခဲ့သည္။

ဒီႏွစ္ေတာ့ ေမြးေန႕ပြဲကို ကြၽန္ေတာ့္အိမ္မွာ မလုပ္ေတာ့ပဲ ကြၽန္ေတာ့္သူငယ္ခ်င္း 'လန္က်င္းရီ' ရဲ႕ အႀကံေပးေကာင္းမႈေၾကာင့္ ဖြင့္တာမၾကာေသးတဲ့ နာမည္ႀကီး Bar တစ္ခုရဲ႕ ေခါင္မိုးထပ္မွာ ေမြးေန႕ပြဲက်င္းပေနျခင္းျဖစ္၏။

"Yibo! မင္း ခုနကဘာဆုေတာင္းလိုက္တာလဲ...?"

ထုံးစံအတိုင္း ခပ္စြာစြာႏွင့္စပ္စုတတ္ေသာ လန္က်င္းရီက ရိေပၚကို လွမ္းေမးေလ၏။

ကြၽန္ေတာ္ ဖေယာင္းတိုင္ မမႈတ္ခင္ဆုေတာင္းကိုမ်ား သူတို႔သိသြားရင္ ကြၽန္ေတာ့္ကို ေလွာင္ရယ္ေနမလားေလ...။
အူေၾကာင္ေၾကာင္နိုင္တဲ့ ဆုေတာင္းဆိုၿပီးေတာ့... ဟက္!

"ဆုေတာင္းကို သူမ်ားေျပာျပရင္ မျပည့္ဘူးတဲ့ကြ!"

ကြၽန္ေတာ္လဲ ျပန္ေျပာလိုက္ေရာ က်င္းရီက မခ်ိၿပဳံးေလးၿပဳံးျပကာ စကားလမ္းေၾကာင္းလႊဲသြားေလေတာ့သည္။

"ေအးပါကြာ မင္းကလဲ...
ဒါဆို Happy Birthday Wang Yibo!
Happy New Year!
Cheer!! ေသာက္လိုက္ၾကစို႔!!"

ဝိုင္ခြက္ေလးေတြကို ကိုယ္စီကိုင္ျမႇောက္ကာ တိုက္လိုက္ၾကၿပီး ေမြးေန႕ပြဲကို အရွိန္ျမႇင့္လိုက္ေလသည္။
သူငယ္ခ်င္းေတြကလဲ ကြၽန္ေတာ့္ကို ေမြးေန႕ဆုေတာင္းစကားေတြ ေျပာေပးၾက၏။
သူတို႔အားလုံး စားလိုက္ၾက ေသာက္လိုက္ၾက စကားေတြေျပာလိုက္ၾကႏွင့္ အေတာ္ေလးကို ေပ်ာ္ေနၾကေလသည္။

ဝိုင္ခြက္ေလးကို မေသာက္ပဲ လက္ကေလးနဲ႕ ဟန္ပါပါလွည့္ကာ ေမြးေန႕ပြဲအတြင္းမွ ရိေပၚ ထြက္လာလိုက္သည္။
Bar ရဲ႕ ေခါင္မိုးထပ္မွေနၿပီး ေအာက္ေျခတြင္ရွိေနေသာ ၿမိဳ႕အလွကို မ်က္ေတာင္မခတ္ေငးၾကည့္မိ၏။

ထိုအၾကည့္မ်ားထဲတြင္ ၿမိဳ႕ရဲ႕အလွအပကိုမျမင္နိုင္ပဲ အတိတ္ဆီသို႔သာ အေတြးစတို႔က ကူးလူးေစခဲ့ျပန္သည္။

"Gay... အဲ့ေကာင္ G*y သားတဲ့ကြ.!
အဲ့ေတာ့ သူလဲအေျခာက္ေပါ့ကြာ..
ဟား ဟား ဟား..."

(A/N - Fic အရ,သာဖတ္ေပးေစလိုပါတယ္ဗ်။ Royal ႏွင့္ တစ္ျခား Fan ေတြခ်စ္ေသာ Idol ကို ထိခိုက္ေစလိုျခင္း အလ်ဥ္းမရွိပါ။)

ကြၽန္ေတာ္ မူလတန္းစ,တက္ကတည္းကဒီလိုေျပာတာေတြကိုခံခဲ့ရသည္။
အခု အလယ္တန္းေရာက္ျပန္ေတာ့လဲ အေျပာခံရျပန္ၿပီ။

ဘာလို႔ ဒီလိုေတြေျပာေနၾကတာလဲဆိုတာ
ကြၽန္ေတာ္ တကယ္ကိုနားမလည္ဘူး။

"ငါ့မွာ မားရွိတယ္ကြ!!
ငါ့ ပါးပါးကလဲ G*y မဟုတ္ဘူး!
ငါလဲ G*y မဟုတ္ဘူးကြ!!"

ကြၽန္ေတာ္ စိတ္တိုတိုႏွင့္ လမ္းေဘးက တုတ္တစ္ေခ်ာင္းအား ဆြဲကိုင္ကာ ေဒါသတႀကီးေအာ္ဟစ္လိုက္ေတာ့ ကြၽန္ေတာ့္အေၾကာင္းကိုသိေသာ ထိုသုံးေကာင္မွာ တန္းေနေအာင္ ေျပးေလေတာ့သည္။

(*မင္းတို႔သာ ငေၾကာက္ေတြ*)

ခပ္ခ်ဥ္ခ်ဥ္ တစ္ခ်က္ေတြးလိုက္ၿပီး ေက်ာပိုးအိတ္ႀကိဳးေလးကို ပုခုံးတစ္ဖက္မွာ ေဘးတစ္ေစာင္းလြယ္ကာ ေက်ာင္းသို႔ ခပ္တည္တည္ပဲဆက္ေလွ်ာက္လာခဲ့သည္။

ကြၽန္ေတာ္နဲ႕ တစ္ၿမိဳ႕ထဲေနတဲ့ 'ဝမ္ေခ်ာင္' ဆိုတဲ့ေကာင္က 'သူ႕မိဘေတြေျပာတာၾကားဖူးတယ္ ဘာညာ ဘာညာ' အစခ်ီကာ ကြၽန္ေတာ့္အေၾကာင္းေတြကို ထိုသို႔လိုက္ဖြထားျခင္းသာျဖစ္သည္။

ဝမ္ေခ်ာင္နဲ႕ ခနခနရန္ျဖစ္ရေပမယ့္ ေနာက္ေတာ့ 'မွန္ေနလို႔ နာတယ္' ထင္မွာစိုးလို႔ ရန္သိပ္မျဖစ္ေတာ့...။
ဒါေပမယ့္ သည္းခံနိုင္တဲ့ အတိုင္းအတာေက်ာ္လာရင္ေတာ့ စိတ္ဆက္တတ္တဲ့ ကြၽန္ေတာ္က ရန္ျဖစ္မိေနစၿမဲပင္။

ကြၽန္ေတာ္ ပါးပါးကို မုန္းမိတယ္ဗ်ာ...။
ကြၽန္ေတာ့္ကို ဒီလိုေတြ အေျပာခံရတဲ့ အရင္းအျမစ္က ကြၽန္ေတာ့္ရဲ႕ပါးပါးပဲ...။

ဘာလို႔ ဒီလိုေတြ အေျပာခံေနရလဲဆိုတာ ကြၽန္ေတာ္ တကယ္ကိုနားမလည္နိုင္ေတာ့ဘူး။

ကြၽန္ေတာ့္မွာ 'မား' တစ္ေယာက္လုံးလဲရွိပါရက္နဲ႕ ကြၽန္ေတာ္ဆိုတဲ့ သားတစ္ေယာက္လုံးလည္းရွိပါလ်က္နဲ႕ဗ်ာ...
ဘာလို႔! ဘာလို႔ ဒီလိုေတြ အေျပာခံေနရလဲ ဆိုတာ ကြၽန္ေတာ္ တကယ္မသိေတာ့ဘူး။
သိလဲ မသိခ်င္ဘူး။

ကြၽန္ေတာ့္စိတ္ထဲမွာေတာ့ ရွက္တဲ့စိတ္နဲ႕
ပါးပါးကို စိတ္ဆိုးမိတဲ့စိတ္ပဲရွိတယ္။

က်န္တာေတြ ကြၽန္ေတာ္ မသိဘူး။

ဒါ့ေၾကာင့္ မား မရွိေတာ့ေနာက္ ကြၽန္ေတာ္ တစ္ေယာက္တည္း အိမ္ခြဲေနခဲ့တာ...။

ပါးပါးကေတာ့ အၿမဲၿပဳံးေနနိုင္တဲ့ လူဆိုေတာ့ ကြၽန္ေတာ္ အိမ္ေျပာင္းသြားလဲ သူဘာမွမခံစားရေလာက္ပါဘူး။
ကြၽန့္ေတာ့္ ပါးပါးက Every Time, Everywhere, Happy man ႀကီးေပါ့ဗ်ာ... ဟက္.!

"ရိေပၚ ဘာျဖစ္လို႔လဲ...?
မ်က္ႏွာမေကာင္းသလိုပဲ"

ေဘးနားေရာက္လာၿပီး ေမးလိုက္တဲ့ 'လန္စစ္ေကြၽး' စကားေၾကာင့္ ရိေပၚအေတြးစ,တို႔ကို ႐ုတ္သိမ္းလိုက္ရင္း....,

"ေၾသာ္.. အင္း.. ဘာမွမျဖစ္ပါဘူးကြာ..
မင္းတို႔ သြားေသာက္ၾကေလ...
တစ္ခုခုအဆင္မေျပတာရွိလို႔လား...?"

"မရွိပါဘူးကြာ...
မင္းသာ တစ္ခုခု အဆင္မေျပတာရွိရင္ ငါ့ကိုေျပာလို႔ရတယ္ေနာ္ Yibo..!
ဒါနဲ႕ ဒီည ဒီ Bar မွာပဲ အားလုံးတည္းၾကဖို႔ ငါ အားလုံးကိုေျပာၿပီးသြားၿပီ သိလား...?"

ရိေပၚ ပုခုံးတစ္ဖက္ကို လက္တစ္ဖက္ျဖင့္ ပုတ္ကာ အားေပးသလို ေျပာလိုက္ေတာ့ ေခါင္းတစ္ခ်က္ၿငိမ့္ျပကာ အသိအမွတ္ျပဳ၏။

(*ရိေပၚ သူ႕ပါပါး အေၾကာင္းေတြ ေတြးေနျပန္ၿပီထင္ပါတယ္...*)

ရိေပၚအေၾကာင္းကိုသိစြာ စစ္ေကြၽး'ေတြးမိလိုက္ရင္း သက္ျပင္းတစ္ခ်က္ကိုလဲ အသာခ်လိဳက္မိသည္။

သူတို႔သားအဖႏွစ္ေယာက္ကိုအဆင္ေျပေစခ်င္ေပမယ့္ ကိုယ္ကေဘးလူဆိုေတာ့ အမ်ားႀကီးေျပာလို႔လဲ ေကာင္းတာမွ,မဟုတ္ပဲေလ...။

ၿပီးေတာ့ ဒီလိုေန႕မ်ိဳးမွာ Yibo အိမ္ျပန္ခ်င္မွာ မဟုတ္ဘူး။

ဒီ Bar မွာက Hotel ေရာ ၊ စားေသာက္ဆိုင္ေရာ ၊ ကာရာအိုေကေရာ ၊ Dancing bar ေရာ အစုံတြဲဖြင့္ထားတာေၾကာင့္ ေတာ္ေတာ္ေလးကို အဆင္ေျပသြားရသည္။

ေခါင္မိုးထပ္မွာေတာ့ ၿမိဳ႕အလွကို ခံစားအပန္းေျဖရင္း ပါတီပြဲေတြ ၊ ေမြးေန႕ပြဲေတြကို အထက္တန္းက်က် ရိုးရွင္းလွပစြာက်င္းပလို႔ရတာေၾကာင့္ ပို၍နာမည္ႀကီး၏။

ဖြင့္တာမၾကာေသးတဲ့ ဒီ Bar ပိုင္ရွင္က 'ငယ္ငယ္ေခ်ာေခ်ာေလး'လို႔ ေျပာၾကတာေတြကို စစ္ေကြၽးလဲၾကားဖူးပါသည္။

အခုေမြးေန႕ရွင္ ရိေပၚအပါအဝင္ က်န္တဲ့သူေတြကိုလဲ ေအးေအးေဆးေဆးနားလို႔ရေအာင္ စစ္ေကြၽးအလိုက္တသိ အခန္းေတြႀကိဳတင္မွာေပးထားရသည္။

အရက္မူးၿပီး ကားေမာင္းရင္ ဘယ္သူ႕ကိုမွ စိတ္မခ်ရဘူးေလ...။

>>><<<

က်န္းခ်န္ *King* Bar ကို လာစစ္ေနေတာ့ အလုပ္သမားေတြ တစ္ေယာက္မွ အမွားမလုပ္ရဲၾကေပ...။
Bar ပိုင္ရွင္ Xiao Zhan ကိုဆိုရင္ေတာ့ ေျပာစရာမရွိေအာင္ကို ေၾကာက္ၾကပါသည္။

အလုပ္ကို တိတိက်က်လဳပ္တတ္ၿပီး မထင္ရင္မထင္သလို အလုပ္ထုတ္တတ္တဲ့ သူတို႔တူဝရီးႏွစ္ေယာက္ေၾကာင့္ Bar ကို ထိန္းထားနိုင္ခဲ့ၾက၏။

က်န္းခ်န္ Bar ကို ေရာက္လာၿပီး ခနအၾကာ Dancing floor နားမွာ ႐ုတ္႐ုတ္သဲသဲ အေျခအေနတစ္ခုျဖစ္လာေလသည္။

႐ုတ္႐ုတ္သဲသဲျဖစ္ေနေသာ Dancing floor အနားကို က်န္းခ်န္သြားၾကည့္ေတာ့ အသက္ငယ္ငယ္ ခပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္ အရက္မူးေနၿပီး ဟိုလူ႕ပုခုံးဝင္တိုက္ ဒီလူ႕ပုခုံးဝင္တိုက္နဲ႕ ျပန္လည္းေတာင္းပန္ျခင္း အလ်ဥ္းမရွိစြာ ခပ္တည္တည္ပဲ ဆက္သြားေန၏။

အတိုက္ခံရတဲ့ လူေတြကလဲ အရက္မူးေနၾကေတာ့ ရန္လာစ,တယ္ထင္ၿပီး ထိုအမူးေကာင္ေလးကို လက္သီးနဲ႕ ထိုးမယ္တကားကား ႐ုန္းရင္းဆန္ခတ္ အေျခအေနတစ္ခုျဖစ္လာေလေတာ့သည္။

Bar က ဝန္ထမ္းေတြကလဲ ထို႐ုန္းရင္းဆန္ခတ္ အေျခအေနကို ဝင္ထိန္းေပးၾကၿပီး ထိုအမူးေကာင္ေလးကိုလဲ တြဲေပးထားရေလသည္။

ဒါနဲ႕ မေနသာတဲ့ က်န္းခ်န္ကပဲ ထိုအမူးေကာင္ေလးကို တြဲေပးထားတဲ့ အလုပ္သမားဆီကေန ေျပာင္းတြဲေပးလိုက္ရင္း....,

"ငါလိုက္ပို႔ေပးလိုက္မယ္"

အလုပ္သမားေကာင္ေလးကို တစ္ခြန္းသာ ေျပာလိုက္ၿပီး ထိုအမူးေကာင္ေလးကို ေျပာင္းတြဲကာ ဧည့္သည္အခန္းဆီသို႔ လိုက္ပို႔ေပးရဖို႔ အေၾကာင္းဖန္လာေတာ့သည္။

အဆင္သင့္ရွိေနေသာ ဧည့္သည္အခန္းနားသို႔ေရာက္ခါနီးအခ်ိန္ ၾကားလိုက္ရသည့္အသံခပ္စူးစူးတစ္ခု....,

"ကြၽန္ေတာ့္သူငယ္ခ်င္းကို ဘယ္ေခၚသြားတာလဲ?!"

အမူးေကာင္ေလးကို တြဲထားတဲ့ က်န္းခ်န္ လက္ေတြကို အလ်ဥ္စလိုျဖဳတ္ခ်ကာ ေမးလာတဲ့ ထိုအသံခပ္စူးစူးေကာင္ေလးကို က်န္ခ်န္ျပန္ငဲ့ၾကည့္လိုက္ၿပီး....,

"မင္းသူငယ္ခ်င္းက မူးၿပီးေလွ်ာက္သြားေနလို႔ ငါလိုက္ပို႔တာ မဟုတ္ရင္ ရန္ျဖစ္ေနေလာက္ၿပီ"

ထိုသို႔ေျပာလိုက္မွ လာတြဲတဲ့ခပ္စြာစြာေကာင္ေလးက ဘာမွမေျပာေတာ့ပဲ သူ႕သူငယ္ခ်င္းအမူးေကာင္ေလးကို တစ္ခ်က္ငဲ့ၾကည့္ကာ ေသခ်ာျပန္ျပင္တြဲလိုက္ရင္း လွည့္ထြက္မည္အျပဳ....!

"ဘာျဖစ္ေနၾကတာလဲ...?"

တည္ၿငိမ္လြန္းတဲ့ ခပ္ရွရွအသံတစ္ခုေၾကာင့္ က်န္းခ်န္ အသံလာရာကို လွည့္ၾကည့္လိုက္ရင္း....,

"က်န့္က်န့္ သား Bar ကို မလာဘူးဆို"

"ဟုတ္တယ္ ဒါေပမယ့္ လူေတြအမ်ားႀကီးမို႔ ေလးေလးကို စိတ္မခ်လိဳ႕ လိုက္တာတာ..
ဒါနဲ႕ သူတို႔က ဘယ္သူေတြလဲ ေလးေလး...
ဘာျဖစ္ေနၾကတာလဲ?"

အေရွ႕မွ တစ္ေယာက္ကိုတစ္ေယာက္တြဲၿပီး မသြားၾကေသးပဲ ၾကည့္ေနတဲ့ ေကာင္ေလးႏွစ္ေယာက္ကို တစ္ခ်က္လွမ္းၾကည့္ကာ XZ ေမးလိုက္ျခင္းျဖစ္သည္။

"ကြၽန္ေတာ့္ သူငယ္ခ်င္းကို ခင္ဗ်ားဦးေလးက ေခၚသြားလို႔..! အဲ့တာ ျပန္လာေခၚတာ"

စြာပုံရေသာ ထိုေကာင္ေလးစကားေၾကာင့္ XZ ေလးေလးကို ၾကည့္ၿပီးအကဲခတ္လိုက္၏။

ထိုအျခင္းအရာကို သိေသာ ေလးေလး က...

"အဲ့ေကာင္ေလးမူးၿပီး Bar ထဲမွာ ရန္ျဖစ္ေတာ့မွာမို႔ ေလးေလး ေခၚလာတာ..
Bar ထဲမွာ ႐ုတ္႐ုတ္သဲသဲျဖစ္ေနလို႔..."

က်န္းခ်န္ရွင္းျပလိုက္ေတာ့ ထိုခပ္စြာစြာေကာင္ေလးရဲ႕ အသံစူးစူးက ထြက္လာျပန္သည္။

"ထားလိုက္ပါေတာ့..
ကြၽန္ေတာ့္သူငယ္ခ်င္းက သူ႕ကို ဘယ္သူမွထိတာ ႀကိဳက္တာမဟုတ္ဘူးဗ်...
အခုက မူးေနလို႔ ခင္ဗ်ားေခၚရာပါသြားတာ ဟြန့္!"

ခပ္စြာစြာေကာင္ေလးရဲ႕စကားေၾကာင့္ XZ လည္း မူးေနေသာေကာင္ေလးကို တစ္ခ်က္ငုံ႕ၾကည့္လိုက္ကာ ထိုခပ္စြာစြာေကာင္ေလးကိုေတာ့ တည့္တည့္စိုက္ၾကည့္လိုက္ၿပီး....,

"ဒီမွာ ေကာင္ေလး...
ကိုယ့္ေလးေလးက မင္းသူငယ္ခ်င္းကို ေစတနာနဲ႕ေခၚလာေပးတာ..
ၿပီးေတာ့ ကိုယ္တို႔က ဒီ Bar ပိုင္ရွင္ေတြပါ.. Bar ထဲမွာ ရန္ျဖစ္ေနမွာစိုးလို႔ ဝင္ထိန္းေပးတာပဲရွိတာ.. ၿပီးေတာ့ မင္းတို႔ ဒီမွာတည္းရင္ ေအးေအးေဆးေဆး..."

XZ စကားပင္မဆုံးလိုက္.. မူးေနတဲ့ေကာင္ေလးက ႐ုတ္တရက္ေခါင္းေထာင္လာကာ ပါးစပ္ကို လက္နဲ႕အုပ္ကိုင္လိုက္ရင္း အန္ဖို႔ ေနရာရွာေလေတာ့သည္။

ထို႔ေၾကာင့္ မေနနိုင္တဲ့ XZ ကပဲ 'မနိုင္သလို' ေခါင္းကိုခါရမ္းလိုက္ကာ ထိုကိုယ္ေတာ္ေလးႏွစ္ပါးကို ဝင္ကူညီေပးရေတာ့၏။

"ေကာင္ေလး အမွိုက္ပုံးသြားယူလိုက္
ကိုယ္ ထိန္းထားေပးမယ္"

ေဘးကေနတြဲေပးေနတဲ့ ခပ္စြာစြာေကာင္ေလးကို XZ တစ္ခ်က္လွမ္းေျပာလိုက္ရင္း အမူးေကာင္ေလးကို ဝင္တြဲေပးလိုက္ရသည္။

(*ဟူးးး ဒီကေလးေတြက တကယ့္ျပႆနာေလးေတြပဲ...*)

XZ တစ္ခ်က္ေတြးလိုက္ၿပီး သက္ျပင္းတစ္ခ်ကာ ထိုအမူးေကာင္ေလးကိုသာ ဆက္ထိန္းေပးထားမိသည္။

အခန္းေထာင့္နားမွာ အဆင္သင့္ခ်ထားေသာ အမွိုက္ပုံးအား က်င္းရီ အျမန္ေျပးယူခဲ့ေပမယ့္ အခ်ိန္မမွီေတာ့ေခ်။

ထိန္းေပးထားတဲ့ Bar ပိုင္ရွင္ေပၚသို႔ Yibo တစ္ေယာက္ အန္ခ်လိဳက္ေလၿပီ။

"ေဝါ့..ေဝါ့..!"

ဖိနပ္ေပၚ နဲ႕ အကၤ်ီေပၚေတြကို ညစ္ပတ္ေအာင္လုပ္ေနေလေသာ ထိုေကာင္ေလးကို XZ စိတ္တိုသြားေပမယ့္ တြန္းေတာ့မလႊတ္ရက္...။
(အင္းးး ေကာင္ေလးက မူးေနတာကိုး)

XZ လည္း အလိုက္သင့္ေလး ထိန္းေပးထားရင္း ေနာက္ထပ္မညစ္ပတ္ေအာင္သာ အေနာက္ကေန ဆက္ထိန္းေပးထားမိသည္။

အစြာေလး လန္က်င္းရီကေတာ့....,

(*သြားၿပီ YB ရာ...
ဘာလို႔ အဲ့လူအေပၚကိုမွ သြားအန္ရတာလဲ..?
ေျပာခ်င္ရာေျပာၿပီး ေခ်ေနကာမွကြာ...!
မင္းက သြားအန္ေတာ့ ေတာင္းပန္ရမလား ေက်းဇူးတင္ရမလား မသိေတာ့ဘူး ဟူးးး*)

>>><<<

"ဆရာမ ဒီေန႕ ေဒါက္တာရွင္းခ်န္ မလာဘူးလား...?"

မေန႕ကတည္းက 'ေဆး႐ုံက ဆင္းလို႔ရၿပီ' လို႔ေျပာထားေပမယ့္ 'တစ္ရက္ေလာက္ ထပ္ေနခ်င္ေသးတယ္' ဆိုၿပီး မားကို ပူဆာထားတာဟာ ေဒါက္တာရွင္းခ်န္ကို ေက်းဇူးတင္စကား ေျပာဖို႔သက္သက္ပါ...။

ဒါေပမယ့္ ဒီေန႕တစ္ေနကုန္နဲ႕ အခုဆိုညဘက္အထိကိုေရာက္ေနၿပီ။ လူနာအခန္းထဲမွာ ကြၽန္ေတာ္ ထိုင္ေစာင့္ေနေပမယ့္ ေဒါက္တာ့ရဲ႕အရိပ္အေယာင္ေလးေတာင္ မျမင္ရေသးဘူးဗ်...။

ဒါေၾကာင့္ ဝင္လာတဲ့ Neursမေလးကို ကြၽန္ေတာ္ လွမ္းေမးလိုက္တာ...။

"ေၾသာ္... ဒီေန႕က Happy New Year Day ေလ..ေဒါက္တာက ဒီလိုေန႕မ်ိဳးဆို အိမ္ျပန္ေနက်မိဳ႕ ခြင့္ယူသြားတယ္..."

Neursမေလးက ထိုစကားအပါအဝင္ 'ေဆး႐ုံက ဆင္းလို႔ရေနၿပီ' ဆိုတဲ့အေၾကာင္းကိုေရာ တစ္ခါတည္းေျပာကာ အခန္းထဲမွ ထြက္သြားေလ၏။

"ေၾသာ္.. Happy New Year ေတာင္ေရာက္ေနၿပီကိုး"

ခပ္တိုးတိုးေရ႐ြတ္လိုက္ရင္း ျပတင္းေပါက္ကေနတစ္ဆင့္ အျပင္ဘက္ကိုလွမ္းၾကည့္မိလိုက္ေတာ့ အခ်ိန္ကိုက္... မီးရႉးမီးပန္းသံေတြနဲ႕အတူ ေကာင္းကင္ႀကီးမွာ မီးေရာင္စုံေတြ လွပစြာေနရာယူသြားေလ၏။

"အိမ္က လူေတြလည္းေနာ္ 'ေဆး႐ုံမွာ ခနေလာက္ေနအုံးမယ္' လို႔ ေျပာလိုက္တာနဲ႕ပဲ ဒီလိုေန႕မ်ိဳးေရာက္ေနတာကို တစ္ခြန္းမွေတာင္ ဟ,မသြားၾကဘူး စိတ္ဓာတ္ပဲ... ဟြန့္!"

မေက်မလည္ေလး ေရ႐ြတ္ေျပာဆိုလိုက္ၿပီး မီးေရာင္စုံေတြႏွင့္လွပေနေသာ ေကာင္းကင္ႀကီးကိုသာ ျပတင္းေပါက္ကေနတစ္ဆင့္ ေငးၾကည့္ေနမိသည္။

(*အင္းးး ဒီမီးေရာင္စုံေတြနဲ႕ ေကာင္းကင္ႀကီးက ဘယ္ေလာက္ပဲလွေနပါေစ... ေဒါက္တာေလးရဲ႕အလွကိုေတာ့ ဘယ္မွီနိုင္ပါ့မလဲဗ်ာ...*)

အေတြးေလးနဲ႕အတူ ႏႈတ္ခမ္းေထာင့္စြန္းေလးတစ္ဖက္ဟာလဲ လွပစြာေကာ့တက္သြားေလသည္။

ဒီလိုနဲ႕ ကြၽန္ေတာ္ အိမ္ျပန္ေရာက္လာပါၿပီ။

ရန္ျဖစ္တဲ့ အေၾကာင္းစုံသိသြားေတာ့ ပါးပါး ကလဲ ထုံးစံအတိုင္း ကြၽန္ေတာ့္ကိုမၾကည္ပါေခ်။
မားကေတာ့ ေခ်ာ့ေမာ့ၿပီး ထမင္းေတြလာပို႔ရွာသည္။

အိမ္ထဲမွာပဲ ကြၽန္ေတာ္ ေျခၿငိမ္ေနမိသည္။ 

ဘယ္မွလည္း မသြားခ်င္ဘူး။
ဘာမွလည္း မလုပ္ခ်င္ဘူး။
တကယ္ေတာ့ ကိုယ့္ကိုယ္ကို ဘာလုပ္လို႔ လုပ္ခ်င္ေနမွန္းကို မသိတာ။
ၿပီးေတာ့ ဘာကို စိတ္တိုလို႔ စိတ္တိုေနမွန္းလည္း မသိဘူးဗ်ာ...။
စိတ္ထဲမွာ ေနရခက္လိုက္တာ ဆိုတာေလ... ေျပာမျပတတ္ေအာင္ပဲ...။

ဘာေတြျဖစ္လို႔ ျဖစ္ေနမွန္းကို မသိဘူး။

(*ရန္မျဖစ္ရလို႔မ်ား ဒီလိုျဖစ္ေနတာလားေပါ့...*)

ဒီလို အေတြးမ်ိဳး ကြၽန္ေတာ္ ေတြးမိလိုက္တာနဲ႕ ေျခေညာင္းလက္ဆန့္အိမ္အျပင္ထြက္ဖို႔သာ စိတ္ကူးမိေတာ့သည္။

ပထမဆုံးေတြ႕တဲ့ရန္ပြဲ ႐ႊယ္ရန္ဆိုတဲ့ ငါ့ရဲ႕ ရန္ပြဲပဲကြ! ဟားးး ဟားးး ဟားးး

>>><<<

Update _ 2685 words 💞

က်န္းမာေရးဂ႐ုစိုက္ၾကပါေနာ္ ❤

Thanks you all . . .

ဆာရာငဲ.....😘

💞 ခ်စ္ခင္ေလးစားလွ်က္ 💞

K.Royal White


Dec 1,2020 (Updated Day) 🖤✨



Continue Reading

You'll Also Like

3.7K 343 12
โ”Šเธ™เธฑเธเน€เธฃเธตเธขเธ™เธžเธฅเธฑเธ‡เธเธดเธŸเธ•เนŒ; โmission as a gifted studentโž
676K 33.4K 24
โ†ณ โ [ ILLUSION ] โž โ” yandere hazbin hotel x fem! reader โ” yandere helluva boss x fem! reader โ”• ๐ˆ๐ง ๐ฐ๐ก๐ข๐œ๐ก, a powerful d...
169K 1.8K 3
แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€นแ€€ แ€…แ€…แ€นแ€žแ€ฌแ€ธแ€แ€…แ€นแ€ฑแ€šแ€ฌแ€€แ€น แ€ปแ€•แ€Šแ€นแ€žแ€ฐแ€ฑแ€แ€ผแ€€แ€ญแ€ฏแ€€แ€ฌแ€€แ€ผแ€šแ€นแ€ฑแ€•แ€ธแ€›แ€™แ€ฝแ€ฌ แ€€แ€ผแฝแ€”แ€นแ€ฑแ€แ€ฌแ€ทแ€กแ€œแ€ฏแ€•แ€น แ€กแ€ฒแ€ทแ€’แ€ฎแ€‘แ€ฒแ€™แ€ฝแ€ฌ แ€ฑแ€’แ€ซแ€€แ€นแ€แ€ฌแ€œแ€Šแ€นแ€ธแ€•แ€ซแ€แ€šแ€น แ€„แ€ซแ€œแ€Šแ€นแ€ธ แ€†แ€›แ€ฌแ€แ€”แ€นแ€•แ€ฒแ€ฑแ€œ แ€œแ€ฐแ€”แ€ฌแ€ฑแ€แ€ผแ€€แ€ญแ€ฏ แ€€แ€ฏแ€ฑแ€•แ€ธแ€›แ€™แ€ฝแ€ฌ แ€„แ€ซแ€ทแ€กแ€œแ€ฏแ€•แ€น แ€’แ€ซแ€ฑแ€•แ€™แ€ฒ...
872K 40.5K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...